Premier League

တပ်ပျက်နေတဲ့ အာဆင်နယ်အတွက် အိုဇေးလ်က အဖြေမဟုတ်ဘူးလို့ ဂျေမီ ကာရေဂါ ယုံကြည်နေ

လီဗာပူးလ်ရဲ့ ဂန္ထဝင် ဗဟိုခံစစ်မှူးဟောင်း ဂျေမီ ကာရေဂါက အာဆင်နယ်နည်းပြ အာတီတာရဲ့ လက်အောက်မှာ အဆိုးရွားဆုံးအခြေအနေနဲ့ ကြုံတွေ့နေရတဲ့ အာဆင်နယ်အသင်းအတွက် အိုဇေးလ်က အဖြေမဟုတ်ဘူးလို့ ယုံကြည်နေပြီး အသင်းအနေနဲ့ ဆူးခင်းလမ်းကို ဖြတ်သန်းရဦးမယ်လို့ ပြောသွားခဲ့ပါတယ်။

အာဆင်နယ်ရဲ့ ပြိုင်ပွဲစုံ လူစာရင်းကနေ ချန်လှပ်ခံထားရတဲ့ အိုဇေးလ်ဟာ ပြီးခဲ့တဲ့ စပါးနဲ့ပွဲမှာလည်း ပါဝင်ကစားနိုင်ခြင်းမရှိဘဲ ၁၁ ပွဲမှာ ၄ ပွဲသာ အနိုင်ရထားပြီး အဆင့် ၁၅ နေရာမှာ ရပ်တည်နေရတဲ့ အာဆင်နယ်ကို အလှည့်အပြောင်းအနေနဲ့ အိုဇေးလ်ကသာ ထမ်းတင်ပေးနိုင်မယ်လို့ အာဆင်နယ်ပရိသတ်တွေကလည်း တဖက်မှာ ယူဆထားကြတာဖြစ်ပါတယ်။

တိုက်စစ်မှာ ဂိုးမိုးခေါင်နေတဲ့ အဓိကပြဿနာကို ခါးသီးပြိုင်ဘက် စပါးနဲ့ပွဲအပြီးမှာ အာတီတာကိုယ်တိုင်ကလည်း ဝန်ခံသွားခဲ့တာပါ။ ကာရေဂါက အာဆင်နယ်ရဲ့ အကျပ်အတည်းနဲ့ပတ်သက်လို့ ” အဖြေက အိုဇေးလ်မဟုတ်ဘူးဗျ။ သူ့ကို အသင်းမှာ ပြန်ကစားခိုင်းလိုက်တာနဲ့ ပြေလည်မယ့် ပြဿနာမဟုတ်ဘူး” ဆိုတဲ့ အာဆင်နယ်ယာယီနည်းပြဟောင်း ယွန်းဘတ်ရဲ့ အဆိုကို ထောက်ခံချက် ပေးသွားခဲ့ပါတယ်။

” အိုဇေးလ်ကို နည်းပြ ၃ ဦးသက်တမ်းမှာ အဓိက ကစားသမားအဖြစ် မသုံးခဲ့ကြပါဘူး။ ဒါဆို ယွန်းဘတ်အပါအဝင် အူနိုင်း အမ်မရီ၊ အာတီတာတို့ နည်းပြ ၃ ဦးစလုံးက မှားနေတာလား? နည်းပြတွေက မရွေးဘူးဆိုရင်တော့ အကြောင်းရင်းတခု သေချာပေါက် ရှိရပါမယ်။ အိုဇေးလ်မှာ အရည်အသွေးမြင့်တယ်ဆိုတာကိုတော့ ငြင်းစရာမလိုပါဘူး”

” ဖိအားတွေအောက်မှာ အာတီတာရောက်နေကိုက အသင်းရဲ့ ရယ်စရာကောင်းတဲ့ လူခေါ်မှုအမှားတွေ​ကြောင့်ပါ။ ဥပမာ ဝီလီယံ၊ ဒေးဗစ်လုဇ်တို့လို နေဝင်ချိန်ရောက်တဲ့ ကစားသမားတွေကို ခေါ်ခဲ့တာပဲ။ ဒါက Kia Joorabchian ရဲ့ လုပ်ရပ်တွေဖြစ်တယ်။ ”

” အာတီတာ ခေါ်ခဲ့တဲ့ သောမတ်စ် ပါတေးနဲ့ ဂါဘရီယယ်လ်တို့ကတော့ သိပ်ကောင်းတဲ့ လူခေါ်ယူမှုတွေ ဖြစ်ခဲ့တယ်။ ၂၀၁၈ ကစလို့ အာဆင်နယ်မှာ မန်နေဂျာ လေးဦးနဲ့ စီအီးအို ၃ ဦးအထိ အပြောင်းအလဲ ဖြစ်ခဲ့တယ်။ ဒါကြောင့် အာတီကာကိုပဲ ဆက်လက်ယုံကြည်ထောက်ခံမှု ပေးပြီး ဆက်သွားသင့်ပါတယ်။ အာဆင်နယ်အတွက် ဆူးခင်းလမ်း နင်းရဦးမှာဆိုတော့ နာကျင်စရာတော့ ကြံ့ကြံ့ခံဖို့ လိုပါတယ်။”’ လို့ ကာရေဂါက လက်ရှိမှာ အာဆင်နယ်အသင်း တပ်ပျက်နေတဲ့ အရေးကိစ္စကို သုံးသပ်သွားခဲ့ပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ရဲ႕ ဂႏၳဝင္ ဗဟိုခံစစ္မႉးေဟာင္း ေဂ်မီ ကာေရဂါက အာဆင္နယ္နည္းျပ အာတီတာရဲ႕ လက္ေအာက္မွာ အဆိုး႐ြားဆုံးအေျခအေနနဲ႕ ႀကဳံေတြ႕ေနရတဲ့ အာဆင္နယ္အသင္းအတြက္ အိုေဇးလ္က အေျဖမဟုတ္ဘူးလို႔ ယုံၾကည္ေနၿပီး အသင္းအေနနဲ႕ ဆူးခင္းလမ္းကို ျဖတ္သန္းရဦးမယ္လို႔ ေျပာသြားခဲ့ပါတယ္။

အာဆင္နယ္ရဲ႕ ၿပိဳင္ပြဲစုံ လူစာရင္းကေန ခ်န္လွပ္ခံထားရတဲ့ အိုေဇးလ္ဟာ ၿပီးခဲ့တဲ့ စပါးနဲ႕ပြဲမွာလည္း ပါဝင္ကစားနိုင္ျခင္းမရွိဘဲ ၁၁ ပြဲမွာ ၄ ပြဲသာ အနိုင္ရထားၿပီး အဆင့္ ၁၅ ေနရာမွာ ရပ္တည္ေနရတဲ့ အာဆင္နယ္ကို အလွည့္အေျပာင္းအေနနဲ႕ အိုေဇးလ္ကသာ ထမ္းတင္ေပးနိုင္မယ္လို႔ အာဆင္နယ္ပရိသတ္ေတြကလည္း တဖက္မွာ ယူဆထားၾကတာျဖစ္ပါတယ္။

တိုက္စစ္မွာ ဂိုးမိုးေခါင္ေနတဲ့ အဓိကျပႆနာကို ခါးသီးၿပိဳင္ဘက္ စပါးနဲ႕ပြဲအၿပီးမွာ အာတီတာကိုယ္တိုင္ကလည္း ဝန္ခံသြားခဲ့တာပါ။ ကာေရဂါက အာဆင္နယ္ရဲ႕ အက်ပ္အတည္းနဲ႕ပတ္သက္လို႔ ” အေျဖက အိုေဇးလ္မဟုတ္ဘူးဗ်။ သူ႕ကို အသင္းမွာ ျပန္ကစားခိုင္းလိုက္တာနဲ႕ ေျပလည္မယ့္ ျပႆနာမဟုတ္ဘူး” ဆိုတဲ့ အာဆင္နယ္ယာယီနည္းျပေဟာင္း ယြန္းဘတ္ရဲ႕ အဆိုကို ေထာက္ခံခ်က္ ေပးသြားခဲ့ပါတယ္။

” အိုေဇးလ္ကို နည္းျပ ၃ ဦးသက္တမ္းမွာ အဓိက ကစားသမားအျဖစ္ မသုံးခဲ့ၾကပါဘူး။ ဒါဆို ယြန္းဘတ္အပါအဝင္ အူနိုင္း အမ္မရီ၊ အာတီတာတို႔ နည္းျပ ၃ ဦးစလုံးက မွားေနတာလား? နည္းျပေတြက မေ႐ြးဘူးဆိုရင္ေတာ့ အေၾကာင္းရင္းတခု ေသခ်ာေပါက္ ရွိရပါမယ္။ အိုေဇးလ္မွာ အရည္အေသြးျမင့္တယ္ဆိုတာကိုေတာ့ ျငင္းစရာမလိုပါဘူး”

” ဖိအားေတြေအာက္မွာ အာတီတာေရာက္ေနကိုက အသင္းရဲ႕ ရယ္စရာေကာင္းတဲ့ လူေခၚမႈအမွားေတြ​ေၾကာင့္ပါ။ ဥပမာ ဝီလီယံ၊ ေဒးဗစ္လုဇ္တို႔လို ေနဝင္ခ်ိန္ေရာက္တဲ့ ကစားသမားေတြကို ေခၚခဲ့တာပဲ။ ဒါက Kia Joorabchian ရဲ႕ လုပ္ရပ္ေတြျဖစ္တယ္။ ”

” အာတီတာ ေခၚခဲ့တဲ့ ေသာမတ္စ္ ပါေတးနဲ႕ ဂါဘရီယယ္လ္တို႔ကေတာ့ သိပ္ေကာင္းတဲ့ လူေခၚယူမႈေတြ ျဖစ္ခဲ့တယ္။ ၂၀၁၈ ကစလို႔ အာဆင္နယ္မွာ မန္ေနဂ်ာ ေလးဦးနဲ႕ စီအီးအို ၃ ဦးအထိ အေျပာင္းအလဲ ျဖစ္ခဲ့တယ္။ ဒါေၾကာင့္ အာတီကာကိုပဲ ဆက္လက္ယုံၾကည္ေထာက္ခံမႈ ေပးၿပီး ဆက္သြားသင့္ပါတယ္။ အာဆင္နယ္အတြက္ ဆူးခင္းလမ္း နင္းရဦးမွာဆိုေတာ့ နာက်င္စရာေတာ့ ႀကံ့ႀကံ့ခံဖို႔ လိုပါတယ္။”’ လို႔ ကာေရဂါက လက္ရွိမွာ အာဆင္နယ္အသင္း တပ္ပ်က္ေနတဲ့ အေရးကိစၥကို သုံးသပ္သြားခဲ့ပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.