Premier League Transfer News

12 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းရဲ့ အပြောင်းအရွှေ့မှာ အထိနာခဲ့ပြီလို့ သတင်းတွေ ထွက်လာခဲ့ပြီး ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်သွားတဲ့ RB လိုက်ပ်ဇစ်ကို ဟန်ဂေရီလူငယ်က ရွေးချယ်ခဲ့တယ်လို့ ရေးသားနေကြ။

– ရလဒ်တွေ ဆိုးရွားနေတဲ့ အာဆင်နယ်အသင်းကို ပြန်လည်တည့်မတ်အောင် လုပ်ဆောင်ဖို့ စိတ်အားထက်သန်နေတဲ့ နည်းစနစ် ဒါရိုက်တာ အီဒူးအနေနဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကို ဇန်နဝါရီမှာ တစ်ခါတည်း အသင်းကနေ ထွက်သွားစေချင်နေကြောင်းသိရ။

– အာဆင်နယ်အသင်းရဲ့ နောက်တန်းမှာ အတည်ငြိမ်ဆုံး ခြေစွမ်းပြနေတဲ့ ဘရာဇီးလ်နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်နဲ့ တွဲဖက်ပေးဖို့ မန်ချက်စတာစီးတီးအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ အဲရစ် ဂါစီယာကို နည်းပြ မီခယ်လ် အာတီတာက အလိုရှိနေပြီး လာမယ့် နွေအထိ အလွတ်ပြောင်းနဲ့ စောင့်ဆိုင်းခေါ်ယူဖွယ်ရှိတယ်လို့ဆို။

– သတင်းတွေအရတော့ အာဆင်နယ်အသင်းအနေနဲ့ ဂျာမန်ကလပ် ဘေယာလေဗာကူဆင်အသင်းက တောင်ပံကစားသမား လီယွန် ဘိုင်လီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပေမယ့် အသင်းရဲ့ ဘဏ္ဏာရေးအခြေအနေကို သိနားလည်နေတဲ့ ပရိသတ်တွေကတော့ သိပ်ပြီး စိတ်လှုပ်ရှားမှု မပြသကြဘူးလို့ သိရ။

– အာဆင်နယ်ဆိုတဲ့ နာမည်နဲ့ အမှတ်တံဆိပ်ဟာ ကြီးမားပြီး မာကျောကြံ့ခိုင်တဲ့ အဓိပ္ပါယ်ရှိခဲ့ကြောင်းနဲ့ လက်ရှိမှာ ဒါကို ဖျက်ဆီးပစ်နေတဲ့ ရလဒ်တွေဟာ ကစားသမားတချို့နဲ့ ဖိအားတွေကြောင့် ပုံပျက်နေတဲ့ ကစားသမားတချို့ကြောင့်ဖြစ်ကြောင်း ဂိုးသမားဟောင်း ယန်းလေးမန်းက ထောက်ပြသွားခဲ့ပြီး နည်းပြ အာတီတာကို အပြစ်တင်ဖို့တော့ ရှောင်လွှဲသွားခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကို အသင်းကနေ အမြန်ဆုံးထွက်ခွာစေဖို့ အလိုရှိနေချိန်မှာ မေဂျာလိဂ် ကလပ်တွေကလည်း ချိတ်ဆက်နေတယ်လို့ သိရပြီး ဒီစီယူနိုက်တက်၊ အယ်လ်အေဂလက်ဆီနဲ့ အင်တာမိုင်ယာမီတို့ဖြစ်ကြတယ်လို့ဆို။

– ကွင်းလယ်လူဟောင်းကြီး ဂီလ်ဘာတို ဆေးလ်ဗားအနေနဲ့ အသင်းဟောင်း အာဆင်နယ်ရဲ့ ရလဒ်ကောင်းကို မျှော်လင့်နေပြီး အဆင့် ၁၈ နေရာက ဘန်လေနဲ့ ပွဲမှာ နှစ်ဂိုး-ဂိုးမရှိလောက်နဲ့ အနိုင်ရရှိလိမ့်မယ်လို့ တနင်္ဂနွေနေ့ အိမ်ကွင်းပွဲစဉ်မတိုင်မီ ပြောကြား။

– ဘန်လေနဲ့ပွဲမှာ မာတီနယ်လီကို ပြန်လည်ခေါ်ဆောင်လာနိုင်ခြေအတွက်တော့ နည်းပြ အာတီတာအနေနဲ့ ရေရေရာရာ ပြောကြားခဲ့ခြင်း မရှိဘဲ ဗဟိုနောက်ခံလူတွေ ဒဏ်ရာတွေက သက်လာလာချိန်မှာ ကိုလာစီနက်ချ်နဲ့ ရီးစ် နယ်လ်ဆန်တို့ကတော့ ဆက်လက်လွဲချော်ဖို့ ရှိနေ။

– အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမား နီကိုလာ ပေပေအနေနဲ့ ယူရိုပါလိဂ်ရဲ့ အုပ်စုအဆင့်မှာ အကောင်းဆုံးကစားသမားအဖြစ် အရွေးချယ်ခံခဲ့ရပြီး သုံးဂိုးသွင်း သုံးဂိုးဖန်တီးနိုင်ခဲ့တဲ့ အိုင်ဗရီကို့စ်သားအနေနဲ့ တခြားဂိုးသွင်းဘုရင်တွေကို ကျော်ပြီး ဒီဆုကို ရရှိခဲ့တာဖြစ်ကြောင်းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ကြင္းလယ္လူ ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္းရဲ႕ အေျပာင္းအေ႐ႊ႕မွာ အထိနာခဲ့ၿပီလို႔ သတင္းေတြ ထြက္လာခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္တက္သြားတဲ့ RB လိုက္ပ္ဇစ္ကို ဟန္ေဂရီလူငယ္က ေ႐ြးခ်ယ္ခဲ့တယ္လို႔ ေရးသားေနၾက။

– ရလဒ္ေတြ ဆိုး႐ြားေနတဲ့ အာဆင္နယ္အသင္းကို ျပန္လည္တည့္မတ္ေအာင္ လုပ္ေဆာင္ဖို႔ စိတ္အားထက္သန္ေနတဲ့ နည္းစနစ္ ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ကို ဇန္နဝါရီမွာ တစ္ခါတည္း အသင္းကေန ထြက္သြားေစခ်င္ေနေၾကာင္းသိရ။

– အာဆင္နယ္အသင္းရဲ႕ ေနာက္တန္းမွာ အတည္ၿငိမ္ဆုံး ေျခစြမ္းျပေနတဲ့ ဘရာဇီးလ္ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလိုင္စ္နဲ႔ တြဲဖက္ေပးဖို႔ မန္ခ်က္စတာစီးတီးအသင္းမွာ လက္တြဲခဲ့ဖူးတဲ့ အဲရစ္ ဂါစီယာကို နည္းျပ မီခယ္လ္ အာတီတာက အလိုရွိေနၿပီး လာမယ့္ ေႏြအထိ အလြတ္ေျပာင္းနဲ႔ ေစာင့္ဆိုင္းေခၚယူဖြယ္ရွိတယ္လို႔ဆို။

– သတင္းေတြအရေတာ့ အာဆင္နယ္အသင္းအေနနဲ႔ ဂ်ာမန္ကလပ္ ေဘယာေလဗာကူဆင္အသင္းက ေတာင္ပံကစားသမား လီယြန္ ဘိုင္လီကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ ဆိုေပမယ့္ အသင္းရဲ႕ ဘဏၰာေရးအေျခအေနကို သိနားလည္ေနတဲ့ ပရိသတ္ေတြကေတာ့ သိပ္ၿပီး စိတ္လႈပ္ရွားမႈ မျပသၾကဘူးလို႔ သိရ။

– အာဆင္နယ္ဆိုတဲ့ နာမည္နဲ႔ အမွတ္တံဆိပ္ဟာ ႀကီးမားၿပီး မာေက်ာႀကံ့ခိုင္တဲ့ အဓိပၸါယ္ရွိခဲ့ေၾကာင္းနဲ႔ လက္ရွိမွာ ဒါကို ဖ်က္ဆီးပစ္ေနတဲ့ ရလဒ္ေတြဟာ ကစားသမားတခ်ိဳ႕နဲ႔ ဖိအားေတြေၾကာင့္ ပုံပ်က္ေနတဲ့ ကစားသမားတခ်ိဳ႕ေၾကာင့္ျဖစ္ေၾကာင္း ဂိုးသမားေဟာင္း ယန္းေလးမန္းက ေထာက္ျပသြားခဲ့ၿပီး နည္းျပ အာတီတာကို အျပစ္တင္ဖို႔ေတာ့ ေရွာင္လႊဲသြားခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ကို အသင္းကေန အျမန္ဆုံးထြက္ခြာေစဖို႔ အလိုရွိေနခ်ိန္မွာ ေမဂ်ာလိဂ္ ကလပ္ေတြကလည္း ခ်ိတ္ဆက္ေနတယ္လို႔ သိရၿပီး ဒီစီယူႏိုက္တက္၊ အယ္လ္ေအဂလက္ဆီနဲ႔ အင္တာမိုင္ယာမီတို႔ျဖစ္ၾကတယ္လို႔ဆို။

– ကြင္းလယ္လူေဟာင္းႀကီး ဂီလ္ဘာတို ေဆးလ္ဗားအေနနဲ႔ အသင္းေဟာင္း အာဆင္နယ္ရဲ႕ ရလဒ္ေကာင္းကို ေမွ်ာ္လင့္ေနၿပီး အဆင့္ ၁၈ ေနရာက ဘန္ေလနဲ႔ ပြဲမွာ ႏွစ္ဂိုး-ဂိုးမရွိေလာက္နဲ႔ အႏိုင္ရရွိလိမ့္မယ္လို႔ တနဂၤေႏြေန႔ အိမ္ကြင္းပြဲစဥ္မတိုင္မီ ေျပာၾကား။

– ဘန္ေလနဲ႔ပြဲမွာ မာတီနယ္လီကို ျပန္လည္ေခၚေဆာင္လာႏိုင္ေျခအတြက္ေတာ့ နည္းျပ အာတီတာအေနနဲ႔ ေရေရရာရာ ေျပာၾကားခဲ့ျခင္း မရွိဘဲ ဗဟိုေနာက္ခံလူေတြ ဒဏ္ရာေတြက သက္လာလာခ်ိန္မွာ ကိုလာစီနက္ခ်္နဲ႔ ရီးစ္ နယ္လ္ဆန္တို႔ကေတာ့ ဆက္လက္လြဲေခ်ာ္ဖို႔ ရွိေန။

– အာဆင္နယ္အသင္းရဲ႕ ေတာင္ပံကစားသမား နီကိုလာ ေပေပအေနနဲ႔ ယူ႐ိုပါလိဂ္ရဲ႕ အုပ္စုအဆင့္မွာ အေကာင္းဆုံးကစားသမားအျဖစ္ အေ႐ြးခ်ယ္ခံခဲ့ရၿပီး သုံးဂိုးသြင္း သုံးဂိုးဖန္တီးႏိုင္ခဲ့တဲ့ အိုင္ဗရီကို႔စ္သားအေနနဲ႔ တျခားဂိုးသြင္းဘုရင္ေတြကို ေက်ာ္ၿပီး ဒီဆုကို ရရွိခဲ့တာျဖစ္ေၾကာင္းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.