Premier League

9 Dec ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

RB လိုက်ပ်ဇစ်ကို ရှုံးပြီးချန်ပီယံလိဂ်ကနေ ပြုတ်သွားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အရှက်ရစရာ ဖြစ်စဥ်အပြီးမှာ ဂျေမီ ကာရေဂါက ဂယ်ရီနဗီးလ်ကို တွစ်တာစာမျက်နှာထက်မှာ ပေါ်တင် လှောင်ပြောင်သရော်သွားခဲ့။

ရာသီ​ကြိုမှာ ခံစားခဲ့ရတဲ့ ဒူးဒဏ်ရာကြောင့် လီဗာပူးလ်အတွက် လက်ရှိတရာသီလုံး လွဲချော်ထားခဲ့တဲ့ ချိမ်ဘာလိန်ဟာ မစ်ဂျီလန်းနဲ့ပွဲကြိုမှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းအပြည့် ပြန်ဆင်းနိုင်ခဲ့ပြီး ပွဲထွက်ကစားဖို့ မျှော်လင့်ချက် ရှိလာပေမယ့် ဂိုးသမား အယ်လစ်ဆန် ဘက်ခါကိုတော့ ဒဏ်ရာအကင်းသေဖို့ အနားပေးထားဦးမှာဖြစ်ပြီး ဖူလ်ဟမ်နဲ့ပွဲစဥ်မှာ ပါဝင်နိုင်ဖွယ်ရှိနေ။

အဓိကဂိုးသမား အယ်လစ်ဆန်​​ရဲ့ နေရာမှာ ဝင်ကစားပြီး လီဗာပူးလ်အသင်းနဲ့အတူ နှစ်ပွဲဆက် Clean Sheet ရခဲ့တဲ့ အိုင်းရှစ်ရှ် လူငယ်ဂိုးသမား ကယ်လေဟာကို ယူနိက်တက်အသင်းက စမ်းသပ်လေ့ကျင့်ဖို့ ဖိတ်ခေါ်ခဲ့ဖူးပေမယ့် ငြင်းပယ်ခဲ့ပြီး သူက လီဗာပူးလ်အသင်းကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်တယ်လို့ သိရကာ နည်းပြကလော့ပ်ရဲ့ ယုံကြည်အထင်ကြီးခြင်းခံထားရတဲ့ သူ့ရဲ့လက်စွမ်းကို မစ်ဂျီလန်းနဲ့ပွဲမှာ ဆက်လက်မြင်တွေ့ရဦးမှာဖြစ်။

ဝုဗ်နဲ့ပွဲမှာ လျှပ်စီးလိုမြန်တဲ့ အက်ဒမာ ထရာအိုရေးကို ကစားခွင့်မသာအောင် တဦးချင်း ထိန်းချုပ်ပြခဲ့တဲ့ ဖာဘင်ညိုရဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်ကို အလန်ရှီးယားရှားက အထူးတလည် မီးမောင်းထိုး ချီးကျူးသွားခဲ့ပြီး ခံစစ်တန်းမှာ အသင်းရဲ့ ကျောက်ဆောင်အဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရ။

အန်ဖီးလ်မြေကို ပေါင် ၇၂ သန်းနဲ့ ရောက်ရှိလာဖို့ ဒီရက်ပိုင်းအတွင်းမှာ သတင်းတွေကြီးနေတဲ့ ယူဗင်တပ်စ်တိုက်စစ်မှူး ပေါ်လို ဒီဘာလားကို လီဗာပူးလ် တိုက်စစ်ကြောင်းရဲ့ FALSE 9 နေရာမှာ ကလော့ပ်ရဲ့ နည်းဗျူဟာအတွက် အံအဝင်ဆုံးဖြစ်မယ်လို့ ပရိသတ်တွေရဲ့ သုံးသပ်မှုတွေရှိနေသလို အရန်ခုံမှာသာ ထိုင်နေရရင် သူ ကျေနပ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ ဝိဝါဒကွဲပြားမှုတွေ ရှိနေ။

ကလပ်အသင်းတွေကို လေးစားမှုမရှိဘဲ မီးမွှေးတတ်လွန်းတဲ့ အေးဂျင့် ရိုင်အိုလာနဲ့ လက်တွဲထားတဲ့ ဒေါ့မန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ စီစဥ်နေတဲ့ လီဗာပူးလ်အနေနဲ့ လက်ရှိမှာ ရိုင်အိုလာရဲ့ မွှေနှောက်သွေးခွဲခြင်းကို ခံနေရတဲ့ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာလို အဖြစ်မျိုးနဲ့ မကြုံရအောင် သတိကြီးကြီးထားကိုင်တွယ်ဖို့ လိုအပ်တယ်လို့ သတိပေးခံထားရ။

မိမိအသင်းရဲ့ အနိုင်ရလိုစိတ်နဲ့ အောင်ပွဲဆာလောင်စိတ်ကို အထူးတလည် မအံ့သြမိကြောင်း ကလော့ပ်က မစ်ဂျီလန်းနဲ့ပွဲကြိုမှာ ပြောကြားခဲ့ပြီး ဘောလုံးတပွဲကို အနိုင်ယူဖို့ နည်းလမ်းပေါင်း ၅ သန်းမကတဲ့အထဲက မိမိတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ အကောင်းမွန်ဆုံး ကစားပြနေတာဖြစ်ကြောင်း ထုတ်ဖော်ခဲ့။

လူအင်အားအရ တောင့်တင်းသာလွန်နေတဲ့ ချယ်လ်ဆီးအသင်းကသာ ပရီးမီယားလိဂ်ချန်ပီယံဖြစ်ဖို့ အလားအလာပိုကောင်းနေတယ်ဆိုတဲ့ လီဗာပူးလ်နည်းပြ ကလော့ပ်ရဲ့ မှတ်ချက်ကို ချယ်လ်ဆီးနည်းပြလမ်းပတ်က မိမိတို့အသင်းအနေနဲ့လီဗာပူးလ်နဲ့ မန်စီးတီးတို့လို အချိန်ယူတည်ဆောက်ထားတဲ့ အခြေခိုင်ပြီးသား စူပါအသင်းတွေကို လိုက်မမီနိုင်သေးကြောင်း တုံ့ပြန်သွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

RB လိုက္ပ္ဇစ္ကို ရႈံးၿပီးခ်န္ပီယံလိဂ္ကေန ျပဳတ္သြားခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ အရွက္ရစရာ ျဖစ္စဥ္အၿပီးမွာ ေဂ်မီ ကာေရဂါက ဂယ္ရီနဗီးလ္ကို တြစ္တာစာမ်က္ႏွာထက္မွာ ေပၚတင္ ေလွာင္ေျပာင္သေရာ္သြားခဲ့။

ရာသီ​ႀကိဳမွာ ခံစားခဲ့ရတဲ့ ဒူးဒဏ္ရာေၾကာင့္ လီဗာပူးလ္အတြက္ လက္ရွိတရာသီလုံး လြဲေခ်ာ္ထားခဲ့တဲ့ ခ်ိမ္ဘာလိန္ဟာ မစ္ဂ်ီလန္းနဲ႕ပြဲႀကိဳမွာ အသင္းနဲ႕အတူ ေလ့က်င့္ခန္းအျပည့္ ျပန္ဆင္းနိုင္ခဲ့ၿပီး ပြဲထြက္ကစားဖို႔ ေမွ်ာ္လင့္ခ်က္ ရွိလာေပမယ့္ ဂိုးသမား အယ္လစ္ဆန္ ဘက္ခါကိုေတာ့ ဒဏ္ရာအကင္းေသဖို႔ အနားေပးထားဦးမွာျဖစ္ၿပီး ဖူလ္ဟမ္နဲ႕ပြဲစဥ္မွာ ပါဝင္နိုင္ဖြယ္ရွိေန။

အဓိက ဂိုးသမား အယ္လစ္ဆန္ေနရာမွာ ဝင္ကစားၿပီး လီဗာပူးလ္အသင္းနဲ႕အတူ ႏွစ္ပြဲဆက္ Clean Sheet ရခဲ့တဲ့ အိုင္းရွစ္ရွ္ လူငယ္ဂိုးသမား ကယ္ေလဟာကို ယူနိက္တက္အသင္းက စမ္းသပ္ေလ့က်င့္ဖို႔ ဖိတ္ေခၚခဲ့ဖူးေပမယ့္ ျငင္းပယ္ခဲ့ၿပီး သူက လီဗာပူးလ္အသင္းကိုသာ ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္တယ္လို႔ သိရကာ နည္းျပကေလာ့ပ္ရဲ႕ ယုံၾကည္အထင္ႀကီးျခင္းခံထားရတဲ့ သူ႕ရဲ႕လက္စြမ္းကို မစ္ဂ်ီလန္းနဲ႕ပြဲမွာ ဆက္လက္ျမင္ေတြ႕ရဦးမွာျဖစ္။

ဝုဗ္နဲ႕ပြဲမွာ လွ်ပ္စီးလိုျမန္တဲ့ အက္ဒမာ ထရာအိုေရးကို ကစားခြင့္မသာေအာင္ တဦးခ်င္း ထိန္းခ်ဳပ္ျပခဲ့တဲ့ ဖာဘင္ညိုရဲ႕ ခံစစ္ပိုင္းစြမ္းေဆာင္ရည္ကို အလန္ရွီးယားရွားက အထူးတလည္ မီးေမာင္းထိုး ခ်ီးက်ဴးသြားခဲ့ၿပီး ခံစစ္တန္းမွာ အသင္းရဲ႕ ေက်ာက္ေဆာင္အျဖစ္ ပရိသတ္ေတြရဲ႕ သတ္မွတ္ျခင္းကို ခံထားရ။

အန္ဖီးလ္ေျမကို ေပါင္ ၇၂ သန္းနဲ႕ ေရာက္ရွိလာဖို႔ ဒီရက္ပိုင္းအတြင္းမွာ သတင္းေတြႀကီးေနတဲ့ ယူဗင္တပ္စ္တိုက္စစ္မႉး ေပၚလို ဒီဘာလားကို လီဗာပူးလ္ တိုက္စစ္ေၾကာင္းရဲ႕ FALSE 9 ေနရာမွာ ကေလာ့ပ္ရဲ႕ နည္းဗ်ဴဟာအတြက္ အံအဝင္ဆုံးျဖစ္မယ္လို႔ ပရိသတ္ေတြရဲ႕ သုံးသပ္မႈေတြရွိေနသလို အရန္ခုံမွာသာ ထိုင္ေနရရင္ သူ ေက်နပ္နိုင္မွာမဟုတ္ဘူးဆိုတဲ့ ဝိဝါဒကြဲျပားမႈေတြ ရွိေန။

ကလပ္အသင္းေတြကို ေလးစားမႈမရွိဘဲ မီးေမႊးတတ္လြန္းတဲ့ ေအးဂ်င့္ ရိုင္အိုလာနဲ႕ လက္တြဲထားတဲ့ ေဒါ့မန္တိုက္စစ္မႉး ဟာလန္းကို ေခၚယူဖို႔ စီစဥ္ေနတဲ့ လီဗာပူးလ္အေနနဲ႕ လက္ရွိမွာ ရိုင္အိုလာရဲ႕ ေမႊႏွောက္ေသြးခြဲျခင္းကို ခံေနရတဲ့ ယူနိုက္တက္ကြင္းလယ္လူ ေပါ့ဘာလို အျဖစ္မ်ိဳးနဲ႕ မႀကဳံရေအာင္ သတိႀကီးႀကီးထားကိုင္တြယ္ဖို႔ လိုအပ္တယ္လို႔ သတိေပးခံထားရ။

မိမိအသင္းရဲ႕ အနိုင္ရလိုစိတ္နဲ႕ ေအာင္ပြဲဆာေလာင္စိတ္ကို အထူးတလည္ မအံ့ၾသမိေၾကာင္း ကေလာ့ပ္က မစ္ဂ်ီလန္းနဲ႕ပြဲႀကိဳမွာ ေျပာၾကားခဲ့ၿပီး ေဘာလုံးတပြဲကို အနိုင္ဖို႔ နည္းလမ္းေပါင္း ၅ သန္းမကတဲ့အထဲက မိမိတို႔ရဲ႕ ကိုယ္ပိုင္နည္းလမ္းနဲ႕ အေကာင္းမြန္ဆုံး ကစားျပေနတာျဖစ္ေၾကာင္း ထုတ္ေဖာ္ခဲ့။

လူအင္အားအရ ေတာင့္တင္းသာလြန္ေနတဲ့ ခ်ယ္လ္ဆီးအသင္းကသာ ပရီးမီယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ အလားအလာပိုေကာင္းေနတယ္ဆိုတဲ့ လီဗာပူးလ္နည္းျပ ကေလာ့ပ္ရဲ႕ မွတ္ခ်က္ကို ခ်ယ္လ္ဆီးနည္းျပလမ္းပတ္က မိမိတို႔အသင္းအေနနဲ႕လီဗာပူးလ္နဲ႕ မန္စီးတီးတို႔လို အခ်ိန္ယူတည္ေဆာက္ထားတဲ့ အေျခခိုင္ၿပီးသား စူပါအသင္းေတြကို လိုက္မမီနိုင္ေသးေၾကာင္း တုံ႕ျပန္သြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.