Premier League Transfer News UCL&UEL

8 Dec ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– အသင်းရဲ့ နောက်ဆုံး ၄ ပွဲမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့တဲ့ ပြင်သစ်နောက်ခံလူ အေးမရစ် လာပေါ့တ်အနေနဲ့ ဂျွန်စတုန်းစ်ဆီက သူ့ရဲ့ နေရာကို ပြန်လည်လုယူဖို့ စိတ်အားထက်သန်နေပြီး အာရုံစူးစိုက်မှုနဲ့ သူဖြစ်ချင်တာကို ဖြစ်အောင်လုပ်မယ်လို့ အင်စတာဂရမ်မှာ ကြုံးဝါးသွားခဲ့။

– မန်ချက်စတာစီးတီးအသင်းရဲ့ လူငယ်အကယ်ဒမီထွက်တစ်ဦးဖြစ်တဲ့ ဗဟိုနောက်ခံလူ တေလာ ဟားဝုဒ်-ဘဲလစ္စအနေနဲ့ အသင်းနဲ့အတူ သုံးနှစ်ခွဲကာလရှိတဲ့ စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့အပြီးမှာ ပထမအသင်းနဲ့ နည်းပြ ပက်ပ် ဂွါဒီယိုလာတို့ရဲ့ အသိအမှတ်ပြုခံရဖို့ မျှော်လင့်ကြောင်း စကားခေါ်သွားခဲ့။

– အသင်းရဲ့ လူငယ်ကြယ်ပွင့် ဖီးလ် ဖိုဒန်အနေနဲ့ ကွင်းလယ်မှာ ပွဲထွက်ကစားခွင့်မရတာဟာ သူနဲ့ နံပါတ် ၈ အခန်းကဏ္ဍက မသင့်တော်လို့ ဖြစ်ပြီး အင်္ဂလန်သားအနေနဲ့ တောင်ပံကစားသမားတစ်ဦး၊ ရှေ့တန်းတစ်ဦးနဲ့အတူ လျင်မြန်မှု၊ ပေါက်ကွဲအားနဲ့ ဂိုးသွင်းဖို့ ခုံမင်မှုတွေကို တိုက်စစ်မှာ အသုံးချရလိမ့်မယ်လို့ဆိုသွားခဲ့ပြီး အဂွေရိုရဲ့ ကြံ့ခိုင်မှုအတွက်တော့ အရန်ခုံမှာတောင် မသေချာတဲ့ စကားမျိုးဆိုသွား။

– မန်ချက်စတာယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ ၅ ဂိုးပေးခဲ့တဲ့ ရှုံးကြွေးကို ပြန်ဆပ်ပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခွာအောင် လက်စားချေတာက သူတို့အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်လိမ့်မယ်လို့ မန်စီးတီးအသင်းကနေ RB လိုက်ပ်ဇစ်အသင်းဆီ အငှား ချထားခဲ့တဲ့ နောက်ခံလူ အန်ဟဲလီညိုပြောကြား။

– ဂိုးသမား အီဒါဆန် မိုရေးစ်က ယာယာတိုရေးနဲ့ သူတို့ဟာ လက်ဝှေ့ဝါသနာပါတာကြောင့် အသင်းရဲ့ အဝတ်လဲခန်းထဲမှာ မကြာခဏ အပြန်အလှန် ထိုးသတ်ကစားခဲ့ကြဖူးပြီး တစ်ကြိမ်မှာတော့ သူ့ကို ရပ်တော့လို့ အိုင်ဗရီကို့စ်သားက တောင်းပန်ခဲ့ရဖူးကြောင်း ထုတ်ဖော်လိုက်သလို ဒါဟာ သူ့အနေနဲ့ အဘိုးကြီးဖြစ်နေပြီလို့ ပြသလိုက်တာဖြစ်ကြောင်း နောက်ပြောင်သွားခဲ့။

– အုပ်စုနောက်ဆုံးပွဲအဖြစ် အဝေးကွင်းမှာ မန်ချက်စတာစီးတီးအသင်းကို သွားရောက်ကစားရမယ့် မာဆေးလ်အသင်းရဲ့ နည်းပြ အန်ဒရီ ဗီလာ-ဘိုအာစ်က စီးတီးတို့အနေနဲ့ ဒီပွဲမှာ အရန်အသင်းကို ပွဲထုတ်လာမယ်လို့ ခန့်မှန်းလိုက်ပြီး အဲ့ဒီအသင်းကလည်း ချန်ပီယံလိဂ်ကို ယူနိုင်စွမ်းရှိတဲ့ အသင်းမျိုးဖြစ်လိမ့်မယ်လို့ ချီးကျူးသွား။

– သူ့ရဲ့ တစ်ပွဲနဲ့ တစ်ပွဲ မတူတဲ့ ခြေမှန်မရှိမှုအတွက် ဝေဖန်ခံနေခဲ့ရပေမယ့် မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဆုံးဖြတ်ချက် အတွက် ဘယ်တော့မှ နောင်တရမှာ မဟုတ်ကြောင်း စပိန်ကွင်းလယ်လူ ရိုဒရီ ဟာနန်ဒက်ဇ် ရှင်းလင်းပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းရဲ႕ ေနာက္ဆုံး ၄ ပြဲမွာ ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနခဲ့တဲ့ ျပင္သစ္ေနာက္ခံလူ ေအးမရစ္ လာေပါ့တ္အေနနဲ႔ ဂြၽန္စတုန္းစ္ဆီက သူ႔ရဲ႕ ေနရာကို ျပန္လည္လုယူဖို႔ စိတ္အားထက္သန္ေနၿပီး အာ႐ုံစူးစိုက္မႈနဲ႔ သူျဖစ္ခ်င္တာကို ျဖစ္ေအာင္လုပ္မယ္လို႔ အင္စတာဂရမ္မွာ ႀကဳံးဝါးသြားခဲ့။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ လူငယ္အကယ္ဒမီထြက္တစ္ဦးျဖစ္တဲ့ ဗဟိုေနာက္ခံလူ ေတလာ ဟားဝုဒ္-ဘဲလစၥအေနနဲ႔ အသင္းနဲ႔အတူ သုံးႏွစ္ခြဲကာလရွိတဲ့ စာခ်ဳပ္သစ္ကို လက္မွတ္ေရးထိုးခဲ့အၿပီးမွာ ပထမအသင္းနဲ႔ နည္းျပ ပက္ပ္ ဂြါဒီယိုလာတို႔ရဲ႕ အသိအမွတ္ျပဳခံရဖို႔ ေမွ်ာ္လင့္ေၾကာင္း စကားေခၚသြားခဲ့။

– အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ ဖီးလ္ ဖိုဒန္အေနနဲ႔ ကြင္းလယ္မွာ ပြဲထြက္ကစားခြင့္မရတာဟာ သူနဲ႔ နံပါတ္ ၈ အခန္းက႑က မသင့္ေတာ္လို႔ ျဖစ္ၿပီး အဂၤလန္သားအေနနဲ႔ ေတာင္ပံကစားသမားတစ္ဦး၊ ေရွ႕တန္းတစ္ဦးနဲ႔အတူ လ်င္ျမန္မႈ၊ ေပါက္ကြဲအားနဲ႔ ဂိုးသြင္းဖို႔ ခုံမင္မႈေတြကို တိုက္စစ္မွာ အသုံးခ်ရလိမ့္မယ္လို႔ဆိုသြားခဲ့ၿပီး အေဂြ႐ိုရဲ႕ ႀကံ့ခိုင္မႈအတြက္ေတာ့ အရန္ခုံမွာေတာင္ မေသခ်ာတဲ့ စကားမ်ိဳးဆိုသြား။

– မန္ခ်က္စတာယူႏိုက္တက္ကို အိုးလ္ထရက္ဖို႔ဒ္မွာ ၅ ဂိုးေပးခဲ့တဲ့ ရႈံးေႂကြးကို ျပန္ဆပ္ၿပီး ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ထြက္ခြာေအာင္ လက္စားေခ်တာက သူတို႔အတြက္ အေကာင္းဆုံးအခြင့္အေရးျဖစ္လိမ့္မယ္လို႔ မန္စီးတီးအသင္းကေန RB လိုက္ပ္ဇစ္အသင္းဆီ အငွား ခ်ထားခဲ့တဲ့ ေနာက္ခံလူ အန္ဟဲလီညိဳေျပာၾကား။

– ဂိုးသမား အီဒါဆန္ မိုေရးစ္က ယာယာတိုေရးနဲ႔ သူတို႔ဟာ လက္ေဝွ႔ဝါသနာပါတာေၾကာင့္ အသင္းရဲ႕ အဝတ္လဲခန္းထဲမွာ မၾကာခဏ အျပန္အလွန္ ထိုးသတ္ကစားခဲ့ၾကဖူးၿပီး တစ္ႀကိမ္မွာေတာ့ သူ႔ကို ရပ္ေတာ့လို႔ အိုင္ဗရီကို႔စ္သားက ေတာင္းပန္ခဲ့ရဖူးေၾကာင္း ထုတ္ေဖာ္လိုက္သလို ဒါဟာ သူ႔အေနနဲ႔ အဘိုးႀကီးျဖစ္ေနၿပီလို႔ ျပသလိုက္တာျဖစ္ေၾကာင္း ေနာက္ေျပာင္သြားခဲ့။

– အုပ္စုေနာက္ဆုံးပြဲအျဖစ္ အေဝးကြင္းမွာ မန္ခ်က္စတာစီးတီးအသင္းကို သြားေရာက္ကစားရမယ့္ မာေဆးလ္အသင္းရဲ႕ နည္းျပ အန္ဒရီ ဗီလာ-ဘိုအာစ္က စီးတီးတို႔အေနနဲ႔ ဒီပြဲမွာ အရန္အသင္းကို ပြဲထုတ္လာမယ္လို႔ ခန႔္မွန္းလိုက္ၿပီး အဲ့ဒီအသင္းကလည္း ခ်န္ပီယံလိဂ္ကို ယူႏိုင္စြမ္းရွိတဲ့ အသင္းမ်ိဳးျဖစ္လိမ့္မယ္လို႔ ခ်ီးက်ဴးသြား။

– သူ႔ရဲ႕ တစ္ပြဲနဲ႔ တစ္ပြဲ မတူတဲ့ ေျခမွန္မရွိမႈအတြက္ ေဝဖန္ခံေနခဲ့ရေပမယ့္ မန္ခ်က္စတာစီးတီးအသင္းကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ ဆုံးျဖတ္ခ်က္ အတြက္ ဘယ္ေတာ့မွ ေနာင္တရမွာ မဟုတ္ေၾကာင္း စပိန္ကြင္းလယ္လူ ႐ိုဒရီ ဟာနန္ဒက္ဇ္ ရွင္းလင္းေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.