Premier League

နယူးကာဆယ္လ္အစား မန္ခ်က္စတာယူႏိုက္တက္ကိုပဲ ေဆာ္ဒီမင္းသား ျပန္စိတ္ဝင္စားလာ

နယူးကာဆယ္လ္ယူႏုိက္တက္အသင္းကို အသင္းပုိင္ရွင္ မုိက္ခ္ အက္ရွ္လီထံကေန လႊဲေျပာင္းယူဖို႔ ျပင္ထားတဲ့ ေဆာဒီအာေရဗ်ေနာက္ခံ စီးပြားေရးလုပ္ငန္းစုတစ္ခုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ၀ယ္ဖို႔ ေျပာင္းလဲစိတ္၀င္စားလာတယ္လို႔ သတင္းထြက္လာပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းက နယူးကာဆယ္လ္အသင္းကို မိုက္ခ္ အက္ရွ္လီဆီကေန ေဆာ္ဒီေတာ္၀င္မင္းသား မိုဟာမက္ဘင္ဆယ္လ္မန္းက လႊဲေျပာင္းယူမယ္လို႔ သတင္းထြက္ခ့ဲတာေတြကို နည္းျပ စတိဗ္ဘရုစ္ကေတာ့ မတုန္မလႈပ္ဘဲ တံု႔ျပန္ခဲ့ၿပီး သူရဲ႕ေျပာစကားေတြအရ နယူးကာဆယ္အသင္းပိုင္ရွင္အေျပာင္းအလဲျဖစ္ဖို႔ဟာ ေတာ္ေတာ္ေလးေသြးျပန္ေအးသြားတဲ့အေျခအေနပါ။

ၿဗိတိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ Shields Gazette ရဲ႕အဆိုအရ ေဆာ္ဒီျပည္သူ႕ရင္းႏွီးျမႇဳပ္ႏွံမႈရန္ပံုေငြအဖြဲ႔ဟာ Wall Street ဂ်ာနယ္မွာ ငွက္က်ားေတြကို ေပါင္ ၃၄၅ သန္းနဲ႔ ဝယ္ယူဖြယ္ရွိတဲ့ သတင္းေတြ ေပါက္ၾကားလာတယ္လို႔ ဆိုေပမယ့္ ေနာက္ဆံုးမွာ မူလက စိတ္၀င္စားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ကိုပဲ ေဆာ္ဒီေတာ္ဝင္မင္းသားက ျပန္လည္စိတ္၀င္စားလာတယ္လို႔ သိရပါတယ္။

လြန္ခဲ့တဲ့ ၁၈ လေလာက္က ဘင္ဆယ္လ္မန္းဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းကို လႊဲေျပာင္းယူဖို႔ ေတာ္ေတာ္ေလးႀကိဳးစားခဲ့ေသးတာျဖစ္ေပမယ့္ အသင္းပုိင္ရွင္ ဂေလဇာမိသားစုက ပယ္ခ်ခဲ့လို႔ မေအာင္ျမင္ခဲ့တာလည္းျဖစ္ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္ကို ၀ယ္မယ္ဆိုရင္ သူ႔ရဲ႕႔ပိုင္ဆိုင္မႈတခ်ိဳ႕ကိုပါ ေရာင္းခ်ၿပီး ေပါင္ ၃ဘီလ်ံေလာက္အထိ သံုးႏိုင္ဖို႔လိုပါတယ္။

လတ္တေလာမွာေတာ့ ပထမတစ္ႀကိမ္က အေျခအေနနဲ႔ မတူေတာ့ဘဲ မန္ခ်က္စတာယူႏိုက္တက္အသင္းကိုယ္တိုင္ကလည္း ေၾကြးၿမီေတြျမင့္တက္လာၿပီး လုပ္ငန္းလည္ပတ္ေငြလည္း ေလ်ာ့က်လာပါတယ္။ ၿပီးခဲ့တဲ့ဒီဇင္ဘာလအထိ တြက္ထားတဲ့ ဒုတိယ ၃လပတ္ ဘ႑ာေရးအစီရင္ခံစာကို ၿပီးခဲ့တဲ့ရက္ပိုင္းကထုတ္ျပန္ခဲ့ရာမွာ ေၾကြးၿမီက ေပါင္ ၃၉၁.၃သန္းအထိ ျမင့္တက္လာတယ္လို႔ ဆိုထားတာေၾကာင့္ ေဆာ္ဒီေတာ္၀င္မင္းသားရဲ႕ စိတ္၀င္စား လာမႈက ဂေလဇာမိသားစုကို အာရံုေျပာင္းေစမလားလို႔ ေစာင့္ၾကည့္သြားရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: နယူးကာဆယ်လ်ယူနိုက်တက်အသင်းကို အသင်းပိုင်ရှင် မိုက်ခ် အက်ရှ်လီထံကနေ လွှဲပြောင်းယူဖို့ ပြင်ထားတဲ့ ဆောဒီအာရေဗျနောက်ခံ စီးပွားရေးလုပ်ငန်းစုတစ်ခုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ဖို့ ပြောင်းလဲစိတ်ဝင်စားလာတယ်လို့ သတင်းထွက်လာပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက နယူးကာဆယ်လ်အသင်းကို မိုက်ခ် အက်ရှ်လီဆီကနေ ဆော်ဒီတော်ဝင်မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်းက လွှဲပြောင်းယူမယ်လို့ သတင်းထွက်ခဲ့တာတွေကို နည်းပြ စတိဗ်ဘရုစ်ကတော့ မတုန်မလှုပ်ဘဲ တုံ့ပြန်ခဲ့ပြီး သူရဲ့ပြောစကားတွေအရ နယူးကာဆယ်အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ဖို့ဟာ တော်တော်လေးသွေးပြန်အေးသွားတဲ့အခြေအနေပါ။

ဗြိတိန်သတင်းစာတစ်စောင်ဖြစ်တဲ့ Shields Gazette ရဲ့အဆိုအရ ဆော်ဒီပြည်သူ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ဟာ Wall Street ဂျာနယ်မှာ ငှက်ကျားတွေကို ပေါင် ၃၄၅ သန်းနဲ့ ဝယ်ယူဖွယ်ရှိတဲ့ သတင်းတွေ ပေါက်ကြားလာတယ်လို့ ဆိုပေမယ့် နောက်ဆုံးမှာ မူလက စိတ်ဝင်စားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကိုပဲ ဆော်ဒီတော်ဝင်မင်းသားက ပြန်လည်စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၁၈ လလောက်က ဘင်ဆယ်လ်မန်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို လွှဲပြောင်းယူဖို့ တော်တော်လေးကြိုးစားခဲ့သေးတာဖြစ်ပေမယ့် အသင်းပိုင်ရှင် ဂလေဇာမိသားစုက ပယ်ချခဲ့လို့ မအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကို ဝယ်မယ်ဆိုရင် သူ့ရဲ့ပိုင်ဆိုင်မှုတချို့ကိုပါ ရောင်းချပြီး ပေါင် ၃ဘီလျံလောက်အထိ သုံးနိုင်ဖို့လိုပါတယ်။

လတ်တလောမှာတော့ ပထမတစ်ကြိမ်က အခြေအနေနဲ့ မတူတော့ဘဲ မန်ချက်စတာယူနိုက်တက်အသင်းကိုယ်တိုင်ကလည်း ကြွေးမြီတွေမြင့်တက်လာပြီး လုပ်ငန်းလည်ပတ်ငွေလည်း လျော့ကျလာပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလအထိ တွက်ထားတဲ့ ဒုတိယ ၃လပတ် ဘဏ္ဍာရေးအစီရင်ခံစာကို ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ခဲ့ရာမှာ ကြွေးမြီက ပေါင် ၃၉၁.၃သန်းအထိ မြင့်တက်လာတယ်လို့ ဆိုထားတာကြောင့် ဆော်ဒီတော်ဝင်မင်းသားရဲ့ စိတ်ဝင်စား လာမှုက ဂလေဇာမိသားစုကို အာရုံပြောင်းစေမလားလို့ စောင့်ကြည့်သွားရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.