Match Report Premier League

တော့တင်ဟမ်ဟော့စပါးစ်ကွင်းက မော်ရင်ညို သာလွန်ခဲ့တဲ့ ၇ ချက်သော High and Low များ

တိုဘီ အယ်လ်ဒါဝီးရဲလ် – မန်စီးတီးအသင်းနဲ့ပွဲမှာ ခံစစ်ပိုင်းစွမ်းဆောင်ရည်က A အဆင့်ဖြစ်နေမှ ရမှာပါ။ ဆိုလိုတာက ထိပ်တန်းအဆင့် ခံစစ်နိုင်နင်းမှုမျိုး မပြသနိုင်ရင် မန်စီးတီးလို ကွင်းနေရာစုံက ထိုးနှက်တတ်တဲ့ စွယ်စုံရ တိုက်စစ်လမ်းကြောင်းတွေအောက်မှာ မရှုမလှ လည်စင်းသွားရပါလိမ့်မယ်။ အယ်လ်ဒါဝီးရဲလ်က ဒါကို အကောင်းဆုံးကိုင်တွယ်ပြခဲ့ပြီး ဒဏ်ရာနဲ့ လူစားမလဲခံရမီအထိ စီးတီးရဲ့ ကန်ချက်တိုင်းနီးပါးကို ကာကွယ်နိုင်ခဲ့လို့ ပြောရမှာပါ။ မှတ်တမ်းအရ ဘောလုံးရှင်းထုတ်မှု ၇ ကြိမ်ပြုလုပ်ပြီး ဘောလုံးလုယူအောင်မြင်မှု ၂ ကြိမ်ရှိခဲ့တာက သူ့ရဲ့ အကောင်းဆုံးစွမ်းဆောင်မှုလို့ ဆိုရမှာပါ။

ကီဗင် ဒီဘရိုင်းနား – ဒီဘရိုင်းနားက ဒီပွဲမှာ ပုံမှန်ခြေစွမ်းအောက် ရောက်နေပြီး စပါးစ် နဲ့ မန်စီးတီးပွဲစဉ်မှာ သူ့ရဲ့ခြေစွမ်းက ကျေနပ်လောက်စရာမရှိခဲ့ပါဘူး။ ဒီပွဲတခုတည်းမှာတော့ အဆိုးရွားဆုံး ကစားသမားစာရင်းထဲထည့်ရင် လွန်ကောင်းလွန်နိုင်ပေမယ့် ဒါဟာ သူ့ကို မျှော်လင့်ထားတဲ့ ခြေစွမ်း အဆင့်အတန်း မမီခဲ့တာကိုတော့ အရှိအတိုင်း လက်ခံရမှာဖြစ်ပါတယ်။ တသင်းရဲ့ တိုက်စစ်ပိုင်းထက်မြက်မှုကို မမြင်ခဲ့ရတာကလည်း ဒီဘရိုင်းရဲ့ လုပ်ဆောင်မှုတွေ အရာမထင်စေခဲ့တဲ့ အစိတ်အပိုင်းတရပ်ဖြစ်ပါတယ်။

ပျယ်-အီမီးလ် ဟွိုင်ဘယာ့ဂ် – စပါးစ်အသင်းဘက်ကနေ တောက်ပခဲ့တဲ့ အမေ့ခံ သူရဲကောင်းလို့ ဆိုရမှာပါ။ သူဟာ စပါးစ်အသင်းရဲ့ အကောင်းဆုံး ခေါ်ယူမှုဖြစ်ကြောင်း ဆက်လက် သက်သေပြခဲ့ပါတယ်။ ဒီဘရိုင်းနားကို လှုပ်ချိန်မရအောင် နေရာလွတ်မပေးဘဲ အသေကပ်ကစားသွားခဲ့ပြီး တသင်းလုံးကို ကွင်းလယ်ဝင်ရိုးကနေ ထိန်းကျောင်းမောင်းနှင်ပေးခဲ့သလို ကွင်းလယ်က Second Ball တိုင်းကို အသာစီးရယူခဲ့သူ ဖြစ်ပါတယ်။

ဂါဘရီယယ်လ် ဂျေဆူးစ် – ဂျေဆူးစ်အတွက်က ဒီပွဲမှာ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို မေ့ပစ်လိုက်ပြီး ရှေ့ဆက်နိုင်ဖို့ လိုပါတယ်။ ကြိုးစားခဲ့သမျှ သဲထဲရေသွန်သလို ဖြစ်ခဲ့ပြီး ဂိုးပေါက် လုံးလုံးပျောက်နေခဲ့ပါတယ်။ ရခဲ့တဲ့ ဂိုးမှာလည်း ဂျေဆူးစ်လက်ထိခဲ့တာကြောင့် VAR ဆုံးဖြတ်မှုနဲ့ မန်စီးတီးနစ်နာခဲ့ရပါသေးတယ်။

ဆွန်ဟောင်မင် – ဆွန်ဟောင်မင်အတွက်တော့ ပြောစရာမလိုတော့အောင် အမြင့်ပျံပြခဲ့တဲ့ပွဲပါ။ အန်ဒွမ်ဘီလီရဲ့ ပေးပို့မှု တည်တည်ငြိမ်ငြိမ်ပဲ အဆုံးသတ်သွားပုံက ကမ္ဘာအဆင့် တိုက်စစ်မှူးအဖြစ် ရင်ကော့နိုင်ခဲ့တဲ့ အဆင့်အတန်းမျိုးပါပဲ။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၉ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးထားတဲ့ သူဟာ စပါးရဲ့ ဂိုးသွင်းစက်ဖြစ်လာနေပါတယ်။

မော်ရင်ညိုရဲ့ ဘတ်စ်ကား – မော်ရင်ညိုကတော့ သူ့ရဲ့ အဝေဖန်ခံရဆုံး ကိုယ်ပိုင်ကစားကွက်ကို ဘယ်သူ့မှ ဂရုစိုက်မနေဘဲ ထိထိရောက်ရောက်နဲ့ အဆိပ်ပြင်းအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မန်စီးတီး ဘယ်လို ဖိကစားကစား ကြောင်လက်သည်းဝှက်သလို နေခဲ့လို့ အခွင့်ကောင်းရတိုင်းမှာ ထိထိရောက်ရောက် ထိုးနှက်နိုင်ခဲ့တာပါ။

မန်စီးတီးရဲ့ အဆိုးရွားဆုံး ရာသီစတင်မှု – မန်ချက်စတာစီးတီးဆိုတာ တစ်ရာသီကို သွင်းဂိုး ၁၀၀ လောက် သွင်းတတ်တဲ့ အသင်းဆိုရင် လက်ရှိကစားတဲ့ပွဲနဲ့ သွင်းဂိုးအချိုးဖြစ်တဲ့ ၈ ပွဲမှာ ၁၀ ဂိုးဆိုတာ ပရိသတ်တွေအတွက်တော့ နောက်နေသလားတောင် ထင်စရာပါ။ ပထမဆုံး ၈ ပွဲမှာ ၁၂ မှတ်သာ စုဆောင်းနိုင်ခဲ့ပြီး ဂိုးကွာခြားချက် အနုတ် ၁ ဆိုတာကတော့ တော်တော်လေး လမိုင်းမကပ်ဘူးလို့ပဲ ဆိုရမယ် ထင်ပါတယ်။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

တိုဘီ အယ္လ္ဒါဝီးရဲလ္ – မန္စီးတီးအသင္းနဲ႕ပြဲမွာ ခံစစ္ပိုင္းစြမ္းေဆာင္ရည္က A အဆင့္ျဖစ္ေနမွ ရမွာပါ။ ဆိုလိုတာက ထိပ္တန္းအဆင့္ ခံစစ္နိုင္နင္းမႈမ်ိဳး မျပသနိုင္ရင္ မန္စီးတီးလို ကြင္းေနရာစုံက ထိုးႏွက္တတ္တဲ့ စြယ္စုံရ တိုက္စစ္လမ္းေၾကာင္းေတြေအာက္မွာ မရႈမလွ လည္စင္းသြားရပါလိမ့္မယ္။ အယ္လ္ဒါဝီးရဲလ္က ဒါကို အေကာင္းဆုံးကိုင္တြယ္ျပခဲ့ၿပီး ဒဏ္ရာနဲ႕ လူစားမလဲခံရမီအထိ စီးတီးရဲ႕ ကန္ခ်က္တိုင္းနီးပါးကို ကာကြယ္နိုင္ခဲ့လို႔ ေျပာရမွာပါ။ မွတ္တမ္းအရ ေဘာလုံးရွင္းထုတ္မႈ ၇ ႀကိမ္ျပဳလုပ္ၿပီး ေဘာလုံးလုယူေအာင္ျမင္မႈ ၂ ႀကိမ္ရွိခဲ့တာက သူ႕ရဲ႕ အေကာင္းဆုံးစြမ္းေဆာင္မႈလို႔ ဆိုရမွာပါ။

ကီဗင္ ဒီဘရိုင္းနား – ဒီဘရိုင္းနားက ဒီပြဲမွာ ပုံမွန္ေျခစြမ္းေအာက္ ေရာက္ေနၿပီး စပါးစ္ နဲ႕ မန္စီးတီးပြဲစဥ္မွာ သူ႕ရဲ႕ေျခစြမ္းက ေက်နပ္ေလာက္စရာမရွိခဲ့ပါဘူး။ ဒီပြဲတခုတည္းမွာေတာ့ အဆိုး႐ြားဆုံး ကစားသမားစာရင္းထဲထည့္ရင္ လြန္ေကာင္းလြန္နိုင္ေပမယ့္ ဒါဟာ သူ႕ကို ေမွ်ာ္လင့္ထားတဲ့ ေျခစြမ္း အဆင့္အတန္း မမီခဲ့တာကိုေတာ့ အရွိအတိုင္း လက္ခံရမွာျဖစ္ပါတယ္။ တသင္းရဲ႕ တိုက္စစ္ပိုင္းထက္ျမက္မႈကို မျမင္ခဲ့ရတာကလည္း ဒီဘရိုင္းရဲ႕ လုပ္ေဆာင္မႈေတြ အရာမထင္ေစခဲ့တဲ့ အစိတ္အပိုင္းတရပ္ျဖစ္ပါတယ္။

ပ်ယ္-အီမီးလ္ ဟြိုင္ဘယာ့ဂ္ – စပါးစ္အသင္းဘက္ကေန ေတာက္ပခဲ့တဲ့ အေမ့ခံ သူရဲေကာင္းလို႔ ဆိုရမွာပါ။ သူဟာ စပါးစ္အသင္းရဲ႕ အေကာင္းဆုံး ေခၚယူမႈျဖစ္ေၾကာင္း ဆက္လက္ သက္ေသျပခဲ့ပါတယ္။ ဒီဘရိုင္းနားကို လႈပ္ခ်ိန္မရေအာင္ ​ေနရာလြတ္မေပးဘဲ အေသကပ္ကစားသြားခဲ့ၿပီး တသင္းလုံးကို ကြင္းလယ္ဝင္ရိုးကေန ထိန္းေက်ာင္းေမာင္းႏွင္ေပးခဲ့သလို ကြင္းလယ္က Second Ball တိုင္းကို အသာစီးရယူခဲ့သူ ျဖစ္ပါတယ္။

ဂါဘရီယယ္လ္ ေဂ်ဆူးစ္ – ေဂ်ဆူးစ္အတြက္က ဒီပြဲမွာ ျဖစ္ပ်က္ခဲ့သမွ် အားလုံးကို ေမ့ပစ္လိုက္ၿပီး ေရွ႕ဆက္နိုင္ဖို႔ လိုပါတယ္။ ႀကိဳးစားခဲ့သမွ် သဲထဲေရသြန္သလို ျဖစ္ခဲ့ၿပီး ဂိုးေပါက္ လုံးလုံးေပ်ာက္ေနခဲ့ပါတယ္။ ရခဲ့တဲ့ ဂိုးမွာလည္း ေဂ်ဆဴးစ္လက္ထိခဲ့တာေၾကာင့္ VAR ဆုံးျဖတ္မႈနဲ႕ မန္စီးတီးနစ္နာခဲ့ရပါေသးတယ္။

ဆြန္ေဟာင္မင္ – ဆြန္ေဟာင္မင္အတြက္ေတာ့ ေျပာစရာမလိုေတာ့ေအာင္ အျမင့္ပ်ံျပခဲ့တဲ့ပြဲပါ။ အန္ဒြမ္ဘီလီရဲ႕ ေပးပို႔မႈ တည္တည္ၿငိမ္ၿငိမ္ပဲ အဆုံးသတ္သြားပုံက ကမၻာအဆင့္ တိုက္စစ္မႉးအျဖစ္ ရင္ေကာ့နိုင္ခဲ့တဲ့ အဆင့္အတန္းမ်ိဳးပါပဲ။ ဒီရာသီ ပရီးမီးယားလိဂ္မွာ ၉ ဂိုးသြင္း၊ ၂ ဂိုးဖန္တီးထားတဲ့ သူဟာ စပါးရဲ႕ ဂိုးသြင္းစက္ျဖစ္လာေနပါတယ္။

ေမာ္ရင္ညဳိရဲ႕ ဘတ္စ္ကား – ေမာ္ရင္ညဳိကေတာ့ သူ႕ရဲ႕ အေဝဖန္ခံရဆုံး ကိုယ္ပုိင္ကစားကြက္ကို ဘယ္သူ႕မွ ဂ႐ုစိုက္မေနဘဲ ထိထိေရာက္ေရာက္နဲ႔ အဆိပ္ျပင္းေအာင္ လုပ္ေဆာင္ႏုိင္ခဲ့ပါတယ္။ မန္စီးတီး ဘယ္လို ဖိကစားကစား ေၾကာင္လက္သည္းဝွက္သလို ေနခဲ့လို႔ အခြင့္ေကာင္းရတိုင္းမွာ ထိထိေရာက္ေရာက္ ထိုးႏွက္ႏုိင္ခဲ့တာပါ။

မန္စီးတီးရဲ႕ အဆုိးရြားဆုံး ရာသီစတင္မွဳ – မန္ခ်က္စတာစီးတီးဆုိတာ တစ္ရာသီကို သြင္းဂိုး ၁၀၀ ေလာက္ သြင္းတတ္တဲ့ အသင္းဆုိရင္ လက္ရွိကစားတဲ့ပြဲနဲ႔ သြင္းဂိုးအခ်ဳိးျဖစ္တဲ့ ၈ ပြဲမွာ ၁၀ ဂိုးဆုိတာ ပရိသတ္ေတြအတြက္ေတာ့ ေနာက္ေနသလားေတာင္ ထင္စရာပါ။ ပထမဆုံး ၈ ပြဲမွာ ၁၂ မွတ္သာ စုေဆာင္းႏိုင္ခဲ့ၿပီး ဂိုးကြာျခားခ်က္ အႏုတ္ ၁ ဆုိတာကေတာ့ ေတာ္ေတာ္ေလး လမုိင္းမကပ္ဘူးလို႔ပဲ ဆုိရမယ္ ထင္ပါတယ္။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.