Premier League Transfer News

8 Dec ညနေခင်း နောက်ဆုံးရ လတ်လတ်ဆတ်ဆတ် လီဗာပူးလ်သတင်းများ စုစည်းမှု

ဒူဘိုင်းနိုင်ငံမှာ ချီးမြှင့်လေ့ရှိတဲ့ ဘောလုံးကစားနည်းအတွက် ကမ္ဘာ့အကောင်းဆုံးဆုတွေထဲမှာ ဒီနှစ်မှာတော့ ရာစုနှစ်အတွက် အကောင်းဆုံး ကစားသမားဆုကို မိတ်ဆက်လာခဲ့ပြီး ဒီဆုအတွက် လီယွန်နယ် မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့နဲ့အတူ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားက အဆိုပြုခံရသူ ၃ ဦးစာရင်းမှာ ပါဝင်လာခဲ့။

ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာဖို့ ရှိနေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး ပေါ်လို ဒီဘားလားကို ပီအက်စ်ဂျီနဲ့အပြိုင် လီဗာပူးလ်တို့ ခေါ်ယူသွားဖွယ် ရှိနေပြီး လာမယ့် နွေရာသီမှာ အသင်းရဲ့ အဓိက ကစားသမား မိုဟာမက် ဆာလားရဲ့ အနေအထားကို စောင့်ကြည့်ပြီး လှုပ်ရှားဖွယ်ရှိနေ။

ဗိုင်နယ်လ်ဒွမ်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ လာမယ့် ရက်သတ္တပတ်အတွင်းမှာ စကားပြောဆိုမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး လီဗာပူးအသင်း ကမ်းလှမ်းမယ့် စာချုပ်သစ်ကို ကစားသမားဘက်က လက်ခံဖို့ တွေဝေနေပြီး ဘာစီလိုနာကို မျက်စိကျနေ။

ဗန်ဒိုက်မပါဝင်တဲ့ လီဗာပူးလ်အသင်းကို ကျော်ဖြတ်ပြီး ယူနိုက်တက်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာလိမ့်မယ်လို့ ဂယ်ရီနဗီးလ်က ယုံကြည်နေကာ ရာသီကုန်အထိ ဗန်ဒိုက် ဒဏ်ရာရခဲ့ခြင်းက ကျန်အသင်းကြီးတွေကို အခွင့်အရေးများစွာ ဖြစ်ပေါ်လာစေခဲ့တယ်လို့ဆို။

ဝုဗ်အသင်းရဲ့ ကွင်းလယ်လူ လင်ဒါ ဒန်ဒေါ့ကာက အန်ဖီးလ်ကွင်းထဲက ပရိသတ် ၂၀၀၀ ဟာ ပရိသတ် ၁၅၀၀၀ အင်အားနဲ့ ညီမျှတယ်လို့ ဝန်ခံသွားခဲ့ပြီး ဒါက ပွဲကိုအပြောင်းအလဲ ဖြစ်စေခဲ့ကာ ဖိအားအောက်မှာ ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲလွန်းတယ်လို့ ဖွင့်ဟ။

လီဗာပူးလ်က တောက်လျှောက်ချိတ်ဆက်နေတဲ့ အိုဇန် ကာဘက်ကို အပြိုင်လုမယ့် တိုက်ပွဲထဲ အေစီမီလန်အသင်း ပါဝင်လာခဲ့ပြီး ဗိုက်နာနေတဲ့ ရှော်လ်ကာအသင်းဆီက ဈေးပေါပေါနဲ့ ရရှိမယ့် တူရကီသားအနေနဲ့ အန်းဖီးလ်ထက် ဆန်စီရိုကို မျက်စိကျနေကြောင်း သိရကာ လာမယ့် ဇန်နဝါရီမှာ ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ အလုပ်ဖြစ်သွားဖွယ်ရှိနေ။

ဒီရာသီမှာ ဒဏ်ရာအကျပ်အတည်းတွေနဲ့ အဓိက ရင်ဆိုင်နေရတဲ့ လီဗာပူးလ်အသင်းဟာ အခက်အခဲတွေကို ကြားထဲကနေ ပရီးမီးယားလိဂ်ဖလားကို အခိုင်အမာ ကာကွယ်သွားလိမ့်လို့ ယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ဟောကိန်းထုတ်ခဲ့ပြီး နှစ် ၃၀ ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အခွင့်အရေးကို သူတို့လက်လွှတ်ခံမှာ မဟုတ်ဘူးလို့ သုံးသပ်။

အသင်းရဲ့ ခံစစ်ဗဟိုမှာ အကောင်းဆုံး ခြေစွမ်းပြနေခဲ့တဲ့ ကွင်းလယ်အဖျက်ကစားသမား ဖာဘင်ညိုအတွက် မိုနာကိုအသင်းဆီ ပေးချေခဲ့ရသမျှ ပြောင်းရွှေ့ကြေး ပေါင် ၃၉ သန်းဟာ ပြည့်ပြည့်ဝဝ တန်ဖိုးရှိခဲ့ပြီး တစ်ပဲနိမှ အလေအလွင့်မဖြစ်ခဲ့ဘူးလို့ လီဗာပူးလ်ပရိသတ်တွေ အူလှိုက်သည်းလှိုက် ချီးကျူးနေကြ။

လီဗာပူးလ်အသင်းရဲ့ ဘာစီလိုနာအသင်းအပေါ် သမိုင်းဝင် အန်းဖီးလ် Come Back အောင်ပွဲမှာ သူရဲကောင်းတစ်ဦးဖြစ်ခဲ့တဲ့ တိုက်စစ်မှူး ဒီဗော့ခ် အိုရီဂီအနေနဲ့ အသင်းမှာ ကစားခွင့်မရတဲ့ လက်ရှိအနေအထားက စိတ်ပျက်စရာကောင်းကြောင်းနဲ့ သူရဲ့ တိုးတက်လာနိုင်မယ့် အနေအထားကို ရောက်မလာဘဲ မိုင်တွေ ဝေးကွာနေတဲ့ အဖြစ်မျိုးဖြစ်စေကြောင်း အသင်းဂန္ထဝင် ဂျွန် အယ်လ်ဒရစ်ချ် ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒူဘုိင္းႏုိင္ငံမွာ ခ်ီးျမႇင့္ေလ့ရွိတဲ့ ေဘာလုံးကစားနည္းအတြက္ ကမာၻ႕အေကာင္းဆုံးဆုေတြထဲမွာ ဒီႏွစ္မွာေတာ့ ရာစုႏွစ္အတြက္ အေကာင္းဆုံး ကစားသမားဆုကို မိတ္ဆက္လာခဲ့ၿပီး ဒီဆုအတြက္ လီယြန္နယ္ မက္ဆီ၊ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတုိ႔နဲ႔အတူ လီဗာပူးလ္တုိက္စစ္မွဴး မိုဟာမက္ ဆာလားက အဆုိျပဳခံရသူ ၃ ဦးစာရင္းမွာ ပါဝင္လာခဲ့။

ဂ်ဴဗင္တပ္စ္အသင္းကေန ထြက္ခြာဖို႔ ရွိေနတဲ့ အာဂ်င္တီးနားတုိက္စစ္မွဴး ေပၚလို ဒီဘားလားကို ပီအက္စ္ဂ်ီနဲ႔အၿပဳိင္ လီဗာပူးလ္တုိ႔ ေခၚယူသြားဖြယ္ ရွိေနၿပီး လာမယ့္ ေႏြရာသီမွာ အသင္းရဲ႕ အဓိက ကစားသမား မိုဟာမက္ ဆာလားရဲ႕ အေနအထားကို ေစာင့္ၾကည့္ၿပီး လွဳပ္ရွားဖြယ္ရွိေန။

ဗိုင္နယ္လ္ဒြမ္ကို အသင္းမွာ ဆက္လက္ထိန္းသိမ္းထားဖို႔ လာမယ့္ ရက္သတၱပတ္အတြင္းမွာ စကားေျပာဆိုမႈေတြ ျပဳလုပ္သြားမွာျဖစ္ၿပီး လီဗာပူးအသင္း ကမ္းလွမ္းမယ့္ စာခ်ဳပ္သစ္ကို ကစားသမားဘက္က လက္ခံဖို႔ ေတြေဝေနၿပီး ဘာစီလိုနာကို မ်က္စိက်ေန။

ဗန္ဒိုက္မပါဝင္တဲ့ လီဗာပူးလ္အသင္းကို ေက်ာ္ျဖတ္ၿပီး ယူနိုက္တက္အသင္းက ပရီးမီးယားလိဂ္ခ်န္ပီယံ ျဖစ္လာလိမ့္မယ္လို႔ ဂယ္ရီနဗီးလ္က ယုံၾကည္ေနကာ ရာသီကုန္အထိ ဗန္ဒိုက္ ဒဏ္ရာရခဲ့ျခင္းက က်န္အသင္းႀကီးေတြကို အခြင့္အေရးမ်ားစြာ ျဖစ္ေပၚလာေစခဲ့တယ္လို႔ဆို။

ဝုဗ္အသင္းရဲ႕ ကြင္းလယ္လူ လင္ဒါ ဒန္ေဒါ့ကာက အန္ဖီးလ္ကြင္းထဲက ပရိသတ္ ၂၀၀၀ ဟာ ပရိသတ္ ၁၅၀၀၀ အင္အားနဲ႕ ညီမွ်တယ္လို႔ ဝန္ခံသြားခဲ့ၿပီး ဒါက ပြဲကိုအေျပာင္းအလဲ ျဖစ္ေစခဲ့ကာ ဖိအားေအာက္မွာ ယွဥ္ၿပိဳင္နိုင္ဖို႔ ခက္ခဲလြန္းတယ္လို႔ ဖြင့္ဟ။

လီဗာပူးလ္က ေတာက္ေလွ်ာက္ခ်ိတ္ဆက္ေနတဲ့ အိုဇန္ ကာဘက္ကို အၿပိဳင္လုမယ့္ တိုက္ပြဲထဲ ေအစီမီလန္အသင္း ပါဝင္လာခဲ့ၿပီး ဗိုက္နာေနတဲ့ ေရွာ္လ္ကာအသင္းဆီက ေစ်းေပါေပါနဲ႕ ရရွိမယ့္ တူရကီသားအေနနဲ႔ အန္းဖီးလ္ထက္ ဆန္စီ႐ိုကို မ်က္စိက်ေနေၾကာင္း သိရကာ လာမယ့္ ဇန္နဝါရီမွာ ေပါင္သန္း ၂၀ ဝန္းက်င္နဲ႕ အလုပ္ျဖစ္သြားဖြယ္ရွိေန။

ဒီရာသီမွာ ဒဏ္ရာအက်ပ္အတည္းေတြနဲ႕ အဓိက ရင္ဆိုင္ေနရတဲ့ လီဗာပူးလ္အသင္းဟာ အခက္အခဲေတြကို ၾကားထဲကေန ပရီးမီးယားလိဂ္ဖလားကို အခိုင္အမာ ကာကြယ္သြားလိမ့္လို႔ ယူနိုက္တက္ကြင္းလယ္လူေဟာင္း ေပါလ္စခိုးလ္က ေဟာကိန္းထုတ္ခဲ့ၿပီး ႏွစ္ ၃၀ ၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ အခြင့္အေရးကို သူတို႔လက္လႊတ္ခံမွာ မဟုတ္ဘူးလို႔ သုံးသပ္။

အသင္းရဲ႕ ခံစစ္ဗဟိုမွာ အေကာင္းဆုံး ေျခစြမ္းျပေနခဲ့တဲ့ ကြင္းလယ္အဖ်က္ကစားသမား ဖာဘင္ညဳိအတြက္ မိုနာကိုအသင္းဆီ ေပးေခ်ခဲ့ရသမွ် ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၉ သန္းဟာ ျပည့္ျပည့္ဝဝ တန္ဖိုးရွိခဲ့ၿပီး တစ္ပဲနိမွ အေလအလြင့္မျဖစ္ခဲ့ဘူးလို႔ လီဗာပူးလ္ပရိသတ္ေတြ အူလွဳိက္သည္းလွဳိက္ ခ်ီးက်ဴးေနၾက။

လီဗာပူးလ္အသင္းရဲ႕ ဘာစီလိုနာအသင္းအေပၚ သမုိင္းဝင္ အန္းဖီးလ္ Come Back ေအာင္ပြဲမွာ သူရဲေကာင္းတစ္ဦးျဖစ္ခဲ့တဲ့ တုိက္စစ္မွဴး ဒီေဗာ့ခ္ အုိရီဂီအေနနဲ႔ အသင္းမွာ ကစားခြင့္မရတဲ့ လက္ရွိအေနအထားက စိတ္ပ်က္စရာေကာင္းေၾကာင္းနဲ႔ သူရဲ႕ တုိးတက္လာႏုိင္မယ့္ အေနအထားကို ေရာက္မလာဘဲ မုိင္ေတြ ေဝးကြာေနတဲ့ အျဖစ္မ်ဳိးျဖစ္ေစေၾကာင္း အသင္းဂႏၴဝင္ ဂၽြန္ အယ္လ္ဒရစ္ခ်္ ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.