Premier League Transfer News UCL&UEL

9 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မာဆေးလ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်မှာ လူငယ်ဂိုးသမား ဇက်ခ် စတက်ဖင် ပွဲထွက်လာဖွယ်ရှိနေပြီး တိုက်စစ်မှူး ဆာဂျီယို အဂွေရိုလည်း ပါဝင်နိုင်ဖို့ များနေသလို ကွင်းလယ်လူ ရိုဒရီကိုတော့ အနားပေးသွားဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့ရတာကို ရှုံးကြွေးဆပ်ပြီး ချန်ပီယံလိဂ်က ထွက်ရအောင် လက်စားချေမယ်လို့ ပြောထားခဲ့တဲ့ စီးတီးအငှားကစားသမား နောက်ခံလူ အန်ဟဲလီညိုအနေနဲ့ အိမ်ကွင်းမှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပြီး နောက်ထပ် ဂိုးရစေမယ့် ဖြတ်တင်ဘောတစ်ကြိမ်ပါ ပြုလုပ်ရင်း အပြောနဲ့အလုပ်ညီကြောင်း ပြသနိုင်ခဲ့။

– အက်စတန်ဗီလာအသင်းရဲ့ ကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ်ဟာ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီထက် မန်ချက်စတာစီးတီး အသင်းနဲ့ပိုပြီး သင့်တော်သူဖြစ်တယ်လို့ ဗီလာတိုက်စစ်မှူးဟောင်းနဲ့ ဘောလုံးကျွမ်းကျင်သူ အန်ဒီ ဂရေးက သုံးသပ်လိုက်ပြီး အနာဂတ်ကို ကြည့်ရှုခေါ်ယူဖို့ တိုက်တွန်း။

– မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာက သူ့အနေနဲ့ ကစားသမားတွေကို လုံးဝ အနားပေးတာမျိုး ရှိမှာမဟုတ်ဘဲ သူတို့ရဲ့ အခြေအနေအပေါ် မူတည်ပြီး အလှည့်ကျ ပြောင်းလဲသုံးစွဲတဲ့ မူဝါဒကိုသာ ကျင့်သုံးနေတာဖြစ်တယ်လို့ မာဆေးလ်နဲ့ ပွဲအကြို ပြောကြားသွား။

– အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ထက် ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာလိုနေတဲ့ သူ့ရဲ့ နိုင်ငံအသင်းဖော် ပေါ်လို ဒီဘားလားကိုပဲ မန်ချက်စတာစီးတီးတို့အနေနဲ့ ခေါ်ယူသွားနိုင်ပြီး အဂွေရိုနဲ့ မက်ဆီတို့နှစ်ဦးလုံးကို အစ်တီဟတ်မှာ မတွေ့ရတာလည်းဖြစ်နိုင်တယ်လို့ အီတလီသတင်းတွေ ရေးသား။

– နည်းပြ ဂွါဒီယိုလာအနေနဲ့ လာမယ့် မာဆေးလ်နဲ့ပွဲစဉ်ကို ဗဟိုခံစစ်အတွဲအဖြစ် အေးမရစ် လာပေါ့တ်နဲ့ နာသန် အာကေတို့နှစ်ဦးကို အသုံးပြုလာဖွယ်ရှိနေပြီး လေးပွဲဆက်တိုက် အသင်းက ပျောက်ဆုံးနေတဲ့ ပြင်သစ်သားနဲ့ ဒဏ်ရာက ပြန်လာတဲ့ နယ်သာလန်သားတို့ကို အတူတကွ မြင်တွေ့ရနိုင်ခြေရှိ။

– မန်စီးတီးလူငယ်ကြယ်ပွင့် ဖီးလ် ဖိုဒန်ဟာ တိုက်စစ်မှူးနောက်နဲ့ တောင်ပံတွေမှာ ကစားဖို့ သင့်တော်သူဖြစ်ပြီး တချို့တွေက နှိုင်းယှဉ်နေကြတဲ့ အင်နီယေစတာလိုမျိုး ကွင်းလယ်မှာပါ ကစားပေးနိုင်ဖို့အတွက်တော့ အသက် ၂၅ နှစ်အရွယ်လောက်ရင် ဖြစ်နိုင်ခြေရှိတယ်လို့ ဂွါဒီယိုလာ ခန့်မှန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မာေဆးလ္နဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္အိမ္ကြင္းပြဲစဥ္မွာ လူငယ္ဂိုးသမား ဇက္ခ္ စတက္ဖင္ ပြဲထြက္လာဖြယ္ရွိေနၿပီး တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုလည္း ပါဝင္ႏိုင္ဖို႔ မ်ားေနသလို ကြင္းလယ္လူ ႐ိုဒရီကိုေတာ့ အနားေပးသြားဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကြင္းမွာ ဂိုးျပတ္ရႈံးခဲ့ရတာကို ရႈံးေႂကြးဆပ္ၿပီး ခ်န္ပီယံလိဂ္က ထြက္ရေအာင္ လက္စားေခ်မယ္လို႔ ေျပာထားခဲ့တဲ့ စီးတီးအငွားကစားသမား ေနာက္ခံလူ အန္ဟဲလီညိဳအေနနဲ႔ အိမ္ကြင္းမွာ တစ္ဂိုးသြင္း၊ တစ္ဂိုးဖန္တီးၿပီး ေနာက္ထပ္ ဂိုးရေစမယ့္ ျဖတ္တင္ေဘာတစ္ႀကိမ္ပါ ျပဳလုပ္ရင္း အေျပာနဲ႔အလုပ္ညီေၾကာင္း ျပသႏိုင္ခဲ့။

– အက္စတန္ဗီလာအသင္းရဲ႕ ကြင္းလယ္လူ ဂ်က္ခ္ ဂရီးလစ္ရွ္ဟာ ဘာစီလိုနာတိုက္စစ္မႉး လီယြန္နယ္ မက္ဆီထက္ မန္ခ်က္စတာစီးတီး အသင္းနဲ႔ပိုၿပီး သင့္ေတာ္သူျဖစ္တယ္လို႔ ဗီလာတိုက္စစ္မႉးေဟာင္းနဲ႔ ေဘာလုံးကြၽမ္းက်င္သူ အန္ဒီ ဂေရးက သုံးသပ္လိုက္ၿပီး အနာဂတ္ကို ၾကည့္ရႈေခၚယူဖို႔ တိုက္တြန္း။

– မန္ခ်က္စတာစီးတီးအသင္းနည္းျပ ပက္ပ္ ဂြါဒီယိုလာက သူ႔အေနနဲ႔ ကစားသမားေတြကို လုံးဝ အနားေပးတာမ်ိဳး ရွိမွာမဟုတ္ဘဲ သူတို႔ရဲ႕ အေျခအေနအေပၚ မူတည္ၿပီး အလွည့္က် ေျပာင္းလဲသုံးစြဲတဲ့ မူဝါဒကိုသာ က်င့္သုံးေနတာျဖစ္တယ္လို႔ မာေဆးလ္နဲ႔ ပြဲအႀကိဳ ေျပာၾကားသြား။

– အသက္အ႐ြယ္ႀကီးရင့္ေနၿပီျဖစ္တဲ့ လီယြန္နယ္ မက္ဆီကို ေခၚယူဖို႔ထက္ ဂ်ဴဗင္တပ္စ္အသင္းကေန ထြက္ခြာလိုေနတဲ့ သူ႔ရဲ႕ ႏိုင္ငံအသင္းေဖာ္ ေပၚလို ဒီဘားလားကိုပဲ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ေခၚယူသြားႏိုင္ၿပီး အေဂြ႐ိုနဲ႔ မက္ဆီတို႔ႏွစ္ဦးလုံးကို အစ္တီဟတ္မွာ မေတြ႕ရတာလည္းျဖစ္ႏိုင္တယ္လို႔ အီတလီသတင္းေတြ ေရးသား။

– နည္းျပ ဂြါဒီယိုလာအေနနဲ႔ လာမယ့္ မာေဆးလ္နဲ႔ပြဲစဥ္ကို ဗဟိုခံစစ္အတြဲအျဖစ္ ေအးမရစ္ လာေပါ့တ္နဲ႔ နာသန္ အာေကတို႔ႏွစ္ဦးကို အသုံးျပဳလာဖြယ္ရွိေနၿပီး ေလးပြဲဆက္တိုက္ အသင္းက ေပ်ာက္ဆုံးေနတဲ့ ျပင္သစ္သားနဲ႔ ဒဏ္ရာက ျပန္လာတဲ့ နယ္သာလန္သားတို႔ကို အတူတကြ ျမင္ေတြ႕ရႏိုင္ေျခရွိ။

– မန္စီးတီးလူငယ္ၾကယ္ပြင့္ ဖီးလ္ ဖိုဒန္ဟာ တိုက္စစ္မႉးေနာက္နဲ႔ ေတာင္ပံေတြမွာ ကစားဖို႔ သင့္ေတာ္သူျဖစ္ၿပီး တခ်ိဳ႕ေတြက ႏႈိင္းယွဥ္ေနၾကတဲ့ အင္နီေယစတာလိုမ်ိဳး ကြင္းလယ္မွာပါ ကစားေပးႏိုင္ဖို႔အတြက္ေတာ့ အသက္ ၂၅ ႏွစ္အ႐ြယ္ေလာက္ရင္ ျဖစ္ႏိုင္ေျခရွိတယ္လို႔ ဂြါဒီယိုလာ ခန႔္မွန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.