Premier League

ရန်းနင်း ၁-၂ ချယ်လ်ဆီးပွဲအပြီး ပြောစရာ ၅ ချက်

ဂိုးသွင်းခဲ့တဲ့ ပရိသတ်အချစ်တော် ဟဒ်ဆန်-အိုဒွိုင်း – သူ့ရဲ့ နယူးကာဆယ်နဲ့ပွဲက ခြေစွမ်းကို သဘောကျခဲ့တဲ့ နည်းပြလမ်းပတ်က အိုဒွိုင်းကို ယုံကြည်မှုရှိရှိလုပ်ပြဖို့ ခိုင်းခဲ့တဲ့အတိုင်း ပွဲထွက်နေရာ ပေးလာခဲ့ပြီး ချယ်လ်ဆီးရဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ နေရာလုတိုက်ပွဲတွေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ အသင်းလူစာရင်းမှာတော့ အခုထက်ပို သက်သေပြသွားရဖို့ ရှိနေပါတယ်။

မှော်ဝင်နေတဲ့ မေဆန် မောင့် – မောင့်က အဖွင့်ဂိုးအတွ​က် ဗိသုကာဖြစ်ခဲ့ပြီး မျက်လှည့်ဆန်ဆန်ပဲ ဂိုးဖန်တီးပေးခဲ့ပါတယ်။ ပွဲထွက်ခွင့်ရတိုင်း ပရိသတ်တွေရဲ့ မနှစ်မြို့မှုကို ခံယူနေရတဲ့ မောင့်တယောက် အများရဲ့ မချစ်သော မျက်စိတွေကို ပိတ်လိုက်နိုင်ပြီလို့ ဆိုရမှာပါ။ သူဟာ ချယ်လ်ဆီးမှာ ပုံမှန်ပွဲထွက်ခွင့်ရနေမယ့် ကစားသမားမျိုးဖြစ်ပြီး ဒီနေ့ပွဲလို ပြောင်မြောက်တဲ့ ဂိုးဖန်တီးမှုမျိုးကို အမြဲမြင်တွေ့ရလာဖို့ မျှော်လင့်ထားခံနေရပါတယ်။

ချယ်လ်ဆီးကို ပြောင်းပြန်လှန်လိုက်တဲ့ မန်ဒီ – မန်ဒီမပါခင်က ချယ်လ်ဆီးနဲ့ လက်ရှိချယ်လ်ဆီးရဲ့ ယုံကြည်မှုအားက အကွာကြီးဖြစ်ခဲ့ပါတယ်။ အသင်းအတွက် ဒီရာသီ အရေးအကြီးဆုံး ခေါ်ယူမှုအဖြစ် အထူးတလည် ချီးကျူး အသိအမှတ်ပြုရမှာဖြစ်ပြီး ထောက်ခံမှုတွေနဲ့လည်း ထိုက်တန်အောင် လက်စွမ်းပြနေတဲ့ မန်ဒီပါ။ ကျဆင်းနေတဲ့ ချယ်လ်ဆီးရဲ့ ယုံကြည်မှုကို ပြောင်းပြန်လှန်လိုက်တဲ့ မန်ဒီက ဒီနေ့ပွဲမှာလည်း တဂိုးပေးခဲ့ရပေမယ့် အထူးလက်စွမ်းပြသွားခဲ့ပါတယ်။

ငါမအိုသေး ဆိုတဲ့ ဂျီရူး – ပွဲထွက်ကစားချင်လို့ အသင်းပြောင်းဖို့ သတင်းတွေပြေးတဲ့ ဂျီရူးက ချယ်လ်ဆီးရဲ့ အနိုင်ဂိုးကို သေသေသပ်သပ် ယူဆောင်ပေးခဲ့ပြီး အသင်းက ဂိုးလိုအပ်နေချိန်မှာ ငါမအိုသေးလို့ ကြုံးဝါးပြီး ပွဲထွက်တနေရာပေးဖို့ နည်းပြကို သတိပေးသွားခဲ့သလိုပါပဲ။ လမ်းပတ်အနေနဲ့ ဂျီရူးကို အသင်းကနေ လက်လွှတ်စရာ မရှိကြောင်း ပြောထားခဲ့ပြီး ဖြစ်ပါတယ်။

ဂိုးဖြုန်းတီးမှုတွေကနေ ပေးဆပ်ကြီးမားလာနိုင်တဲ့ ချယ်လ်ဆီး – နယူးကာဆယ်နဲ့ ပွဲမှာ ဂိုးဖြုန်းတီးမှုတွေအကြောင်း ပြောလို့မှ မဆုံးသေး၊ လေးရက်အတွင်း ရန်းနင်းနဲ့ပွဲမှာလည်း ချယ်လ်ဆီးက ဂိုးအခွင့်အရေးတွေကို ထပ်မံ ဖြုန်းတီးပစ်ခဲ့ပြန်ပါတယ်။ စောစောစီးစီး ဂိုးရပြီး ပွဲသိမ်းနိုင်ခဲ့မယ့် အခွင့်အရေးတွေကို လက်လွှတ်ခဲ့ပြီး တီမို ဗာနာရဲ့ ပွဲချိန်အဖွင့်မိနစ်က ဂိုးကန်သွင်းမှု နဲ့ မောင့်ရဲ့ ၆ ကိုက်စည်းထိပ်က အပိုင်အခွင့်အရေးတွေက အရာမထင်ခဲ့ပါဘူး။ ဂိုးဖြုန်းတီးမှုတွေက ချယ်လ်ဆီးကို ပိုမိုမောပန်းစေပြီး ထင်သလောက်မပေါက်ဘဲ ချေပဂိုးပြန်ပေးခဲ့ရပါတယ်။ ဒါက ရှေ့အလားအလာမှာ လမ်းပတ် သတိထားကိုင်တွယ်သွားရမယ့် အဆုံးသတ်ပိုင်း ပြဿနာဖြစ်ပါတယ်။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂိုးသြင္းခဲ့တဲ့ ပရိသတ္အခ်စ္ေတာ္ ဟဒ္ဆန္-အိုဒြိုင္း – သူ႕ရဲ႕ နယူးကာဆယ္နဲ႕ပြဲက ေျခစြမ္းကို သေဘာက်ခဲ့တဲ့ နည္းျပလမ္းပတ္က အိုဒြိုင္းကို ယုံၾကည္မႈရွိရွိလုပ္ျပဖို႔ ခိုင္းခဲ့တဲ့အတိုင္း ပြဲထြက္ေနရာ ေပးလာခဲ့ၿပီး ခ်ယ္လ္ဆီးရဲ႕ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။ ေနရာလုတိုက္ပြဲေတြနဲ႕ ၿပိဳင္ဆိုင္မႈျပင္းထန္ေနတဲ့ အသင္းလူစာရင္းမွာေတာ့ အခုထက္ပို သက္ေသျပသြားရဖို႔ ရွိေနပါတယ္။

ေမွာ္ဝင္ေနတဲ့ ေမဆန္ ေမာင့္ – ေမာင့္က အဖြင့္ဂိုးအတြ​က္ ဗိသုကာျဖစ္ခဲ့ၿပီး မ်က္လွည့္ဆန္ဆန္ပဲ ဂိုးဖန္တီးေပးခဲ့ပါတယ္။ ပြဲထြက္ခြင့္ရတိုင္း ပရိသတ္ေတြရဲ႕ မႏွစ္ၿမိဳ႕မႈကို ခံယူေနရတဲ့ ေမာင့္တေယာက္ အမ်ားရဲ႕ မခ်စ္ေသာ မ်က္စိေတြကို ပိတ္လိုက္နိုင္ၿပီလို႔ ဆိုရမွာပါ။ သူဟာ ခ်ယ္လ္ဆီးမွာ ပုံမွန္ပြဲထြက္ခြင့္ရေနမယ့္ ကစားသမားမ်ိဳးျဖစ္ၿပီး ဒီေန႕ပြဲလို ေျပာင္ေျမာက္တဲ့ ဂိုးဖန္တီးမႈမ်ိဳးကို အၿမဲျမင္ေတြ႕ရလာဖို႔ ေမွ်ာ္လင့္ထားခံေနရပါတယ္။

ခ်ယ္လ္ဆီးကို ေျပာင္းျပန္လွန္လိုက္တဲ့ မန္ဒီ – မန္ဒီမပါခင္က ခ်ယ္လ္ဆီးနဲ႕ လက္ရွိခ်ယ္လ္ဆီးရဲ႕ ယုံၾကည္မႈအားက အကြာႀကီးျဖစ္ခဲ့ပါတယ္။ အသင္းအတြက္ ဒီရာသီ အေရးအႀကီးဆုံး ေခၚယူမႈအျဖစ္ အထူးတလည္ ခ်ီးက်ဴး အသိအမွတ္ျပဳရမွာျဖစ္ၿပီး ေထာက္ခံမႈေတြနဲ႕လည္း ထိုက္တန္ေအာင္ လက္စြမ္းျပေနတဲ့ မန္ဒီပါ။ က်ဆင္းေနတဲ့ ခ်ယ္လ္ဆီးရဲ႕ ယုံၾကည္မႈကို ေျပာင္းျပန္လွန္လိုက္တဲ့ မန္ဒီက ဒီေန႕ပြဲမွာလည္း တဂိုးေပးခဲ့ရေပမယ့္ အထူးလက္စြမ္းျပသြားခဲ့ပါတယ္။

ငါမအိုေသး ဆိုတဲ့ ဂ်ီ႐ူး – ပြဲထြက္ကစားခ်င္လို႔ အသင္းေျပာင္းဖို႔ သတင္းေတြေျပးတဲ့ ဂ်ီ႐ူးက ခ်ယ္လ္ဆီးရဲ႕ အနိုင္ဂိုးကို ေသေသသပ္သပ္ ယူေဆာင္ေပးခဲ့ၿပီး အသင္းက ဂိုးလိုအပ္ေနခ်ိန္မွာ ငါမအိုေသးလို႔ ႀကဳံးဝါးၿပီး ပြဲထြက္တေနရာေပးဖို႔ နည္းျပကို သတိေပးသြားခဲ့သလိုပါပဲ။ လမ္းပတ္အေနနဲ႕ ဂ်ီ႐ူးကို အသင္းကေန လက္လႊတ္စရာ မရွိေၾကာင္း ေျပာထားခဲ့ၿပီး ျဖစ္ပါတယ္။

ဂိုးျဖဳန္းတီးမႈေတြကေန ေပးဆပ္ႀကီးမားလာနိုင္တဲ့ ခ်ယ္လ္ဆီး – နယူးကာဆယ္နဲ႕ ပြဲမွာ ဂိုးျဖဳန္းတီးမႈေတြအေၾကာင္း ေျပာလို႔မွ မဆုံးေသး၊ ေလးရက္အတြင္း ရန္းနင္းနဲ႕ပြဲမွာလည္း ခ်ယ္လ္ဆီးက ဂိုးအခြင့္အေရးေတြကို ထပ္မံ ျဖဳန္းတီးပစ္ခဲ့ျပန္ပါတယ္။ ေစာေစာစီးစီး ဂိုးရၿပီး ပြဲသိမ္းနိုင္ခဲ့မယ့္ အခြင့္အေရးေတြကို လက္လႊတ္ခဲ့ၿပီး တီမို ဗာနာရဲ႕ ပြဲခ်ိန္အဖြင့္မိနစ္က ဂိုးကန္သြင္းမႈ နဲ႕ ေမာင့္ရဲ႕ ၆ ကိုက္စည္းထိပ္က အပိုင္အခြင့္အေရးေတြက အရာမထင္ခဲ့ပါဘူး။ ဂိုးျဖဳန္းတီးမႈေတြက ခ်ယ္လ္ဆီးကို ပိုမိုေမာပန္းေစၿပီး ထင္သေလာက္မေပါက္ဘဲ ေခ်ပဂိုးျပန္ေပးခဲ့ရပါတယ္။ ဒါက ေရွ႕အလားအလာမွာ လမ္းပတ္ သတိထားကိုင္တြယ္သြားရမယ့္ အဆုံးသတ္ပိုင္း ျပႆနာျဖစ္ပါတယ္။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.