Premier League Transfer News

8 Dec နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းအနေနဲ့ တခြားအသင်းတွေထက်သာပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ မောင်းနှင်ပေးနိုင်တဲ့ ကစားသမားနှစ်ဦးကို ပိုင်ဆိုင်ထားတယ်လို့ ဂယ်ရီ နဗီးလ်သုံးသပ်သွားပြီး သီယာဂို ဆေးလ်ဗားရဲ့ အတွေ့အကြုံနဲ့ အန်ဂိုလို ကွန်တေ အကောင်းဆုံး ခြေစွမ်းပြနေမှုကို ထောက်ပြ။

– ကစားခဲ့ပြီးသမျှ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ခြေစွမ်း မပြသနိုင်သေးတဲ့ ကွင်းလယ်လူ ခိုင် ဟာဗတ်ဇ်အနေနဲ့ ချဲလ်ဆီးအသင်းမှာ အောင်မြင်နိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ သူ့အနေနဲ့ ကိုဗစ်ရောဂါကို ပြင်းပြင်းထန်ထန် ခံစားထားခဲ့ရလို့ဖြစ်ကြောင်း နည်းပြ ဖရန့် လမ်းပတ် ကာကွယ်ပြောကြားသွားခဲ့။

– ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့ပြီး လက်စွမ်းပြသနေတဲ့ ဂိုးသမား အေဒူယာ မန်ဒီကို ချီးကျူးလိုက်တဲ့ ဘိုင်ယန်မြူးနစ်ဂိုးသမား မန်နျူယယ် နွိုင်ယာရဲ့ စကားကို ရီယို ဖာဒီနန်က ထောက်ခံလိုက်ပြီး ကိုယ်လုံးကိုယ်ထည်ကြီးထွားမှုနဲ့အတူ ကာကွယ်မှုကောင်းတွေ ပြုလုပ်နိုင်တယ်လို့ သုံးသပ်။

– လူငယ်တောင်ပံကစားသမား ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းရဲ့ ပွဲကစားချိန် ပိုမိုရရှိဖို့ စတမ်းဖို့ဒ်ဘရစ်ချ်က ထွက်ခွာချင်နေတဲ့ ဆန္ဒကို နည်းပြ လမ်းပတ်အနေနဲ့ ပယ်ချသွားခဲ့ပြီး အသင်းရဲ့ တိုက်စစ်မှာ အပြောင်းအလဲများများလုပ်နိုင်ဖို့ သူ့ကို လိုအပ်ကြောင်း ပြောကြားထား။

– အဲဗာတန်နဲ့ ဝက်စ်ဟမ်းအသင်းတွေက နွေရာသီအပြောင်းအရွှေ့မှာ အငှားခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပေမယ့် အသင်းမှာ ဆက်နေပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ လူငယ်နောက်ခံလူ ဖီကာယို တိုမိုရီအနေနဲ့ ဇန်နဝါရီမှာတော့ အသင်းက ထွက်ခွာဖို့ သဘောတူညီသွားဖွယ်ရှိနေ။

– ဂျာမန်တိုက်စစ်မှူး တီမို ဗာနာရဲ့ ချဲလ်ဆီးအသင်းရှေ့တန်းမှာ အခွင့်အရေးတွေကို ဖြုန်းတီးပြီး အလွယ်တကူ ဂိုးသွင်းရမယ့် အခွင့်အရေးတွေကို လွဲချော်ခဲ့တာတွေကို ပြိုင်ဘက်ပရိသတ်တွေက Supernatural လို့ လှောင်ပြောင်နေကြ။

– ချဲလ်ဆီးအသင်းအနေနဲ့ အေဒူယာ မန်ဒီကို ပထမဂိုးသမားအဖြစ် အနာဂတ်အတွက်ပါ အာမခံချက်ပေးလိုက်ပြီဖြစ်ပြီး အေစီမီလန်အသင်း ကနေ စာချုပ်ကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အီတလီဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာကို လက်လျှော့လိုက်ပြီလို့ ဖာဘရီဇီယို ရိုမာနို ထုတ်ဖော်သွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ တျခားအသင္းေတြထက္သာၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ ေမာင္းႏွင္ေပးႏိုင္တဲ့ ကစားသမားႏွစ္ဦးကို ပိုင္ဆိုင္ထားတယ္လို႔ ဂယ္ရီ နဗီးလ္သုံးသပ္သြားၿပီး သီယာဂို ေဆးလ္ဗားရဲ႕ အေတြ႕အႀကဳံနဲ႔ အန္ဂိုလို ကြန္ေတ အေကာင္းဆုံး ေျခစြမ္းျပေနမႈကို ေထာက္ျပ။

– ကစားခဲ့ၿပီးသမွ် ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ေျခစြမ္း မျပသႏိုင္ေသးတဲ့ ကြင္းလယ္လူ ခိုင္ ဟာဗတ္ဇ္အေနနဲ႔ ခ်ဲလ္ဆီးအသင္းမွာ ေအာင္ျမင္ႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္းနဲ႔ သူ႔အေနနဲ႔ ကိုဗစ္ေရာဂါကို ျပင္းျပင္းထန္ထန္ ခံစားထားခဲ့ရလို႔ျဖစ္ေၾကာင္း နည္းျပ ဖရန႔္ လမ္းပတ္ ကာကြယ္ေျပာၾကားသြားခဲ့။

– ခ်ဲလ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕လာခဲ့ၿပီး လက္စြမ္းျပသေနတဲ့ ဂိုးသမား ေအဒူယာ မန္ဒီကို ခ်ီးက်ဴးလိုက္တဲ့ ဘိုင္ယန္ျမဴးနစ္ဂိုးသမား မန္န်ဴယယ္ ႏြိဳင္ယာရဲ႕ စကားကို ရီယို ဖာဒီနန္က ေထာက္ခံလိုက္ၿပီး ကိုယ္လုံးကိုယ္ထည္ႀကီးထြားမႈနဲ႔အတူ ကာကြယ္မႈေကာင္းေတြ ျပဳလုပ္ႏိုင္တယ္လို႔ သုံးသပ္။

– လူငယ္ေတာင္ပံကစားသမား ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းရဲ႕ ပြဲကစားခ်ိန္ ပိုမိုရရွိဖို႔ စတမ္းဖို႔ဒ္ဘရစ္ခ်္က ထြက္ခြာခ်င္ေနတဲ့ ဆႏၵကို နည္းျပ လမ္းပတ္အေနနဲ႔ ပယ္ခ်သြားခဲ့ၿပီး အသင္းရဲ႕ တိုက္စစ္မွာ အေျပာင္းအလဲမ်ားမ်ားလုပ္ႏိုင္ဖို႔ သူ႔ကို လိုအပ္ေၾကာင္း ေျပာၾကားထား။

– အဲဗာတန္နဲ႔ ဝက္စ္ဟမ္းအသင္းေတြက ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ အငွားေခၚယူဖို႔ ႀကိဳးစားခဲ့ဖူးေပမယ့္ အသင္းမွာ ဆက္ေနၿပီး တိုက္ပြဲဝင္ဖို႔ ဆုံးျဖတ္ခဲ့တဲ့ လူငယ္ေနာက္ခံလူ ဖီကာယို တိုမိုရီအေနနဲ႔ ဇန္နဝါရီမွာေတာ့ အသင္းက ထြက္ခြာဖို႔ သေဘာတူညီသြားဖြယ္ရွိေန။

– ဂ်ာမန္တိုက္စစ္မႉး တီမို ဗာနာရဲ႕ ခ်ဲလ္ဆီးအသင္းေရွ႕တန္းမွာ အခြင့္အေရးေတြကို ျဖဳန္းတီးၿပီး အလြယ္တကူ ဂိုးသြင္းရမယ့္ အခြင့္အေရးေတြကို လြဲေခ်ာ္ခဲ့တာေတြကို ၿပိဳင္ဘက္ပရိသတ္ေတြက Supernatural လို႔ ေလွာင္ေျပာင္ေနၾက။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေအဒူယာ မန္ဒီကို ပထမဂိုးသမားအျဖစ္ အနာဂတ္အတြက္ပါ အာမခံခ်က္ေပးလိုက္ၿပီျဖစ္ၿပီး ေအစီမီလန္အသင္း ကေန စာခ်ဳပ္ကုန္ဆုံးခ်ိန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မယ့္ အီတလီဂိုးသမား ဂ်န္လြီဂီ ဒြန္နာရမ္မာကို လက္ေလွ်ာ့လိုက္ၿပီလို႔ ဖာဘရီဇီယို ႐ိုမာႏို ထုတ္ေဖာ္သြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.