Premier League

ဒန်းဒေါ့လ်ခ် ၂-၄ အာဆင်နယ်ပွဲအပြီး မှတ်မှတ်ရရပြောစရာအချက် ၇ ချက်

တသင်းတည်းသော ယူရိုပါလိဂ် ရှုံးပွဲမရှိအသင်း အာဆင်နယ်
ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးနေတဲ့ လန်ဒန်ကလပ်ကတော့ ယူရိုပါလိဂ်မှာ ၆ပွဲကစား ၆ပွဲနိုင်ပြီး ၁၈ မှတ်ရရှိခဲ့ပြီး ရာနှုန်းပြည့်အနိုင်နဲ့ နောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပါပြီ။ ဒါ့အပြင် အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်အုပ်စုအဆင့်မှာ လုံးဝရှုံးပွဲ တပွဲမှ မရှိသော တသင်းတည်းသော အသင်းဖြစ်ပါတယ်။

ညံ့မြဲညံ့ဆဲ ပေပေ
အာဆင်နယ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ပေပေ တစ်ယောက် ပရီးမီးယားလိဂ်မှာ ခြေစွမ်းကောင်း ကောင်း မပြနိုင်လို့ ဝေဖန်မှုတွေဖိအားတွေအောက်ရောက်နေခဲ့သလို ယူရိုပါလိဂ်မှာ ခြေစွမ်းပြဖို့ နည်းပြအာတီတာက အခွင့်အရေးပေးခဲ့ပေမယ့်လည်း ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရပြန်ပါတယ်။ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ အနီကတ်ပြသခံခဲ့ရလို့ ပရီးမီးယားလိဂ်မှာ ပွဲပယ်ခံထားရတဲ့ ပေပေဟာ ရွိုင်ယယယ်အန့်အသင်းနဲ့ယူရိုပါလိဂ်ပွဲမှာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့ပေမယ့်လည်း ခြေစွမ်းပြကစားဖို့ကိုရုန်းကန်နေခဲ့ရတာကြောင့် သူ့အတွက်စံချိန်တင်ပြောင်းရွှေ့ကြေးပေးရတာဟာ မထိုက်တန်ဘူးဆိုတဲ့ ဝေဖန်သံတွေ ဆက်လက် ညံစေခဲ့ပါတယ်။

ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ် ရလဒ်ကွာခြားနေလား
ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ အသင်းနဲ့ ယူရိုပါလိဂ်မှာ ခြေစွမ်းပြနေတဲ့အသင်း အာဆင်နယ် ၂ သင်းလို့တောင် ထင်မှားစရာပါ။ ယူရိုပါလိဂ်က ရလဒ်ကောင်းရရှိပြီး လူငယ်တွေခြေစွမ်းပြသလို ပရီးမီးယားလိဂ်မှာ ရလဒ်တွေကောင်းဖို့ အာဆင်နယ်တို့ကြိုးစားရပါတော့မယ်။

အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ နကီးတီးယား
အာဆင်နယ်အသင်းမှာ တိုက်စစ်မှူးတွေရုန်းကန်နေရတဲ့အချိန် ယူရိုပါလိဂ်မှာ ခြေစွာနေတဲ့ အသက် ၂၁ နှစ်အရွယ် လူငယ်တိုက်စစ်မှူး နကီးတီးယားကတော့ နောက်ထပ်ဂိုးရခဲ့ပါတယ်။ အဆိုပါဂိုးဟာ သူ့အတွက် ဒီရာသီ ၅ ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး၊ ယူရိုပါလိဂ်မှာ ၃ ဂိုး၊ ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်ဖလားမှာ တစ်ဂိုးစီသွင်းယူထားတာပါ။ လူငယ်ကစားသမားလေး နကီးတီးယားရဲ့ ဒီရာသီသွင်းဂိုးအရေအတွက်ဟာ အသင်းရဲ့တိုက်စစ်မှူးတွေဖြစ်ကြတဲ့ အော်ဘာမီးယန်း၊ လာကာဇတ် နဲ့ ပေပေတို့ထက်တောင် များနေပါပြီ။

ပထမဆုံး ပွဲထွက်နဲ့အတူ ချန်ဘာစ်ပြန်လာပြီ
ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ နောက်ခံလူ ချန်ဘာစ် ကတော့ ၃၄၇ ရက်အကြာမှာ အသင်းကြီးနဲ့အတူ ပထမဆုံးပြန်လည်ပွဲထွက်ခွ​င့်ရရှိခဲ့ပါတယ်။ နောက်တန်း ၃ ယောက်တန်းခံစစ်မှာ အကောင်းဆုံးကစားသွားနိုင်တဲ့ ချနိဘာစ်တစ်ယောက် အရင်လိုခြေစွမ်းပြန်ရပြီလားဆိုတာစောင့်ကြည့်ရပါမယ်။

လှလှပပဂိုးသွင်းပြတဲ့ ကိုဗစ်ပြန် အယ်လ်နီနီ
ကိုဗစ်ကူးစက်ခံရတာကြောင့် အနားယူခဲ့ရတဲ့ အီဂျစ်သားကြီး မိုဟာမက် အယ်လ်နီနီကတော့ အာဆင်နယ်အသင်းအတွက် ဒုတိယဂိုးဖြစ်စေမယ့်ဂိုးကို ၁၈ မိနစ်မှာ ဧရိယာအစပ်ကနေ လှလှပပ ကန်သွင်းယူခဲ့ပါတယ်။

စမစ်ရိုးရဲ့ အစွမ်းပြ ဖျော်ဖြေမှု
ဒန်းဒေါ့လ်ဖ်အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲမှာ အာဆင်နယ်အသင်းရဲ့ လူငယ် ကွင်းလယ်လူ စမစ်ရိုးတစ်ယောက် ခြေစွမ်းထူးရှယ်ပြသနိုင်ပြီး အာဆင်နယ်ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။ ဒန်းဒေါ့လ်ဖ်အသင်းနောက်တန်းတွေအတွက်တော့ ငရဲခန်းညတညကို ဖြတ်သန်းခဲ့ရပါတယ်။ စမစ်ရိုးရဲ့ ကွင်းလယ်မှ တိုက်စစ်ဗျူဟာခင်းမှုတွေကို လိုက်လံဖျက်ထုတ်ရင်း ဒန်းဒေါ့လ်ဖ် ကစားသမား ၃ယောက်တိတိ အဝါကဒ်ပြားတွေ ရရှိသွားစေပါတယ်။

REF: INTERNET SOURCE
PHOTO CREDIT TO OWNERS
SPORT A2Z