Premier League

19 Nov – နေ့လည်ခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆန်က လီဗာပူးလ်အသင််းနည်းပြ ယာဂင် ကလော့ပ်ဟာ မိမိအလေးစားရဆုံးနည်းပြဖြစ်တယ်လို့ ချီးကျူးခဲ့ပြီး လီဗာပူးလ်အသင်းကို ကိုင်တွယ်ချင်တာ ဘဝရဲ့အိပ်မက်ဖြစ်ကြောင်း ဝန်ခံသွားခဲ့။

တိုက်စစ်မှူး မိုဆာလားကို ဒုတိယအကြိမ် ကိုဗစ်ရောဂါပိုးစစ်ဆေးမှု ပြုလုပ်ခဲ့ရာမှာ Positive ဖြစ်ခဲ့တယ်လို့ အီဂျစ်ဘောလုံး အဖွဲ့ချုပ်က တရားဝင်ကြေငြာခဲ့ကာ​ လာမယ့် လက်စတာပွဲနဲ့အတူ အသင်းအတွက် ၃ ပွဲဆက် လွဲချော်သွားဖွယ်ရှိနေ။

လီဗာပူးလ်အသင်းသားတွေအနေနဲ့ မဲလ်ဝုဒ်ရဲ့ ပတ်ဝန်းကျင် အငွေ့အသက်မျိုးကို လေ့ကျင့်ရေးကွင်းသစ် AXA မှာ ရရှိဖို့ လွယ်ကူမှာမဟုတ်ဘူးလို့ ကာရေဂါက သတိပေးသွားခဲ့ပြီး အမှတ်တရတွေကို အစားထိုးနိုင်မှာမဟုတ်ကြောင်း ပြောသွားခဲ့။

ဂျိုးဂိုးမက်ဇ်ရဲ့ ဒူးအရွတ်ဒဏ်ရာဟာ ၁၂ လ အထိ အနားယူရတတ်ကြောင်း ဆေးပညာရှင် ဒေါက်တာ ကေတီ ဝေါလ်ကာ-စမောလ်က သတိပေးသွားခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ ကုသမှုအစီအစဥ်ဟာ ကောင်းမွန်စွာ ရှိကြောင်း ချီးကျူးခဲ့။

လီဗာပူးလ်အသင်းက စာချုပ်သစ်ကမ်းလှမ်းထားတဲ့ ဝိုင်နယ်လ်ဒမ်ဟာ ပြီးခဲ့တဲ့ညက နယ်သာလန်အသင်းအတွက် ၁ ဂိုးသွင်းယူခဲ့ပြီးနောက် နိုင်ငံအသင်းအတွက် ပွဲ ၂၀ ကစားပြီး ၁၃ ဂိုးသွင်းခဲ့တဲ့ စံချိန်ရရှိခဲ့ကာ ဒါဟာ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းနဲ့ တူညီတဲ့စံချိန်ဖြစ်နေ။

ဖာဘင်ညို၊ ဟန်ဒါဆန် နဲ့ အယ်လ်ကန်တာရာတို့ရဲ့ ကြံ့ခိုင်မှု အခြေအနေအရ လက်စတာနဲ့ပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရပြီး လက်စတာအသင်းမှာလည်း ဒဏ်ရာပြဿနာတွေ များပြားနေကာ လူစုံပါဝင်နိုင်ဖွယ် မရှိတာကြောင့် လီဗာပူးလ်အတွက် စိတ်သက်သာရာတခုဖြစ်လာ။

ဒိုင်လူကြီးများဘုတ်အဖွဲ့ PGMOL ရဲ့ ဆုံးဖြတ်ချက်အရ လီဗာပူးလ်နဲ့ လက်စတာအသင်းတို့ပွဲစဉ်မှာ VAR ဒိုင်အဖြစ် ဒေးဗစ် ကူတီတာဝန်ယူရတော့မှာ မဟုတ်ဘဲ သူ့နေရာကို အန်ဒရေ မာရေနာ နဲ့ အစားထိုးခဲ့ကြောင်း The Athletic သတင်းက ဖော်ပြပြီး ကူတီဟာ ယူနိုက်တက်နဲ့ ဝက်စ်ဘရွမ်းအသင်းတို့ပွဲစဉ်ကို တာဝန်ယူသွားမှာဖြစ်ကြောင်း သိရ။ ယခုလို PGMOL က ပြောင်းလဲ အစားထိုးတာဟာ operational reason အရ ဖြစ်တယ်လို့ ဆိုပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္နည္းျပေဟာင္း အဲရစ္ဆန္က လီဗာပူးလ္အသင္္းနည္းျပ ယာဂင္ ကေလာ့ပ္ဟာ မိမိအေလးစားရဆုံးနည္းျပျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ၿပီး လီဗာပူးလ္အသင္းကို ကိုင္တြယ္ခ်င္တာ ဘဝရဲ႕အိပ္မက္ျဖစ္ေၾကာင္း ဝန္ခံသြားခဲ့။

တိုက္စစ္မႉး မိုဆာလားကို ဒုတိယအႀကိမ္ ကိုဗစ္ေရာဂါပိုးစစ္ေဆးမႈ ျပဳလုပ္ခဲ့ရာမွာ Positive ျဖစ္ခဲ့တယ္လို႔ အီဂ်စ္ေဘာလုံး အဖြဲ႕ခ်ဳပ္က တရားဝင္ေၾကျငာခဲ့ကာ​ လာမယ့္ လက္စတာပြဲနဲ႕အတူ အသင္းအတြက္ ၃ ပြဲဆက္ လြဲေခ်ာ္သြားဖြယ္ရွိေန။

လီဗာပူးလ္အသင္းသားေတြအေနနဲ႕ မဲလ္ဝုဒ္ရဲ႕ ပတ္ဝန္းက်င္ အေငြ႕အသက္မ်ိဳးကို ေလ့က်င့္ေရးကြင္းသစ္ AXA မွာ ရရွိဖို႔ လြယ္ကူမွာမဟုတ္ဘူးလို႔ ကာေရဂါက သတိေပးသြားခဲ့ၿပီး အမွတ္တရေတြကို အစားထိုးနိုင္မွာမဟုတ္ေၾကာင္း ေျပာသြားခဲ့။

ဂ်ိဳးဂိုးမက္ဇ္ရဲ႕ ဒူးအ႐ြတ္ဒဏ္ရာဟာ ၁၂ လ အထိ အနားယူရတတ္ေၾကာင္း ေဆးပညာရွင္ ေဒါက္တာ ေကတီ ေဝါလ္ကာ-စေမာလ္က သတိေပးသြားခဲ့ၿပီး လီဗာပူးလ္အသင္းရဲ႕ ကုသမႈအစီအစဥ္ဟာ ေကာင္းမြန္စြာ ရွိေၾကာင္း ခ်ီးက်ဴးခဲ့။

လီဗာပူးလ္အသင္းက စာခ်ဳပ္သစ္ကမ္းလွမ္းထားတဲ့ ဝိုင္နယ္လ္ဒမ္ဟာ ၿပီးခဲ့တဲ့ညက နယ္သာလန္အသင္းအတြက္ ၁ ဂိုးသြင္းယူခဲ့ၿပီးေနာက္ နိုင္ငံအသင္းအတြက္ ပြဲ ၂၀ ကစားၿပီး ၁၃ ဂိုးသြင္းခဲ့တဲ့ စံခ်ိန္ရရွိခဲ့ကာ ဒါဟာ အဂၤလန္တိုက္စစ္မႉး ဟာရီကိန္းနဲ႕ တူညီတဲ့စံခ်ိန္ျဖစ္ေန။

ဖာဘင္ညို၊ ဟန္ဒါဆန္ နဲ႕ အယ္လ္ကန္တာရာတို႔ရဲ႕ ႀကံ့ခိုင္မႈ အေျခအေနအရ လက္စတာနဲ႕ပြဲကို လြဲေခ်ာ္ဖြယ္ရွိေနေၾကာင္း သိရၿပီး လက္စတာအသင္းမွာလည္း ဒဏ္ရာျပႆနာေတြ မ်ားျပားေနကာ လူစုံပါဝင္နိုင္ဖြယ္ မရွိတာေၾကာင့္ လီဗာပူးလ္အတြက္ စိတ္သက္သာရာတခုျဖစ္လာ။

ဒိုင္လူႀကီးမ်ားဘုတ္အဖြဲ႕ PGMOL ရဲ႕ ဆုံးျဖတ္ခ်က္အရ လီဗာပူးလ္နဲ႔ လက္စတာအသင္းတို႔ပြဲစဥ္မွာ VAR ဒိုင္အျဖစ္ ေဒးဗစ္ ကူတီတာဝန္ယူရေတာ့မွာ မဟုတ္ဘဲ သူ႔ေနရာကို အန္ဒေရ မာေရနာ နဲ႔ အစားထိုးခဲ့ေၾကာင္း The Athletic သတင္းက ေဖာ္ျပၿပီး ကူတီဟာ ယူႏိုက္တက္နဲ႔ ဝက္စ္ဘ႐ြမ္းအသင္းတို႔ပြဲစဥ္ကို တာဝန္ယူသြားမွာျဖစ္ေၾကာင္း သိရ။ ယခုလို PGMOL က ေျပာင္းလဲ အစားထိုးတာဟာ operational reason အရ ျဖစ္တယ္လို႔ ဆိုပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.