Premier League Transfer News

11 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကယ်ဒမီထွက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က သူ့အနေနဲ့ ဒီအသင်းမှာ အမြဲတမ်းရှိနေပြီး တခြားပြောင်းရွှေ့ကစားစရာ အသင်းမျိုးလည်း မရှိဘဲ အိုးလ်ထရက်ဖို့ဒ်မှာသာ ကစားသမားဘဝ ကုန်ဆုံးမှာဖြစ်ကြောင်း ပြောကြား။

– ၂၀၁၇-၁၈ ရာသီက အသင်းအတွက် ခြေစွမ်းပြခဲ့ဖူးပေမယ့် ဒီနောက်ပိုင်း ကစားခွင့်နည်းပါးခဲ့သလို လက်ရှိရာသီမှာတော့ ကာရာဘောင်း ဖလားနှစ်ပွဲသာ ကစားခွင့်ရသေးတဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်အနေနဲ့ အက်စတန်ဗီလာကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေပြီလို့ သတင်းတွေ ဖော်ပြ။

– မန်ချက်စတာယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်က အမှတ်အများဆုံးအသင်းတစ်သင်းအဖြစ် ယူရိုပါလိဂ်ကို ဆင်းခဲ့ရတာကြောင့် ရှုံးထွက် ၃၂ သင်းအဆင့်မှာ ဦးစားပေးသတ်မှတ်ချက် ဆီဒင်ရရှိထားပြီး ယူရိုပါလိဂ် အုပ်စုဒုတိယအသင်းတွေနဲ့ ချန်ပီယံလိဂ်က အားနည်းတဲ့ အုပ်စု တတိယအသင်းတွေနဲ့သာ တွေ့ဆုံနိုင်။

– ယူနိုက်တက်အနေနဲ့ ရှုံးထွက်အဆင့်မှာ တွေ့ဆုံနိုင်တဲ့အသင်းတွေကတော့ ယန်းဘွိုင်းစ်၊ ဆိုးလ်ရှားရဲ့ အသင်းဟောင်း မိုလ်ဒီ၊ ဆလားဗီးယားပရပ်၊ ဘင်ဖီကာ၊ ဂရန်နာဒါ၊ ရီးရဲလ်ဆိုစီဒက်၊ ဘရာဂါ၊ လိုင်လီ၊ မက္ကာဘီ တဲလာဗီ၊ အန့်တဝပ်၊ ဝုလ်ဖ်စ်ဘာဂါ၊ ခရက်စ်နိုဒါ၊ ရက်ဒ်စတား ဘဲလ်ဂရိတ်၊ ရက်ဒ်ဘူး ဆာ့လ်ဇ်ဘတ်၊ ဒိုင်နမိုကိဗ်နဲ့ အိုလံပီယာကော့စ်တို့ ဖြစ်ကြ။

– အမည်မဖော်ပြလိုတဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားတွေဆီက စစ်တမ်းကောက်ယူမှုတွေမှာတော့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကို ဆက်လက်ရှိဖို့ ထောက်ခံကြဆဲဖြစ်ပေမယ့် အသင်းရဲ့ ကစားကွက်ကို မကြာခဏ အပြောင်းအလဲလုပ်နေတာမျိုးကိုတော့ အလိုမရှိကြောင်းသိရ။

– ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ သူတို့ရဲ့နောက်ခံလူ ဒေးဗစ် အလာဘာကို ဆက်လက်ထိန်းသိမ်းဖို့ လက်လျှော့လိုက်တာနဲ့ ဒေါ့မွန်ရဲ့ အာလင်း ဟာလန်းကို ခေါ်ယူဖို့ အစီအစဉ်မရှိသေးဘူးလို့ ဆိုခဲ့တာတွေက ယူနိုက်တက်အတွက်တော့ နားဝင်ချိုစရာ သတင်းကောင်းတွေ ဖြစ်နေပြီး နှစ်ဦးစလုံးအတွက် ကြိုးစားသွားနိုင်ခြေရှိလာ။

– ဂျေဒန် ဆန်ချိုကို ခေါ်ယူနိုင်ခြင်းမရှိတဲ့ ယူနိုက်တက်တို့အနေနဲ့ အက်စတန်ဗီလာရဲ့ ဂျက်ခ် ဂရီးလစ်ရှ်ကို နောက်တစ်ကြိမ် ချဉ်းကပ်ပြီး ကြိုးစားသွားဖို့ ဆန္ဒရှိနေသလို အသင်းရဲ့ အင်္ဂလန်ကစားသမား ဂျက်ဆီ လင်ဂတ်ကိုလည်း အသုံးချသွားဖွယ်ရှိနေ။

– အသင်းရဲ့ နောက်ခံလူဟောင်း ဝက်စ် ဘရောင်းက မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီရာသီမှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းရဲ့ အထက်မှာ ရပ်တည်နိုင်လိမ့်မယ်လို့ ဒါဘီပွဲမတိုင်ခင် ခန့်မှန်းလိုက်ပြီး ပရီးမီးယားလိဂ်ကိုပါ ရယူနိုင်လိမ့်မယ်လို့ ခန့်မှန်းသွား။

– ဘရူနို ဖာနန်ဒက်စ်ကို ဆုံးရှုံးရဖို့ဆိုတဲ့ သူနဲ့ ယူနိုက်တက်ပရိသတ်တွေအတွက် အိပ်မက်ဆိုးတစ်ခုပဲဖြစ်မယ်လို့ ဝက်စ် ဘရောင်းက ပြောကြားလိုက်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ ရန်ကနေ ကာကွယ်ဖို့ အမြန်ဆုံး စာချုပ်သစ်ချုပ်ဆိုဖို့ တိုက်တွန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အကယ္ဒမီထြက္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္က သူ႔အေနနဲ႔ ဒီအသင္းမွာ အၿမဲတမ္းရွိေနၿပီး တျခားေျပာင္းေ႐ႊ႕ကစားစရာ အသင္းမ်ိဳးလည္း မရွိဘဲ အိုးလ္ထရက္ဖို႔ဒ္မွာသာ ကစားသမားဘဝ ကုန္ဆုံးမွာျဖစ္ေၾကာင္း ေျပာၾကား။

– ၂၀၁၇-၁၈ ရာသီက အသင္းအတြက္ ေျခစြမ္းျပခဲ့ဖူးေပမယ့္ ဒီေနာက္ပိုင္း ကစားခြင့္နည္းပါးခဲ့သလို လက္ရွိရာသီမွာေတာ့ ကာရာေဘာင္း ဖလားႏွစ္ပြဲသာ ကစားခြင့္ရေသးတဲ့ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္အေနနဲ႔ အက္စတန္ဗီလာကို ေျပာင္းေ႐ႊ႕ဖို႔ ခ်ိတ္ဆက္ေနၿပီလို႔ သတင္းေတြ ေဖာ္ျပ။

– မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ခ်န္ပီယံလိဂ္က အမွတ္အမ်ားဆုံးအသင္းတစ္သင္းအျဖစ္ ယူ႐ိုပါလိဂ္ကို ဆင္းခဲ့ရတာေၾကာင့္ ရႈံးထြက္ ၃၂ သင္းအဆင့္မွာ ဦးစားေပးသတ္မွတ္ခ်က္ ဆီဒင္ရရွိထားၿပီး ယူ႐ိုပါလိဂ္ အုပ္စုဒုတိယအသင္းေတြနဲ႔ ခ်န္ပီယံလိဂ္က အားနည္းတဲ့ အုပ္စု တတိယအသင္းေတြနဲ႔သာ ေတြ႕ဆုံႏိုင္။

– ယူႏိုက္တက္အေနနဲ႔ ရႈံးထြက္အဆင့္မွာ ေတြ႕ဆုံႏိုင္တဲ့အသင္းေတြကေတာ့ ယန္းဘြိဳင္းစ္၊ ဆိုးလ္ရွားရဲ႕ အသင္းေဟာင္း မိုလ္ဒီ၊ ဆလားဗီးယားပရပ္၊ ဘင္ဖီကာ၊ ဂရန္နာဒါ၊ ရီးရဲလ္ဆိုစီဒက္၊ ဘရာဂါ၊ လိုင္လီ၊ မကၠာဘီ တဲလာဗီ၊ အန႔္တဝပ္၊ ဝုလ္ဖ္စ္ဘာဂါ၊ ခရက္စ္ႏိုဒါ၊ ရက္ဒ္စတား ဘဲလ္ဂရိတ္၊ ရက္ဒ္ဘူး ဆာ့လ္ဇ္ဘတ္၊ ဒိုင္နမိုကိဗ္နဲ႔ အိုလံပီယာေကာ့စ္တို႔ ျဖစ္ၾက။

– အမည္မေဖာ္ျပလိုတဲ့ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြဆီက စစ္တမ္းေကာက္ယူမႈေတြမွာေတာ့ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားကို ဆက္လက္ရွိဖို႔ ေထာက္ခံၾကဆဲျဖစ္ေပမယ့္ အသင္းရဲ႕ ကစားကြက္ကို မၾကာခဏ အေျပာင္းအလဲလုပ္ေနတာမ်ိဳးကိုေတာ့ အလိုမရွိေၾကာင္းသိရ။

– ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ သူတို႔ရဲ႕ေနာက္ခံလူ ေဒးဗစ္ အလာဘာကို ဆက္လက္ထိန္းသိမ္းဖို႔ လက္ေလွ်ာ့လိုက္တာနဲ႔ ေဒါ့မြန္ရဲ႕ အာလင္း ဟာလန္းကို ေခၚယူဖို႔ အစီအစဥ္မရွိေသးဘူးလို႔ ဆိုခဲ့တာေတြက ယူႏိုက္တက္အတြက္ေတာ့ နားဝင္ခ်ိဳစရာ သတင္းေကာင္းေတြ ျဖစ္ေနၿပီး ႏွစ္ဦးစလုံးအတြက္ ႀကိဳးစားသြားႏိုင္ေျခရွိလာ။

– ေဂ်ဒန္ ဆန္ခ်ိဳကို ေခၚယူႏိုင္ျခင္းမရွိတဲ့ ယူႏိုက္တက္တို႔အေနနဲ႔ အက္စတန္ဗီလာရဲ႕ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ေနာက္တစ္ႀကိမ္ ခ်ဥ္းကပ္ၿပီး ႀကိဳးစားသြားဖို႔ ဆႏၵရွိေနသလို အသင္းရဲ႕ အဂၤလန္ကစားသမား ဂ်က္ဆီ လင္ဂတ္ကိုလည္း အသုံးခ်သြားဖြယ္ရွိေန။

– အသင္းရဲ႕ ေနာက္ခံလူေဟာင္း ဝက္စ္ ဘေရာင္းက မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဒီရာသီမွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းရဲ႕ အထက္မွာ ရပ္တည္ႏိုင္လိမ့္မယ္လို႔ ဒါဘီပြဲမတိုင္ခင္ ခန႔္မွန္းလိုက္ၿပီး ပရီးမီးယားလိဂ္ကိုပါ ရယူႏိုင္လိမ့္မယ္လို႔ ခန႔္မွန္းသြား။

– ဘ႐ူႏို ဖာနန္ဒက္စ္ကို ဆုံးရႈံးရဖို႔ဆိုတဲ့ သူနဲ႔ ယူႏိုက္တက္ပရိသတ္ေတြအတြက္ အိပ္မက္ဆိုးတစ္ခုပဲျဖစ္မယ္လို႔ ဝက္စ္ ဘေရာင္းက ေျပာၾကားလိုက္ၿပီး ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ရဲ႕ ရန္ကေန ကာကြယ္ဖို႔ အျမန္ဆုံး စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ တိုက္တြန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.