Premier League Transfer News

27 Nov နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– မိုလ်ဒီနဲ့ပွဲမှာ လူစားဝင်ကစားခွင့် ရရှိခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်အနေနဲ့ သူ့ရဲ့ အသင်းကြီးအတွက် ပထမဆုံး ဂိုးပေါက်ကန်ခွင့်ကနေ ပထမဆုံးဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပြီး ဂိုးမသွင်းနိုင်တဲ့ စီနီယာတိုက်စစ်မှူးတွေအတွက်တော့ အပြောခံရစရာ ဖြစ်လာခဲ့။

– လူငယ်တိုက်စစ်မှူး အက်ဒီ နကီးတီးယားအနေနဲ့ မိုလ်ဒီနဲ့ပွဲမှာ ဘောလုံးဆုံးရှုံးမှု များခဲ့ပြီး ၅၀-၅၀ အနေအထားက ၄ ကြိမ် ရယူဖို့ ကြိုးစားရာမှာ တစ်ကြိမ်မှ မရခဲ့တဲ့အတွက် အငှားချရမယ့်အစား အသင်းမှာ နေရာပေးဖို့ ကြိုးစားခဲ့တဲ့ နည်းပြ မီခယ်လ် အာတီတာအတွက် မျက်နှာပျက်စရာဖြစ်လာ။

– အာဆင်နယ်အသင်းအနေနဲ့ အသင်းရဲ့ ဒီရာသီ နောက်ဆုံးသွင်းဂိုး ၁၃ ဂိုးမှာ ၁၂ ဂိုးကို ယူရိုပါလိဂ်မှာ ရယူနိုင်ခဲ့တာဖြစ်ပြီး တောင်ပံ တိုက်စစ်မှူး နီကိုလာ ပေပေဟာလည်း သူ့ရဲ့ ယူရိုပါလိဂ်နောက်ဆုံး ၁၀ ပွဲမှာ ၉ ဂိုးအထိ ပါဝင်ပတ်သက်ထားနိုင်ခဲ့။

– လိဒ်စ်နဲ့ပွဲမှာ အနီကတ်နဲ့ အထုတ်ပယ်ခံခဲ့ရပြီး ရှုတ်ချဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတဲ့ နီကိုလာ ပေပေရဲ့ မိုလ်ဒီနဲ့ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းနဲ့ လုပ်အားနှုန်းအတွက် အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာ ချီးကျူးသွား။

– လူစားဝင်လာပြီး အသင်းဖော် ဘာလိုဂွန် ဂိုးသွင်းနိုင်ဖို့အတွက် တစ်ကိုယ်ကောင်းမဆန်ဘဲ ဂိုးရှေ့မှာ ကန်သွင်းဖို့ ကြိုးစားမယ့်အစား ရင့်ကျက်တည်ငြိမ်စွာနဲ့ ဖန်တီးပေးခဲ့တဲ့ အီမီးလ် စမစ်ရိုးဟာ တစ်ဆင့်ချင်း တိုးတက်လာနေတယ်လို့ နည်းပြ အာတီတာသုံးသပ်။

– အာဆင်နယ်အသင်းအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ လူငယ်ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းကိုသာ ခေါ်ယူမှာဖြစ်ပြီး ဒီအတွက် အင်တာမီလန်ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆန်ကို ပေါင် ၁၂ သန်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ပယ်ချခဲ့ခြင်းနဲ့ သိသာစေခဲ့တယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်။

– နောက်ဆုံးပွဲတွေမှာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့သလို အဆုံးသတ်ဖို့လည်း အဆင်သင့် ရှိမနေဘဲ ကွင်းထဲမှာ စိတ်ပျက်လက်ပျက် အမူအရာမျိုးကိုပဲ ပြသနေခဲ့တဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ဇန်နဝါရီမှာ သင့်တော်တဲ့ ဈေးရရင် ရောင်းချသွားဖို့ ပရိသတ်တွေ တိုက်တွန်းနေကြ။

– အဲဗာတန်အသင်းရဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်နောက်ခံလူ သီယာရီ စမောလ်ရဲ့ စာချုပ်ချုပ်ဆိုဖို့ အဆင်မပြေတဲ့ အရိပ်အယောင်ရှိနေတာကို အာဆင်နယ်စောင့်ကြည့်နေပြီး ဘယ်သန်ကစားသမားကို အကယ်ဒမီမှာ ထွန်းတောက်လာနိုင်သူအဖြစ် နေရာပေးသွားဖို့ ရည်ရွယ်ထား။

– ဟန်ဂေရီလက်ရွေးစင်အသင်းရဲ့ နည်းပြဟောင်း ပါဒါဒိုင်းက ကွင်းလယ်လူ ဆိုဘော့ဆ်လိုင်းအနေနဲ့ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ကနေ ထွက်ခွာခဲ့ရင် တခြားအချက်အလက်တွေထက် အသင်းသစ်မှာ ရရှိမယ့် ကစားခွင့် အာမခံချက်ကို ကြည့်ရှုရွေးချယ်သွားဖို့ အကြံပေး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မိုလ္ဒီနဲ႔ပြဲမွာ လူစားဝင္ကစားခြင့္ ရရွိခဲ့တဲ့ လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္အေနနဲ႔ သူ႔ရဲ႕ အသင္းႀကီးအတြက္ ပထမဆုံး ဂိုးေပါက္ကန္ခြင့္ကေန ပထမဆုံးဂိုးကို ရယူႏိုင္ခဲ့တာျဖစ္ၿပီး ဂိုးမသြင္းႏိုင္တဲ့ စီနီယာတိုက္စစ္မႉးေတြအတြက္ေတာ့ အေျပာခံရစရာ ျဖစ္လာခဲ့။

– လူငယ္တိုက္စစ္မႉး အက္ဒီ နကီးတီးယားအေနနဲ႔ မိုလ္ဒီနဲ႔ပြဲမွာ ေဘာလုံးဆုံးရႈံးမႈ မ်ားခဲ့ၿပီး ၅၀-၅၀ အေနအထားက ၄ ႀကိမ္ ရယူဖို႔ ႀကိဳးစားရာမွာ တစ္ႀကိမ္မွ မရခဲ့တဲ့အတြက္ အငွားခ်ရမယ့္အစား အသင္းမွာ ေနရာေပးဖို႔ ႀကိဳးစားခဲ့တဲ့ နည္းျပ မီခယ္လ္ အာတီတာအတြက္ မ်က္ႏွာပ်က္စရာျဖစ္လာ။

– အာဆင္နယ္အသင္းအေနနဲ႔ အသင္းရဲ႕ ဒီရာသီ ေနာက္ဆုံးသြင္းဂိုး ၁၃ ဂိုးမွာ ၁၂ ဂိုးကို ယူ႐ိုပါလိဂ္မွာ ရယူႏိုင္ခဲ့တာျဖစ္ၿပီး ေတာင္ပံ တိုက္စစ္မႉး နီကိုလာ ေပေပဟာလည္း သူ႔ရဲ႕ ယူ႐ိုပါလိဂ္ေနာက္ဆုံး ၁၀ ပြဲမွာ ၉ ဂိုးအထိ ပါဝင္ပတ္သက္ထားႏိုင္ခဲ့။

– လိဒ္စ္နဲ႔ပြဲမွာ အနီကတ္နဲ႔ အထုတ္ပယ္ခံခဲ့ရၿပီး ရႈတ္ခ်ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနခဲ့ရတဲ့ နီကိုလာ ေပေပရဲ႕ မိုလ္ဒီနဲ႔ပြဲမွာ ျပသခဲ့တဲ့ ေျခစြမ္းနဲ႔ လုပ္အားႏႈန္းအတြက္ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာ ခ်ီးက်ဴးသြား။

– လူစားဝင္လာၿပီး အသင္းေဖာ္ ဘာလိုဂြန္ ဂိုးသြင္းႏိုင္ဖို႔အတြက္ တစ္ကိုယ္ေကာင္းမဆန္ဘဲ ဂိုးေရွ႕မွာ ကန္သြင္းဖို႔ ႀကိဳးစားမယ့္အစား ရင့္က်က္တည္ၿငိမ္စြာနဲ႔ ဖန္တီးေပးခဲ့တဲ့ အီမီးလ္ စမစ္႐ိုးဟာ တစ္ဆင့္ခ်င္း တိုးတက္လာေနတယ္လို႔ နည္းျပ အာတီတာသုံးသပ္။

– အာဆင္နယ္အသင္းအေနနဲ႔ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ လူငယ္ကြင္းလယ္လူ ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္းကိုသာ ေခၚယူမွာျဖစ္ၿပီး ဒီအတြက္ အင္တာမီလန္ကြင္းလယ္လူ ခရစၥတီယန္ အဲရစ္ဆန္ကို ေပါင္ ၁၂ သန္းနဲ႔ ေခၚယူႏိုင္မယ့္ အခြင့္အေရးကို ပယ္ခ်ခဲ့ျခင္းနဲ႔ သိသာေစခဲ့တယ္လို႔ ကြၽမ္းက်င္သူေတြ သုံးသပ္။

– ေနာက္ဆုံးပြဲေတြမွာ ဂိုးေပါက္ေပ်ာက္ဆုံးေနခဲ့သလို အဆုံးသတ္ဖို႔လည္း အဆင္သင့္ ရွိမေနဘဲ ကြင္းထဲမွာ စိတ္ပ်က္လက္ပ်က္ အမူအရာမ်ိဳးကိုပဲ ျပသေနခဲ့တဲ့ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို ဇန္နဝါရီမွာ သင့္ေတာ္တဲ့ ေဈးရရင္ ေရာင္းခ်သြားဖို႔ ပရိသတ္ေတြ တိုက္တြန္းေနၾက။

– အဲဗာတန္အသင္းရဲ႕ အသက္ ၁၆ ႏွစ္အ႐ြယ္ လူငယ္ေနာက္ခံလူ သီယာရီ စေမာလ္ရဲ႕ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ အဆင္မေျပတဲ့ အရိပ္အေယာင္ရွိေနတာကို အာဆင္နယ္ေစာင့္ၾကည့္ေနၿပီး ဘယ္သန္ကစားသမားကို အကယ္ဒမီမွာ ထြန္းေတာက္လာႏိုင္သူအျဖစ္ ေနရာေပးသြားဖို႔ ရည္႐ြယ္ထား။

– ဟန္ေဂရီလက္ေ႐ြးစင္အသင္းရဲ႕ နည္းျပေဟာင္း ပါဒါဒိုင္းက ကြင္းလယ္လူ ဆိုေဘာ့ဆ္လိုင္းအေနနဲ႔ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ကေန ထြက္ခြာခဲ့ရင္ တျခားအခ်က္အလက္ေတြထက္ အသင္းသစ္မွာ ရရွိမယ့္ ကစားခြင့္ အာမခံခ်က္ကို ၾကည့္ရႈေ႐ြးခ်ယ္သြားဖို႔ အႀကံေပး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.