Premier League Transfer News

4 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ရက်ပစ် ဗီယင်နာကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး လာကာဇက်တစ်ယောက် ယူရိုပါလိဂ်သွင်းဂိုး ၂၀ ပြည့်ခဲ့သလို အသင်းအနေနဲ့ ၂၀၀၅-၀၆ နောက်ပိုင်း ဥရောပအဆင့်ပြိုင်ပွဲတွေမှာ အဖွင့်ပွဲ ၅ ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ စံချိန်ကိုလည်း ရရှိသွားခဲ့။

– ကွင်းလယ်မှာ ပါဝင်ကစားလာခဲ့ပြီး ခြေစွမ်းပြခဲ့သလို ခံစစ်မှာရော တိုက်စစ်လိုက်ပါမှုတွေမှာပါ ထိထိရောက်ရောက်ကစားနိုင်ခဲ့တဲ့ အိန်းစလီ မိတ်လန်းနိုင်းလ်စ်ကို ပီတာ ခရောက်ချ်နဲ့ မာတင် ကီးယွန်းတို့ ချီးကျူးခဲ့ကြပြီး လွယ်လင့်တကူ စွမ်းဆောင်နိုင်ခဲ့တယ်လို့ဆို။

– လာမယ့်တနင်္ဂနွေမှာ မြောက်လန်ဒန်ဒါဘီပွဲကို နွှဲရမယ့် နည်းပြ ဂျိုဆေး မော်ရင်ညိုက သူ့ရဲ့ အာဆင်နယ်အသင်းနဲ့ အိမ်ကွင်းပွဲတိုင်း ရှုံးပွဲမရှိတဲ့ စံချိန်ကို အလေးဂရုပြုနေမှာ မဟုတ်ကြောင်းနဲ့ ကိုယ့်အလုပ်ကိုပဲ ကိုယ်လုပ်မှာဖြစ်ကြောင်း ပွဲကြိုပြောကြားသွား။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာရဲ့ အနာဂတ်ကို စပါးစ်နဲ့ မြောက်လန်ဒန်ဒါဘီအပြီးမှာ စောင့်ကြည့်ရမှာဖြစ်ပြီး အစားထိုးဖို့အတွက် ချဲလ်ဆီးနည်းပြဟောင်း မော်ရီဇီယို ဆာရီက ရေပန်းစားနေပြီး သူ့တပည့်ဟောင်း ဂျော်ဂျင်ညိုနဲ့ ပြန်လည်ပေါင်းထုပ်နိုင်မယ်လို့ ခန့်မှန်းနေကြ။

– ချဲလ်ဆီးအသင်းကနေ မြင့်မားတဲ့ လစာငွေနဲ့ ခေါ်ယူထားခဲ့တဲ့ ကွင်းလယ်လူ ဝီလီယန်ကို နယ်လ်ဆန်လောက်တောင် သဘောမကျဘူးလို့ မာတင် ကီးယွန်းက ပြောကြားလိုက်ပြီး ဘရာဇီးလ်သားဟာ စိတ်ပါလက်ပါနဲ့ အင်အားစိုက်ထုတ်ကစားတာမျိုးကို မမြင်ရဘူးလို့ဆို။

– ရက်ပစ် ဗီယင်နာနဲ့ပွဲမှာ ကစားခဲ့ကြတဲ့ နောက်ခံလူတွေဖြစ်ကြတဲ့ ပါဘလို မာရီနဲ့ ကယ်လမ် ချိမ်းဘားစ်တို့ရဲ့ ပြန်လည်ပွဲထွက်မှုအတွက် နည်းပြ အာတီတာ ချီးကျူးသွားခဲ့ပြီး အသင်းနဲ့ လေ့ကျင့်နေတဲ့ သောမတ်စ် ပါတေးလည်း မကြာခင်မှာ ပြန်ပါလာမယ်လို့ ပြောကြား။

– ဂိုးရှေ့မှာ ယုံကြည်မှု ပျောက်ဆုံးနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ စပါးစ်နဲ့ပွဲမှာ ရလဒ်ကောင်းရယူဖို့ မဖြစ်နိုင်လောက်ဘူးလို့ ဘီဘီစီရဲ့ လော်ရို သုံးသပ်လိုက်ပြီး ဆွန်၊ ကိန်းအတွဲရဲ့ ပိုမိုကောင်းမွန်မှုနဲ့ အိမ်ရှင်တွေဘက်က နှစ်ဂိုး-ဂိုးမရှိလို့ ခန့်မှန်းသွား။

– အသင်းမှာ တကယ်တမ်း လိုအပ်နေတာဟာ ဖန်တီးမှုကောင်းမွန်တဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပေမယ့် အာဆင်နယ်အသင်းအနေနဲ့ ဘရိုက်တန်ရဲ့ ခံစစ်သန်ကစားသမား အိဗ်စ် ဘီဆူးမားကို ဇန်နဝါရီမှာ ကြိုးစားဖို့ ရှိနေတယ်လို့ သတင်းထွက်လာ။

– အာဆင်နယ်အသင်းရဲ့ ၁၂ ယောက်မြောက် ကစားသမားကို ကြိုဆိုနိုင်ခဲ့ပြီလို့ ပရိသတ် ၂၀၀၀ ပြန်လည်ရောက်ရှိလာမှုကို အာတီတာက ရည်ညွှန်းပြောကြားလိုက်ပြီး နိုင်ပွဲအတွက် ပရိသတ်တွေက အရေးပါခဲ့တယ်လို့ ရက်ပစ် ဗီယင်နာနဲ့ပွဲအပြီးမှာ လာကာဇက် အသိအမှတ်ပြု ပြောကြား။

– အသင်းနဲ့ တရားဝင်ပွဲတစ်ပွဲမှ ကစားခွင့် မရသေးတဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာအနေနဲ့ ပြင်သစ်ကို အငှားပြန်ဖို့ ကြိုးစားနေပေမယ့် အသင်းဘက်က ပွဲထွက်ဖို့ အခွင့်အရေးပေးလာခဲ့မယ်ဆိုရင် အမ်းမရိတ်မှာ ဆက်နေဖြစ်လိမ့်မယ်လို့ နီးစပ်ရာအသိုင်းအဝိုင်းပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ရက္ပစ္ ဗီယင္နာကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ တိုက္စစ္မႉး လာကာဇက္တစ္ေယာက္ ယူ႐ိုပါလိဂ္သြင္းဂိုး ၂၀ ျပည့္ခဲ့သလို အသင္းအေနနဲ႔ ၂၀၀၅-၀၆ ေနာက္ပိုင္း ဥေရာပအဆင့္ၿပိဳင္ပြဲေတြမွာ အဖြင့္ပြဲ ၅ ပြဲဆက္တိုက္ အႏိုင္ရခဲ့တဲ့ စံခ်ိန္ကိုလည္း ရရွိသြားခဲ့။

– ကြင္းလယ္မွာ ပါဝင္ကစားလာခဲ့ၿပီး ေျခစြမ္းျပခဲ့သလို ခံစစ္မွာေရာ တိုက္စစ္လိုက္ပါမႈေတြမွာပါ ထိထိေရာက္ေရာက္ကစားႏိုင္ခဲ့တဲ့ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ကို ပီတာ ခေရာက္ခ်္နဲ႔ မာတင္ ကီးယြန္းတို႔ ခ်ီးက်ဴးခဲ့ၾကၿပီး လြယ္လင့္တကူ စြမ္းေဆာင္ႏိုင္ခဲ့တယ္လို႔ဆို။

– လာမယ့္တနဂၤေႏြမွာ ေျမာက္လန္ဒန္ဒါဘီပြဲကို ႏႊဲရမယ့္ နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳက သူ႔ရဲ႕ အာဆင္နယ္အသင္းနဲ႔ အိမ္ကြင္းပြဲတိုင္း ရႈံးပြဲမရွိတဲ့ စံခ်ိန္ကို အေလးဂ႐ုျပဳေနမွာ မဟုတ္ေၾကာင္းနဲ႔ ကိုယ့္အလုပ္ကိုပဲ ကိုယ္လုပ္မွာျဖစ္ေၾကာင္း ပြဲႀကိဳေျပာၾကားသြား။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာရဲ႕ အနာဂတ္ကို စပါးစ္နဲ႔ ေျမာက္လန္ဒန္ဒါဘီအၿပီးမွာ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး အစားထိုးဖို႔အတြက္ ခ်ဲလ္ဆီးနည္းျပေဟာင္း ေမာ္ရီဇီယို ဆာရီက ေရပန္းစားေနၿပီး သူ႔တပည့္ေဟာင္း ေဂ်ာ္ဂ်င္ညိဳနဲ႔ ျပန္လည္ေပါင္းထုပ္ႏိုင္မယ္လို႔ ခန႔္မွန္းေနၾက။

– ခ်ဲလ္ဆီးအသင္းကေန ျမင့္မားတဲ့ လစာေငြနဲ႔ ေခၚယူထားခဲ့တဲ့ ကြင္းလယ္လူ ဝီလီယန္ကို နယ္လ္ဆန္ေလာက္ေတာင္ သေဘာမက်ဘူးလို႔ မာတင္ ကီးယြန္းက ေျပာၾကားလိုက္ၿပီး ဘရာဇီးလ္သားဟာ စိတ္ပါလက္ပါနဲ႔ အင္အားစိုက္ထုတ္ကစားတာမ်ိဳးကို မျမင္ရဘူးလို႔ဆို။

– ရက္ပစ္ ဗီယင္နာနဲ႔ပြဲမွာ ကစားခဲ့ၾကတဲ့ ေနာက္ခံလူေတြျဖစ္ၾကတဲ့ ပါဘလို မာရီနဲ႔ ကယ္လမ္ ခ်ိမ္းဘားစ္တို႔ရဲ႕ ျပန္လည္ပြဲထြက္မႈအတြက္ နည္းျပ အာတီတာ ခ်ီးက်ဴးသြားခဲ့ၿပီး အသင္းနဲ႔ ေလ့က်င့္ေနတဲ့ ေသာမတ္စ္ ပါေတးလည္း မၾကာခင္မွာ ျပန္ပါလာမယ္လို႔ ေျပာၾကား။

– ဂိုးေရွ႕မွာ ယုံၾကည္မႈ ေပ်ာက္ဆုံးေနတဲ့ အာဆင္နယ္အသင္းအေနနဲ႔ စပါးစ္နဲ႔ပြဲမွာ ရလဒ္ေကာင္းရယူဖို႔ မျဖစ္ႏိုင္ေလာက္ဘူးလို႔ ဘီဘီစီရဲ႕ ေလာ္႐ို သုံးသပ္လိုက္ၿပီး ဆြန္၊ ကိန္းအတြဲရဲ႕ ပိုမိုေကာင္းမြန္မႈနဲ႔ အိမ္ရွင္ေတြဘက္က ႏွစ္ဂိုး-ဂိုးမရွိလို႔ ခန႔္မွန္းသြား။

– အသင္းမွာ တကယ္တမ္း လိုအပ္ေနတာဟာ ဖန္တီးမႈေကာင္းမြန္တဲ့ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္ေပမယ့္ အာဆင္နယ္အသင္းအေနနဲ႔ ဘ႐ိုက္တန္ရဲ႕ ခံစစ္သန္ကစားသမား အိဗ္စ္ ဘီဆူးမားကို ဇန္နဝါရီမွာ ႀကိဳးစားဖို႔ ရွိေနတယ္လို႔ သတင္းထြက္လာ။

– အာဆင္နယ္အသင္းရဲ႕ ၁၂ ေယာက္ေျမာက္ ကစားသမားကို ႀကိဳဆိုႏိုင္ခဲ့ၿပီလို႔ ပရိသတ္ ၂၀၀၀ ျပန္လည္ေရာက္ရွိလာမႈကို အာတီတာက ရည္ၫႊန္းေျပာၾကားလိုက္ၿပီး ႏိုင္ပြဲအတြက္ ပရိသတ္ေတြက အေရးပါခဲ့တယ္လို႔ ရက္ပစ္ ဗီယင္နာနဲ႔ပြဲအၿပီးမွာ လာကာဇက္ အသိအမွတ္ျပဳ ေျပာၾကား။

– အသင္းနဲ႔ တရားဝင္ပြဲတစ္ပြဲမွ ကစားခြင့္ မရေသးတဲ့ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာအေနနဲ႔ ျပင္သစ္ကို အငွားျပန္ဖို႔ ႀကိဳးစားေနေပမယ့္ အသင္းဘက္က ပြဲထြက္ဖို႔ အခြင့္အေရးေပးလာခဲ့မယ္ဆိုရင္ အမ္းမရိတ္မွာ ဆက္ေနျဖစ္လိမ့္မယ္လို႔ နီးစပ္ရာအသိုင္းအဝိုင္းေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.