Premier League

စပါးနဲ့ ရှုံးပွဲအတွက် ပါတေးကို အမျက်ချောင်းချောင်းထွက်နေတဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ ပြီးခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဥ်မှာ စပါးအသင်းကို နှစ်ဂိုးပြတ်နဲ့ အရေးနိမ်ခဲ့ရတဲ့ ရလဒ်အတွက် အသင်းရဲ့ ကွင်းလယ်ခံစစ်မှူး သောမတ်စ် ပါတေးကို အမျက်ချောင်းချောင်းထွက်ပြီး အသင်းရဲ့ ဒုတိယပေးဂိုးကို မတားဆီးနိုင်ခဲ့တဲ့ ပါတေးကို ရှုံးပွဲရဲ့ တရားခံအနေနဲ့ ရှုမြင်နေ​ကြောင်း သိရပါတယ်။

ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ရဲ့ တွဲလုံးကနေတဆင့် ဦးဆောင်ဂိုးပေးလိုက်ရတာကို စိတ်ပျက်နေတဲ့ အာတီတာဟာ သူတို့အတွဲရဲ့ ဒုတိယသွင်းဂိုးကို ခွင့်ပြုလိုက်ရတဲ့ဖြစ်ရပ်မှာ ထပ်မံစိတ်ပျက်စရာဖြစ်ခဲ့ပြီး အသင်းရဲ့ညာခြမ်း နေရာလွတ်အကျယ်ကြီး လစ်ဟာနေခဲ့တဲ့အတွက် ပါတေးကို အပြစ်ပုံချသွားတာ ဖြစ်ပါတယ်။

ပါတေးဟာ ပထမပိုင်းပြီးခါနီးမှာ ဒဏ်ရာ​ကြောင့် ခြေထောက် ထော့နဲ့ထော့နဲ့နဲ့ ကွင်းဘေးစည်းအပြင်ကို ထွက်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဒီအဖြစ်နဲ့ တပြိုင်တည်းမှာ စပါးရဲ့ တန်ပြန်တိုက်စစ်ကို ဝင်ရောက် တားဆီးဖို့ ပျက်ကွက်ခဲ့ကာ မတ်တပ်ရပ်ကြည့်နေခဲ့တာကို တွေ့ခဲ့ရပါတယ်။

” သောမတ်စ်က ဒဏ်ရာရပြီး ထော့နဲ့ထော့နဲ့ ဖြစ်နေပြီ။ သူကွင်းဘေးစည်းကို ထွက်ဖို့ ကြိုးစားနေခဲ့တယ်။ အသင်းက တိုက်စစ်အဆင်ခံနေရတဲ့ အရေးတကြီးအချိန်မှာ သူ အဲ့လိုလုပ်လိုက်တော့ ကွင်းထဲမှာ တဦးနစ်နာသွားပါတယ်။ ဒဏ်ရာအရမ်းနာနေရင် မြက်ခင်းပေါ်ကို သူလှဲလိုက်ချခဲ့သင့်ပါတယ်။ ဒီလို သေရေးရှင်ရေးအခြေအနေမျိုးမှာ ကိုယ့်အသင်း ဂိုးမပေးရဖို့ လုပ်နိုင်သမျှ အစွမ်းကုန်လုပ်ရမှာပါ။ ”

” သူ့ကို ကျွန်တော် ကွင်းထဲ ပြန်တွန်းထည့်လိုက်ပါတယ်။ သူက ကွင်းတွင်းအ​ခြေအနေကို တွက်ဆမိထားပုံ မပေါ်ပါဘူး။ ဒဏ်ရာ အရမ်းနာနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဖြစ်အပျက်က တော်တော်လေး မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားခဲ့တာပါ။ စပါးက ဘောလုံးသယ်လာပြီး ကျွန်တော်တို့ လေးယောက်-သုံးယောက် ရင်ဆိုင်ရမယ့် အချိန်မှာ ပါတေးက သူရှိသင့်တဲ့ ညာခြမ်းမှာ ရှိနေရမှာပါ။ အဲ့ဒီနေရာကို သူလွှတ်ထားခဲ့ပါတယ်။ ” လို့ အာတီတာက NBC SPORTS ကို ပြောကြားခဲ့ပြီး ပါတေးရဲ့ အပြုအမူ၊ သူ့ရဲ့ လက်လွတ်စပယ်လုပ်ရပ် နဲ့ပတ်သက်ပြီး ဒေါသတကြီးပေါက်ကွဲသွားခဲ့ပါတယ်။

REF: NBC SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္နည္းျပ အာတီတာဟာ ၿပီးခဲ့တဲ့ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မွာ စပါးအသင္းကို ႏွစ္ဂိုးျပတ္နဲ႕ အေရးနိမ္ခဲ့ရတဲ့ ရလဒ္အတြက္ အသင္းရဲ႕ ကြင္းလယ္ခံစစ္မႉး ေသာမတ္စ္ ပါေတးကို အမ်က္ေခ်ာင္းေခ်ာင္းထြက္ၿပီး အသင္းရဲ႕ ဒုတိယေပးဂိုးကို မတားဆီးနိုင္ခဲ့တဲ့ ပါေတးကို ရႈံးပြဲရဲ႕ တရားခံအေနနဲ႕ ရႈျမင္ေန​ေၾကာင္း သိရပါတယ္။

ဟာရီကိန္းနဲ႕ ဆြန္ေဟာင္မင္တို႔ရဲ႕ တြဲလုံးကေနတဆင့္ ဦးေဆာင္ဂိုးေပးလိုက္ရတာကို စိတ္ပ်က္ေနတဲ့ အာတီတာဟာ သူတို႔အတြဲရဲ႕ ဒုတိယသြင္းဂိုးကို ခြင့္ျပဳလိုက္ရတဲ့ျဖစ္ရပ္မွာ ထပ္မံစိတ္ပ်က္စရာျဖစ္ခဲ့ၿပီး အသင္းရဲ႕ညာျခမ္း ေနရာလြတ္အက်ယ္ႀကီး လစ္ဟာေနခဲ့တဲ့အတြက္ ပါေတးကို အျပစ္ပုံခ်သြားတာ ျဖစ္ပါတယ္။

ပါေတးဟာ ပထမပိုင္းၿပီးခါနီးမွာ ဒဏ္ရာ​ေၾကာင့္ ေျခေထာက္ ေထာ့နဲ႕ေထာ့နဲ႕နဲ႕ ကြင္းေဘးစည္းအျပင္ကို ထြက္ဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး ဒီအျဖစ္နဲ႕ တၿပိဳင္တည္းမွာ စပါးရဲ႕ တန္ျပန္တိုက္စစ္ကို ဝင္ေရာက္ တားဆီးဖို႔ ပ်က္ကြက္ခဲ့ကာ မတ္တပ္ရပ္ၾကည့္ေနခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

” ေသာမတ္စ္က ဒဏ္ရာရၿပီး ေထာ့နဲ႕ေထာ့နဲ႕ ျဖစ္ေနၿပီ။ သူကြင္းေဘးစည္းကို ထြက္ဖို႔ ႀကိဳးစားေနခဲ့တယ္။ အသင္းက တိုက္စစ္အဆင္ခံေနရတဲ့ အေရးတႀကီးအခ်ိန္မွာ သူ အဲ့လိုလုပ္လိုက္ေတာ့ ကြင္းထဲမွာ တဦးနစ္နာသြားပါတယ္။ ဒဏ္ရာအရမ္းနာေနရင္ ျမက္ခင္းေပၚကို သူလွဲလိုက္ခ်ခဲ့သင့္ပါတယ္။ ဒီလို ေသေရးရွင္ေရးအေျခအေနမ်ိဳးမွာ ကိုယ့္အသင္း ဂိုးမေပးရဖို႔ လုပ္နိုင္သမွ် အစြမ္းကုန္လုပ္ရမွာပါ။ ”

” သူ႕ကို ကြၽန္ေတာ္ ကြင္းထဲ ျပန္တြန္းထည့္လိုက္ပါတယ္။ သူက ကြင္းတြင္းအ​ေျခအေနကို တြက္ဆမိထားပုံ မေပၚပါဘူး။ ဒဏ္ရာ အရမ္းနာေနတာေၾကာင့္လည္း ျဖစ္နိုင္ပါတယ္။ အျဖစ္အပ်က္က ေတာ္ေတာ္ေလး ျမန္ျမန္ဆန္ဆန္ ျဖစ္ပ်က္သြားခဲ့တာပါ။ စပါးက ေဘာလုံးသယ္လာၿပီး ကြၽန္ေတာ္တို႔ ေလးေယာက္-သုံးေယာက္ ရင္ဆိုင္ရမယ့္ အခ်ိန္မွာ ပါေတးက သူရွိသင့္တဲ့ ညာျခမ္းမွာ ရွိေနရမွာပါ။ အဲ့ဒီေနရာကို သူလႊတ္ထားခဲ့ပါတယ္။ ” လို႔ အာတီတာက NBC SPORTS ကို ေျပာၾကားခဲ့ၿပီး ပါေတးရဲ႕ အျပဳအမူ၊ သူ႕ရဲ႕ လက္လြတ္စပယ္လုပ္ရပ္ နဲ႕ပတ္သက္ၿပီး ေဒါသတႀကီးေပါက္ကြဲသြားခဲ့ပါတယ္။

REF: NBC SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.