Premier League

ယူနိုက်တက် ၄-၁ အစ္စတန်ဘူလ်ပွဲအပြီး ထူးထူးခြားခြား ထုတ်နုတ် ပြောစရာ ၇ ချက်

ဖာနန်ဒက်စ်ရဲ့ ပြောင်မြောက်မှု
အိုးထရက်ဖို့ဒ်မှာ အဖွင့်ဂိုး ၂ ဂိုးကို သွင်းယူပြီး ယူနိုက်တက်အတွက် ချိုမြိန်တဲ့ အနိုင် ၃ မှတ်ကို ယူဆောင်ပေးခဲ့သလို ဖာနန်ဒက်စ်ရဲ့ အဖွင့်သွင်းဂိုးက လှလှပပဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်အတွက် အသီးအပွင့်မှန်သမျှကို ဒိုင်ခံခူးဆွတ်ပေးနေတဲ့ ဖာနန်ဒက်စ်ဟာ ရပ်တန့်လို့ မရနိုင်ခဲ့ဘဲ ဒီနေ့ပွဲမှာလည်း အထူးခြေစွမ်းပြခဲ့ပြီး ယူနိုက်တက်အတွက် ၃၅ ပွဲကစား၊ ၂၁ ဂိုး သွင်း၊ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ရယူထားတဲ့ အခြေအနေအထိ ဆိုက်ရောက်လာခဲ့ပါတယ်။ ဟက်ထရစ်ရစေမယ့် ပင်နယ်တီဂိုး အခွင့်အရေးကိုလည်း ရက်ရှ်ဖို့ဒ်ထံ လက်လွှဲပေးခဲ့တာက ပရိသတ်တွေကိုလည်း အားရစေခဲ့တာပါ။

လူစုံထုတ်သုံးခဲ့တဲ့ အိုလေ
ကွင်းလယ်မှာ ဖရက်ဒ် နဲ့ ဒွန်နီတို့ အတွဲကို ထုတ်သုံးပြီး တိုက်စစ်ပိုင်းမှာ ပရိသတ်တွေ မြင်ချင်နေတဲ့ ရက်ရှ်ဖို့ဒ်၊ ဖာနန်ဒက်စ်၊ မာစီယယ်လ် နဲ့ ကာဗာနီ တို့နဲ့ လူစုံပွဲထွက်လာခဲ့ပြီး ဒီပွဲကို အနိုင်ရဖို့ ဆိုးလ်ရှား တကယ် အာရုံစိုက်ထားခဲ့တယ်ဆိုတာ သိသာခဲ့ပါတယ်။ ချန်ပီယံလိဂ် အုပ်စုကနေ ကျွတ်ဖို့ ဒီပွဲရဲ့ အနိုင် ၃ မှတ်က မဖြစ်မနေ အရေးပါခဲ့ပြီး ယူနိုက်တက်ရဲ့ တိုက်စစ်စီးဆင်းမှုတွေ မြိုင်ဆိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ အိုလေလိုချင်တဲ့အတိုင်း အခွင့်အရေးတွေကို အပိုင်ယူနိုင်တဲ့ အသင်းကစားဟန်မျိုးကိုလည်း မြင်ခဲ့ရတယ်လို့ မှတ်ချက်ချရမှာ​ပါ။

အထောင်တိုက်စစ်မှူး စစ်စစ် ကာဗာနီ
ယူနိုက်တက်မှာ အဓိကလစ်ဟာနေတဲ့ ဒေါင်ဒေါင်မြည် အထောင်တိုက်စစ်မှူးနေရာကို ကမ္ဘာ့အဆင့် ခြေစွမ်းနဲ့ ကာဗာနီက ကွက်လပ်ဖြည့်ပေးနိုင်ခဲ့တာကို တွေ့ရပြီး ထုံအနေတဲ့ အထောင် တိုက်စစ်နေရာဟာ အသက်ဝင်လာခဲ့ကာ ပြိုင်ဘက်ခံစစ်အတွက် အန္တရာယ်ကြီးတဲ့ အသွင်အဖြစ် ရောက်ရှိလာခဲ့သလို ယူနိုက်တက်ရဲ့ လာမယ့်ပွဲတွေမှာ တိုက်စစ်ပိုင်းကို ကာဗာနီ အခုထက် ပိုလှုပ်နှိုးပေးဖို့သာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ပျောက်ဆုံးနေဆဲ မာစီယယ်လ်
သူ့ရဲ့ အရည်အချင်းကို သံသယဖြစ်စရာ မလိုပေမယ့် ဒီရာသီမှာ နှစ်ဂိုးသာ ရထားတဲ့ မာစီယယ်လ်က ပထမပိုင်း တပိုင်းလုံးမှာ ဂိုးသွင်းယူဖို့ ခက်ခဲနေဆဲ အနေအထားဖြစ်နေသလို တသင်းလုံး မြိုင်မြိုင်ဆိုင်ဆိုင် နိုးထခဲ့ချိန်မှာတောင် ခြေစွမ်းပြဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ယုံကြည်မှုပျောက်ဆုံးနေတဲ့ အရိပ်အယောင်တွေကို မြင်ခဲ့ရတယ်။ သူ့ရဲ့ ခြေစွမ်းကျဆင်းမှုကို အိုလေတယောက် အမြန်ဆုံး ရပ်တန့်ပေးဖို့ လိုနေပါပြီ။

ဘောလုံးဉာဏ်ရည်နဲ့ စည်းစနစ်ကျမှုရှိတဲ့ ဒွန်နီ
တိုက်စစ်ဖန်တီးမှုပြုလုပ်ဖို့ နဲ့ တွဲလုံး၊ အချိတ်အဆက်တွေနဲ့ တိုက်စစ်ပုံဖော်ပြီး အသင်းဖော်တွေကို လမ်းကြောင်းတွေ ခင်းပေးဖို့သာ အားသန်တဲ့ ဒွန်နီလို ကစားသမားမျိုးကို ဆိုးလ်ရှားက ကွင်းလယ်အထိုင်နေရာမှာ အသုံးပြုခဲ့ပေမယ့် ဒွန်နီက သူ့ရဲ့ ဘောလုံးဥာဏ်ရည်နဲ့ စည်းစနစ်ရှိရှိနဲ့ ကစားနိုင်စွမ်းကို ပြသလာခဲ့ပါတယ်။ တိုက်စစ်ကို အလွန်အကျွံမလိုက်သလို ဖာနန်ဒက်စ်နဲ့ နေရာတွေ မထပ်အောင် ကစားပေးနိုင်ခဲ့ပြီး သူ့ရဲ့အကောင်းဆုံးပုံစံ မဟုတ်ခဲ့ပေမယ့် ဘယ်လိုဖြစ်ဖြစ် ရှားပါးတဲ့ ပွဲထွက်ခွင့်ကို ရရှိခဲ့ပြီမို့ ရှေ့ပွဲတွေမှာ အခုထက်ပိုပြီး ကစားခွင့်ရလာဖို့ ရှိနေပါတယ်။

ပေါက်ကွဲအားပြင်းတဲ့ ရက်ရှ်ဖို့ဒ်
ရက်ရှ်ဖို့ဒ်က သူ့ရဲ့ ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းပြီး ပေါက်ကွဲအားပြင်းတဲ့ တိုက်စစ်ကစားပုံနဲ့ မွှေနှောက်ကစားသွားခဲ့သလို ပင်နယ်တီဂိုးကို အတည်ငြိမ်ဆုံး ကန်သွင်းပြီး ယူနိုက်တက်ရဲ့ အိမ်ကွင်းနိုင်ပွဲနဲ့ အနိုင် ၃ မှတ်ကို စိတ်ချစေခဲ့ကာ ဝိန်းရွန်နီရဲ့ စံချိန်ကိုကျော်ဖြတ်ပြီး ယူနိုက်တက်အတွက် ဥရောပသွင်းဂိုး ၁၅ ဂိုးပြည့်မြောက်ခဲ့တဲ့ အငယ်ရွယ်ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ပွဲကို လွဲချော်မယ့် တွမ်ဇီဘီ
လင်ဒလော့ဖ်နေရာမှာ လူစားဝင်လာခဲ့တဲ့ တွမ်ဇီဘီဟာ ချန်ပီယံလိဂ်မှာ အဝါကတ် ၃ ကတ် ပြည့်​မြောက်သွားခဲ့လို့ လာမယ့် ပီအက်စ်ဂျီနဲ့ပွဲကို လွဲချော်ရမှာ ဖြစ်ပါတယ်။ အမ်ဘောပေ နဲ့ နေမာတို့ကို အကောင်းဆုံးထိန်းချုပ်ပြခဲ့တဲ့ တွမ်ဇီဘီ မပါဝင်လာမှုမှာ ယူနိုက်တက်တို့ရဲ့ ခံစစ်ပိုင်းအနေနဲ့ ဘယ်လိုတုံ့ပြန်မလဲ ကြည့်သွားရမှာပါ။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဖာနန္ဒက္စ္ရဲ႕ ေျပာင္ေျမာက္မႈ
အိုးထရက္ဖို႔ဒ္မွာ အဖြင့္ဂိုး ၂ ဂိုးကို သြင္းယူၿပီး ယူႏိုက္တက္အတြက္ ခ်ိဳၿမိန္တဲ့ အႏိုင္ ၃ မွတ္ကို ယူေဆာင္ေပးခဲ့သလို ဖာနန္ဒက္စ္ရဲ႕ အဖြင့္သြင္းဂိုးက လွလွပပျဖစ္ခဲ့ပါတယ္။ ယူႏိုက္တက္အတြက္ အသီးအပြင့္မွန္သမွ်ကို ဒိုင္ခံခူးဆြတ္ေပးေနတဲ့ ဖာနန္ဒက္စ္ဟာ ရပ္တန္႔လို႔ မရႏိုင္ခဲ့ဘဲ ဒီေန႔ပြဲမွာလည္း အထူးေျခစြမ္းျပခဲ့ၿပီး ယူႏိုက္တက္အတြက္ ၃၅ ပြဲကစား၊ ၂၁ ဂိုး သြင္း၊ ဂိုးဖန္တီးမႈ ၁၃ ႀကိမ္အထိ ရယူထားတဲ့ အေျခအေနအထိ ဆိုက္ေရာက္လာခဲ့ပါတယ္။ ဟက္ထရစ္ရေစမယ့္ ပင္နယ္တီဂိုး အခြင့္အေရးကိုလည္း ရက္ရွ္ဖို႔ဒ္ထံ လက္လႊဲေပးခဲ့တာက ပရိသတ္ေတြကိုလည္း အားရေစခဲ့တာပါ။

လူစုံထုတ္သုံးခဲ့တဲ့ အိုေလ
ကြင္းလယ္မွာ ဖရက္ဒ္ နဲ႔ ဒြန္နီတို႔ အတြဲကို ထုတ္သုံးၿပီး တိုက္စစ္ပိုင္းမွာ ပရိသတ္ေတြ ျမင္ခ်င္ေနတဲ့ ရက္ရွ္ဖို႔ဒ္၊ ဖာနန္ဒက္စ္၊ မာစီယယ္လ္ နဲ႔ ကာဗာနီ တို႔နဲ႔ လူစုံပြဲထြက္လာခဲ့ၿပီး ဒီပြဲကို အႏိုင္ရဖို႔ ဆိုးလ္ရွား တကယ္ အာ႐ုံစိုက္ထားခဲ့တယ္ဆိုတာ သိသာခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ အုပ္စုကေန ကြၽတ္ဖို႔ ဒီပြဲရဲ႕ အႏိုင္ ၃ မွတ္က မျဖစ္မေန အေရးပါခဲ့ၿပီး ယူႏိုက္တက္ရဲ႕ တိုက္စစ္စီးဆင္းမႈေတြ ၿမိဳင္ဆိုင္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ အိုေလလိုခ်င္တဲ့အတိုင္း အခြင့္အေရးေတြကို အပိုင္ယူႏိုင္တဲ့ အသင္းကစားဟန္မ်ိဳးကိုလည္း ျမင္ခဲ့ရတယ္လို႔ မွတ္ခ်က္ခ်ရမွာ​ပါ။

အေထာင္တိုက္စစ္မႉး စစ္စစ္ ကာဗာနီ
ယူႏိုက္တက္မွာ အဓိကလစ္ဟာေနတဲ့ ေဒါင္ေဒါင္ျမည္ အေထာင္တိုက္စစ္မႉးေနရာကို ကမာၻ႔အဆင့္ ေျခစြမ္းနဲ႔ ကာဗာနီက ကြက္လပ္ျဖည့္ေပးႏိုင္ခဲ့တာကို ေတြ႕ရၿပီး ထုံအေနတဲ့ အေထာင္ တိုက္စစ္ေနရာဟာ အသက္ဝင္လာခဲ့ကာ ၿပိဳင္ဘက္ခံစစ္အတြက္ အႏၲရာယ္ႀကီးတဲ့ အသြင္အျဖစ္ ေရာက္ရွိလာခဲ့သလို ယူႏိုက္တက္ရဲ႕ လာမယ့္ပြဲေတြမွာ တိုက္စစ္ပိုင္းကို ကာဗာနီ အခုထက္ ပိုလႈပ္ႏႈိးေပးဖို႔သာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ေပ်ာက္ဆုံးေနဆဲ မာစီယယ္လ္
သူ႔ရဲ႕ အရည္အခ်င္းကို သံသယျဖစ္စရာ မလိုေပမယ့္ ဒီရာသီမွာ ႏွစ္ဂိုးသာ ရထားတဲ့ မာစီယယ္လ္က ပထမပိုင္း တပိုင္းလုံးမွာ ဂိုးသြင္းယူဖို႔ ခက္ခဲေနဆဲ အေနအထားျဖစ္ေနသလို တသင္းလုံး ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ ႏိုးထခဲ့ခ်ိန္မွာေတာင္ ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရဆဲ ျဖစ္ပါတယ္။ ယုံၾကည္မႈေပ်ာက္ဆုံးေနတဲ့ အရိပ္အေယာင္ေတြကို ျမင္ခဲ့ရတယ္။ သူ႔ရဲ႕ ေျခစြမ္းက်ဆင္းမႈကို အိုေလတေယာက္ အျမန္ဆုံး ရပ္တန္႔ေပးဖို႔ လိုေနပါၿပီ။

ေဘာလုံးဉာဏ္ရည္နဲ႔ စည္းစနစ္က်မႈရွိတဲ့ ဒြန္နီ
တိုက္စစ္ဖန္တီးမႈျပဳလုပ္ဖို႔ နဲ႔ တြဲလုံး၊ အခ်ိတ္အဆက္ေတြနဲ႔ တိုက္စစ္ပုံေဖာ္ၿပီး အသင္းေဖာ္ေတြကို လမ္းေၾကာင္းေတြ ခင္းေပးဖို႔သာ အားသန္တဲ့ ဒြန္နီလို ကစားသမားမ်ိဳးကို ဆိုးလ္ရွားက ကြင္းလယ္အထိုင္ေနရာမွာ အသုံးျပဳခဲ့ေပမယ့္ ဒြန္နီက သူ႔ရဲ႕ ေဘာလုံးဥာဏ္ရည္နဲ႔ စည္းစနစ္ရွိရွိနဲ႔ ကစားႏိုင္စြမ္းကို ျပသလာခဲ့ပါတယ္။ တိုက္စစ္ကို အလြန္အကြၽံမလိုက္သလို ဖာနန္ဒက္စ္နဲ႔ ေနရာေတြ မထပ္ေအာင္ ကစားေပးႏိုင္ခဲ့ၿပီး သူ႔ရဲ႕အေကာင္းဆုံးပုံစံ မဟုတ္ခဲ့ေပမယ့္ ဘယ္လိုျဖစ္ျဖစ္ ရွားပါးတဲ့ ပြဲထြက္ခြင့္ကို ရရွိခဲ့ၿပီမို႔ ေရွ႕ပြဲေတြမွာ အခုထက္ပိုၿပီး ကစားခြင့္ရလာဖို႔ ရွိေနပါတယ္။

ေပါက္ကြဲအားျပင္းတဲ့ ရက္ရွ္ဖို႔ဒ္
ရက္ရွ္ဖို႔ဒ္က သူ႔ရဲ႕ ပုံစံေကာင္းကို ဆက္လက္ထိန္းသိမ္းၿပီး ေပါက္ကြဲအားျပင္းတဲ့ တိုက္စစ္ကစားပုံနဲ႔ ေမႊေႏွာက္ကစားသြားခဲ့သလို ပင္နယ္တီဂိုးကို အတည္ၿငိမ္ဆုံး ကန္သြင္းၿပီး ယူႏိုက္တက္ရဲ႕ အိမ္ကြင္းႏိုင္ပြဲနဲ႔ အႏိုင္ ၃ မွတ္ကို စိတ္ခ်ေစခဲ့ကာ ဝိန္း႐ြန္နီရဲ႕ စံခ်ိန္ကိုေက်ာ္ျဖတ္ၿပီး ယူႏိုက္တက္အတြက္ ဥေရာပသြင္းဂိုး ၁၅ ဂိုးျပည့္ေျမာက္ခဲ့တဲ့ အငယ္႐ြယ္ဆုံး ကစားသမားျဖစ္လာခဲ့ပါတယ္။

ပီအက္စ္ဂ်ီနဲ႔ပြဲကို လြဲေခ်ာ္မယ့္ တြမ္ဇီဘီ
လင္ဒေလာ့ဖ္ေနရာမွာ လူစားဝင္လာခဲ့တဲ့ တြမ္ဇီဘီဟာ ခ်န္ပီယံလိဂ္မွာ အဝါကတ္ ၃ ကတ္ ျပည့္​ေျမာက္သြားခဲ့လို႔ လာမယ့္ ပီအက္စ္ဂ်ီနဲ႔ပြဲကို လြဲေခ်ာ္ရမွာ ျဖစ္ပါတယ္။ အမ္ေဘာေပ နဲ႔ ေနမာတို႔ကို အေကာင္းဆုံးထိန္းခ်ဳပ္ျပခဲ့တဲ့ တြမ္ဇီဘီ မပါဝင္လာမႈမွာ ယူႏိုက္တက္တို႔ရဲ႕ ခံစစ္ပိုင္းအေနနဲ႔ ဘယ္လိုတုံ႔ျပန္မလဲ ၾကည့္သြားရမွာပါ။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.