Premier League

9 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– RB လိုက်ပ်ဇစ်ကို မပိုင်နိုင်တဲ့ ခံစစ်ကစားပုံကို သုံးစွဲပြီး သရေကျရုံနဲ့ နောက်တစ်ဆင့်တက်ရမယ့် အခွင့်အရေးကို လွှင့်ပစ်ခဲ့တဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားနေရာမှာ မော်ရီစီယို ပိုချက်တီနိုနဲ့ အမြန်ဆုံး အစားထိုး ခန့်အပ်သွားဖို့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ တောင်းဆိုခဲ့ကြ။

– ဆိုးရွားတဲ့ ကစားပုံနဲ့ ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားတွေရဲ့ ခံစစ်ကစားပုံနဲ့ ဖြတ်တင်ဘောတွေကို ခုခံကာကွယ်ပုံကို အသင်းခေါင်းဆောင်နောက်ခံလူ ဟာရီ မက်ဂွိုင်းယားက ပြစ်တင်ပြောဆိုလိုက်ပြီး ကိုယ့်ပုံစံကိုယ် ဘယ်လောက်ဆိုးရွားနေသလဲဆိုတာ ပြန်ကြည့်ပြီး အဖြေရှာသင့်နေပြီဖြစ်ကြောင်း ပြောကြား။

– ဂျူဗင်တပ်စ်အသင်းရဲ့ အားကစားဒါရိုက်တာ ဖာဘီယို ပါရာတီချီက သူတို့အနေနဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ချစ်မြတ်နိုးကြပြီး တူရင်မှာ ပြန်လည်ကစားတာကို မြင်တွေ့ရဖို့ အလိုရှိနေကြတယ်လို့ ထွက်ခွာမယ့် သတင်းတွေကို မီးထိုးပေးသွားခဲ့။

– RB လိုက်ပ်ဇစ်နဲ့ ပွဲအပြီးမှာ အသင်းဖော်တွေကို အပြစ်တင်ခဲ့သလို အသင်းလိုက် ညံ့ဖျင်းခဲ့ကြောင်း အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပြီး ခေါင်းဆောင်ကောင်းတစ်ယောက် မပီသခဲ့တဲ့ နောက်ခံလူ ဟာရီ မက်ဂွိုင်းယားရဲ့ ဆောင်ရွက်ပုံကို ပေါလ်စခိုးလ် စိတ်ပျက်နေပြီး ဒီလိုမျိုးတွေ မပြောသင့်ကြောင်း ဝေဖန်။

– လိုက်ပ်ဇစ်နဲ့ပွဲမှာ ဆိုးလ်ရှားရဲ့ ဗျူဟာမှားယွင်းခဲ့ပြီး ပီအက်စ်ဂျီလိုအသင်းမျိုးကို နောက်တန်း ၅ ယောက်နဲ့ ကစားတာ သင့်တော်ပေမယ့် ရှေ့တန်းတစ်ယောက်တည်းနဲ့ ကစားတဲ့ ဂျာမန်အသင်းကို ဒီလိုကစားခဲ့တာဟာ တိုက်စစ်အင်အား လျော့နည်းစေခဲ့ပြီး ရုန်းကန်ခဲ့ရတာဖြစ်တယ်လို့ ထောက်ပြသွား။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဂ် နှစ်ပွဲဆက်တိုက်မှာ ပေးဂိုး ၃ ဂိုးစီ ပေးခဲ့ရတာဖြစ်ပြီး ဒီဆိုးရွားတဲ့ ခံစစ်မှတ်တမ်းကို ၂၀၀၃ ခုနှစ်က ရီးရဲလ်မက်ဒရစ်နဲ့ ရှုံးထွက်နှစ်ကျော့မှာ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ၁၇ နှစ်အကြာမှာ ထပ်မံရရှိခဲ့။

– ချန်ပီယံလိဂ်အုပ်စုအဆင့်က ထွက်ခွာခဲ့ရတဲ့ RB လိုက်ပ်ဇစ်နဲ့ ရှုံးပွဲအပြီးမှာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက အမြဲတမ်း Come Back နိုင်ပွဲတွေကို ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ဖို့ မဖြစ်နိုင်ကြောင်း ပရီးမီးယားလိဂ်ပုံစံကောင်းတွေကို လိုက်လံလုပ်ဆောင်နိုင်ခဲ့ခြင်း မရှိတဲ့အပေါ် ဝန်ခံပြောကြားသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:








REF: INTERNET SOURCES
SPORTS A2Z.