Premier League Transfer News

16 Nov နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ ဘယ်ဈေးရရ ရောင်းချသွားမယ့် ကစားသမားတွေထဲက နောက်ခံလူ ရှကိုဒရန် မူစတာဖီကို ဘာစီလိုနာအသင်းက စိတ်ဝင်စားလာတာဟာ အခွင့်အရေးကောင်းဖြစ်ပြီး သူ့အတွက် ကုန်ကျစရိတ်တွေကို အမြန်ဆုံး လျှော့ချသွားနိုင်ဖို့ ပရိသတ်တွေ အလိုရှိနေ။

– ရှုံးပွဲတွေကြောင့် ဝေဖန်ခံနေခဲ့ရတဲ့ မန်နေဂျာ မီခယ်လ် အာတီတာဘက်ကနေ အသင်းခေါင်းဆောင်ကွင်းလယ်လူဟောင်း ဆက်စ် ဖာဘရီဂက်စ်က ကာကွယ်ပြောကြားလိုက်ပြီး အပြောင်းအလဲကာလမှာ အချိန်ပေးဖို့ လိုအပ်တယ်လို့ တိုက်တွန်းထား။

– အက်စတန်ဗီလာနဲ့ပွဲမှာ ဒဏ်ရာနှစ်မျိုးရရှိခဲ့တဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးအနေနဲ့ ပြင်းထန်ခြင်းမရှိတဲ့ ဒဏ်ရာတွေကနေ အမြန်ဆုံး ကောင်းမွန်ပြီး လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်လာနိုင်ဖို့ ယုံကြည်မှုရှိနေ။

– အသင်းနဲ့ အံမဝင်တော့တဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ရဲ့ စာချုပ် ၁၂ လအောက် မရောက်ခင်အချိန်ဖြစ်တဲ့ ဆောင်းရာသီကာလမှာ တစ်နည်းနည်းနဲ့ အပြီးသတ် ရောင်းချဖို့ အာဆင်နယ်တာဝန်ရှိသူတွေကို ကျွမ်းကျင်သူတွေ တိုက်တွန်းထား။

– တိုဂိုအသင်းနဲ့ အာဖရိကဖလား ခြေစစ်ပွဲမှာ ခက်ခဲတဲ့ အနေအထားကနေ အနိုင်ဂိုးရစေမယ့် ဘောလုံးကို ပြန်လည်ရယူပြီး ဖြတ်တင်ဖန်တီးပေးခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ အယ်လ်နန်နီရဲ့ ခြေစွမ်းကို ပရိသတ်တွေ ချီးကျူးနေကြ။

– အာဆင်နယ်အသင်းရဲ့ အပယ်ခံ နောက်ခံလူတစ်ဦးဖြစ်တဲ့ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်ကို ခေါ်ယူဖို့ လီဗာပူးလ်အသင်းက စိတ်ဝင်စားလာတယ်ဆိုတဲ့သတင်းဟာ ခိုင်လုံမှု မရှိဘူးလို့ ဒေးလီးအိပ်စ်ပရက်စ် သတင်းဌာန ရှင်းလင်းသွား။

– ဆောင်းရာသီမှာ ကျင်းပမယ့် အာဖရိကဖလားအတွက် အယ်လ်နန်နီရဲ့ အီဂျစ်နဲ့ အူဘာမီယန်းရဲ့ ဂါဘွန်အသင်းတွေက ခြေစစ်ပွဲအောင်ဖို့ အခြေအနေကောင်းနေတာဟာ အာဆင်နယ်အသင်းအတွက် သတင်းကောင်းမဖြစ်နိုင်ဘဲ ကစားသမားတွေကို တစ်လခွဲနီးပါး ဆုံးရှုံးရဖို့ ဖြစ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ ဘယ္ေဈးရရ ေရာင္းခ်သြားမယ့္ ကစားသမားေတြထဲက ေနာက္ခံလူ ရွကိုဒရန္ မူစတာဖီကို ဘာစီလိုနာအသင္းက စိတ္ဝင္စားလာတာဟာ အခြင့္အေရးေကာင္းျဖစ္ၿပီး သူ႔အတြက္ ကုန္က်စရိတ္ေတြကို အျမန္ဆုံး ေလွ်ာ့ခ်သြားႏိုင္ဖို႔ ပရိသတ္ေတြ အလိုရွိေန။

– ရႈံးပြဲေတြေၾကာင့္ ေဝဖန္ခံေနခဲ့ရတဲ့ မန္ေနဂ်ာ မီခယ္လ္ အာတီတာဘက္ကေန အသင္းေခါင္းေဆာင္ကြင္းလယ္လူေဟာင္း ဆက္စ္ ဖာဘရီဂက္စ္က ကာကြယ္ေျပာၾကားလိုက္ၿပီး အေျပာင္းအလဲကာလမွာ အခ်ိန္ေပးဖို႔ လိုအပ္တယ္လို႔ တိုက္တြန္းထား။

– အက္စတန္ဗီလာနဲ႔ပြဲမွာ ဒဏ္ရာႏွစ္မ်ိဳးရရွိခဲ့တဲ့ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအေနနဲ႔ ျပင္းထန္ျခင္းမရွိတဲ့ ဒဏ္ရာေတြကေန အျမန္ဆုံး ေကာင္းမြန္ၿပီး လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲမွာ ပါဝင္လာႏိုင္ဖို႔ ယုံၾကည္မႈရွိေန။

– အသင္းနဲ႔ အံမဝင္ေတာ့တဲ့ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ရဲ႕ စာခ်ဳပ္ ၁၂ လေအာက္ မေရာက္ခင္အခ်ိန္ျဖစ္တဲ့ ေဆာင္းရာသီကာလမွာ တစ္နည္းနည္းနဲ႔ အၿပီးသတ္ ေရာင္းခ်ဖို႔ အာဆင္နယ္တာဝန္ရွိသူေတြကို ကြၽမ္းက်င္သူေတြ တိုက္တြန္းထား။

– တိုဂိုအသင္းနဲ႔ အာဖရိကဖလား ေျခစစ္ပြဲမွာ ခက္ခဲတဲ့ အေနအထားကေန အႏိုင္ဂိုးရေစမယ့္ ေဘာလုံးကို ျပန္လည္ရယူၿပီး ျဖတ္တင္ဖန္တီးေပးခဲ့တဲ့ အာဆင္နယ္ကြင္းလယ္လူ အယ္လ္နန္နီရဲ႕ ေျခစြမ္းကို ပရိသတ္ေတြ ခ်ီးက်ဴးေနၾက။

– အာဆင္နယ္အသင္းရဲ႕ အပယ္ခံ ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္ကို ေခၚယူဖို႔ လီဗာပူးလ္အသင္းက စိတ္ဝင္စားလာတယ္ဆိုတဲ့သတင္းဟာ ခိုင္လုံမႈ မရွိဘူးလို႔ ေဒးလီးအိပ္စ္ပရက္စ္ သတင္းဌာန ရွင္းလင္းသြား။

– ေဆာင္းရာသီမွာ က်င္းပမယ့္ အာဖရိကဖလားအတြက္ အယ္လ္နန္နီရဲ႕ အီဂ်စ္နဲ႔ အူဘာမီယန္းရဲ႕ ဂါဘြန္အသင္းေတြက ေျခစစ္ပြဲေအာင္ဖို႔ အေျခအေနေကာင္းေနတာဟာ အာဆင္နယ္အသင္းအတြက္ သတင္းေကာင္းမျဖစ္ႏိုင္ဘဲ ကစားသမားေတြကို တစ္လခြဲနီးပါး ဆုံးရႈံးရဖို႔ ျဖစ္လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.