Premier League Transfer News

11 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ သွင်းဂိုးနည်းပါးနေတဲ့ တိုက်စစ်အတွက် ကွင်းလယ်ကနေ ချိတ်ဆက်ကစားပေးနိုင်စွမ်းရှိတဲ့ လူငယ် အကယ်ဒမီထွက် အီမီးလ် စမစ်ရိုးဟာ အဖြေဖြစ်ဖို့ နည်းပြ မီခယ်လ် အာတီတာ မျှော်လင့်နေ။

– အာတီတာဟာ လာကာဇက်နဲ့ အူဘာမီယန်းတို့ရဲ့ အရည်အသွေးတွေကို အသုံးမချတတ်ဘဲ နည်းပါးတဲ့ ဖန်တီးမှုတွေနဲ့အတူ ဖြုန်းတီးဖြစ်နေတာလို့ မြေက်လန်ဒန် ဒါဘီရှုံးပွဲက အသင်းရဲ့ ကစားပုံကို ဂီလ်ဘာတို ဆေးလ်ဗား ဝေဖန်သွား။

– အာဆင်နယ်အသင်းက အလိုရှိနေခဲ့တဲ့ ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းအနေနဲ့ ဒီရာသီမှာ အသင်းကနေ ထွက်ခွာမှာလား ဆိုတာကို ရက်ပိုင်းအတွင်း ဆုံးဖြတ်သွားဖွယ်ရှိနေပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ကြေငြာဖွယ်ရှိနေ။

– အသင်းအတွက် ယူရိုပါလိဂ် ဒန်းဒေါ့လ်ခ်နဲ့ပွဲစဉ်မှာ လူစားဝင်လာခဲ့ပြီး တစ်ဂိုးဖန်တီးပေးနိုင်ခဲ့သလို တစ်ဂိုးသွင်းယူပေးခဲ့တဲ့ လူငယ် တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားလိုနေပြီး စာချုပ်သစ်ပေးအပ်ဖို့ ကြိုးစားနေတယ်လို့ နည်းပြ အာတီတာဆို။

– နည်းပြ အာတီတာအပေါ် အပြစ်တင်မှုတွေအားလုံးကို နောက်ခံလူ ပါဘလို မာရီက မဖြစ်သင့်ကြောင်း ပြောကြားလိုက်ပြီး မိမိတို့အားလုံးအနေနဲ့ ရလဒ်တွေကို ပြောင်းလဲနိုင်ဖို့အတွက် ၁၀၀ ရာခိုင်နှုန်း အာရုံစူးစိုက်ကြိုးစားနေကြကြောင်းနဲ့ ယုံကြည်မှုပေးပြီး စိတ်ရှည်ဖို့ လိုကြောင်း ပြောကြား။

– လူစားဝင်ရာကနေ နောက်ထပ်ဂိုးသွင်းနိုင်တဲ့ ပွဲတစ်ပွဲကို ရှာဖွေနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဘာလိုဂွန်ဟာ သူ့အတွက် အာဆင်နယ် ကစားသမားဟောင်းတွေဖြစ်ကြတဲ့ အီယန်ရိုက်၊ အန်ဒီ ကိုးလ်တို့နဲ့ ဆင်တူကြောင်းနဲ့ လူကျွံထောင်ချောက်ကို အမြဲချိုးဖျက်ဖို့ အသင့်ရှိနေသူလို့ ချီးကျူး။

– မန်ချက်စတာစီးတီးအသင်းနောက်ခံလူ အဲရစ် ဂါစီယာကို ခေါ်ယူမယ့် သတင်းတွေကို ပရိသတ်တွေက ကန့်ကွက်သွားခဲ့ကြပြီး သူ့ကို ခေါ်ယူမယ့်အစား ဝီလီယမ် ဆာလီဘာကိုပဲ နေရာပေးသင့်ကြောင်း တွစ်တာမှာ ဝေဖန်ရေးသားနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ သြင္းဂိုးနည္းပါးေနတဲ့ တိုက္စစ္အတြက္ ကြင္းလယ္ကေန ခ်ိတ္ဆက္ကစားေပးႏိုင္စြမ္းရွိတဲ့ လူငယ္ အကယ္ဒမီထြက္ အီမီးလ္ စမစ္႐ိုးဟာ အေျဖျဖစ္ဖို႔ နည္းျပ မီခယ္လ္ အာတီတာ ေမွ်ာ္လင့္ေန။

– အာတီတာဟာ လာကာဇက္နဲ႔ အူဘာမီယန္းတို႔ရဲ႕ အရည္အေသြးေတြကို အသုံးမခ်တတ္ဘဲ နည္းပါးတဲ့ ဖန္တီးမႈေတြနဲ႔အတူ ျဖဳန္းတီးျဖစ္ေနတာလို႔ ေျမက္လန္ဒန္ ဒါဘီရႈံးပြဲက အသင္းရဲ႕ ကစားပုံကို ဂီလ္ဘာတို ေဆးလ္ဗား ေဝဖန္သြား။

– အာဆင္နယ္အသင္းက အလိုရွိေနခဲ့တဲ့ ကြင္းလယ္လူ ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္းအေနနဲ႔ ဒီရာသီမွာ အသင္းကေန ထြက္ခြာမွာလား ဆိုတာကို ရက္ပိုင္းအတြင္း ဆုံးျဖတ္သြားဖြယ္ရွိေနၿပီး ဒီဇင္ဘာ ၁၅ ရက္ေန႔ ေနာက္ဆုံးထားၿပီး ေၾကျငာဖြယ္ရွိေန။

– အသင္းအတြက္ ယူ႐ိုပါလိဂ္ ဒန္းေဒါ့လ္ခ္နဲ႔ပြဲစဥ္မွာ လူစားဝင္လာခဲ့ၿပီး တစ္ဂိုးဖန္တီးေပးႏိုင္ခဲ့သလို တစ္ဂိုးသြင္းယူေပးခဲ့တဲ့ လူငယ္ တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္ကို အသင္းမွာ ဆက္လက္ထိန္းသိမ္းထားလိုေနၿပီး စာခ်ဳပ္သစ္ေပးအပ္ဖို႔ ႀကိဳးစားေနတယ္လို႔ နည္းျပ အာတီတာဆို။

– နည္းျပ အာတီတာအေပၚ အျပစ္တင္မႈေတြအားလုံးကို ေနာက္ခံလူ ပါဘလို မာရီက မျဖစ္သင့္ေၾကာင္း ေျပာၾကားလိုက္ၿပီး မိမိတို႔အားလုံးအေနနဲ႔ ရလဒ္ေတြကို ေျပာင္းလဲႏိုင္ဖို႔အတြက္ ၁၀၀ ရာခိုင္ႏႈန္း အာ႐ုံစူးစိုက္ႀကိဳးစားေနၾကေၾကာင္းနဲ႔ ယုံၾကည္မႈေပးၿပီး စိတ္ရွည္ဖို႔ လိုေၾကာင္း ေျပာၾကား။

– လူစားဝင္ရာကေန ေနာက္ထပ္ဂိုးသြင္းႏိုင္တဲ့ ပြဲတစ္ပြဲကို ရွာေဖြႏိုင္ခဲ့တဲ့ တိုက္စစ္မႉး ဘာလိုဂြန္ဟာ သူ႔အတြက္ အာဆင္နယ္ ကစားသမားေဟာင္းေတြျဖစ္ၾကတဲ့ အီယန္႐ိုက္၊ အန္ဒီ ကိုးလ္တို႔နဲ႔ ဆင္တူေၾကာင္းနဲ႔ လူကြၽံေထာင္ေခ်ာက္ကို အၿမဲခ်ိဳးဖ်က္ဖို႔ အသင့္ရွိေနသူလို႔ ခ်ီးက်ဴး။

– မန္ခ်က္စတာစီးတီးအသင္းေနာက္ခံလူ အဲရစ္ ဂါစီယာကို ေခၚယူမယ့္ သတင္းေတြကို ပရိသတ္ေတြက ကန႔္ကြက္သြားခဲ့ၾကၿပီး သူ႔ကို ေခၚယူမယ့္အစား ဝီလီယမ္ ဆာလီဘာကိုပဲ ေနရာေပးသင့္ေၾကာင္း တြစ္တာမွာ ေဝဖန္ေရးသားေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.