Premier League Transfer News

16 Nov နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– အသင်းနဲ့ အံဝင်ခြင်းမရှိတော့ဘဲ ကွင်းလယ်မှာ နေရာချထားမှုမှာ အဆင်မပြေဖြစ်စေခဲ့သလို နည်းပြ ဆိုးလ်ရှား ညွှန်ကြားတဲ့အတိုင်း ကစားနိုင်ခြင်းမရှိတဲ့ ပေါ့ဘာကို ရောင်းချဖို့ ကျွမ်းကျင်သူအများစုက အကြံပြုခဲ့ကြပြီး ဖာနန်ဒက်စ်နဲ့ ဗန်ဒဘိခ်တို့ကိုပဲ သုံးစွဲသွားဖို့ တိုက်တွန်း။

– ဘရာဇီးလ်အသင်းရဲ့ ခြေစစ်ပွဲတွေမှာ ပါဝင်ကစားနိုင်ပြီဖြစ်တဲ့ အဲလက်စ် တဲလက်စ်ကို ဥရုဂွေးနိုင်ငံတွင်း ဝင်ရောက်ဖို့ ကိုဗစ်-၁၉ စစ်ဆေးမှုဆိုင်ရာတွေမှာ သေသေချာချာ စစ်ဆေးသွားမှာဖြစ်ပြီး ယူနိုက်တက်မှာကတည်းက ဒီဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ အခြေအနေက ပြန်လည်ကူးစက်ဖို့တော့ မဖြစ်နိုင်တော့ဘူးလို့ လက်ရွေးစင်အသင်း ထုတ်ပြန်ထား။

– မန်ချက်စတာယူနိုက်တက်ဂိုးသမားဟောင်း အက်ဒ်ဗင် ဗန်ဒါဆားရဲ့ အဆက်အသွယ်နဲ့ အိုးလ်ထရက်ဖို့ဒ်ကို အားကစားဒါရိုက်တာအဖြစ် အိုင်းယက်စ်ရဲ့ မာ့ခ် အိုဗာမားစ် ရောက်လာနိုင်တယ်လို့ ခန့်မှန်းနေကြပြီး အာဆင်နယ်အသင်းအတွက်တော့ မခံချင်စရာဖြစ်လာနိုင်။

– ယူနိုက်တက်အသင်းအတွက် ဂိုးတွေ ထပ်သွင်းနိုင်ဖို့ ကြိုးစားရမယ်လို့ ကွင်းလယ်လူ စကော့ မက်တော်မီနေးက ပြောကြားလိုက်ပြီး ကွင်းတွင်း ကစားပုံကိုလည်း ပိုမိုတိုးတက်အောင် အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားဆီက သင်ယူနေတယ်လို့ဆို။

– အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အက်ဒင်ဆန် ကာဗာနီကို Panic Buy သဘောမျိုး ခေါ်ယူခဲ့ပေမယ့် ပိုမိုမြင့်မားတဲ့ အခန်းကဏ္ဍကို ဥရုဂွေးတိုက်စစ်မှူးအနေနဲ့ ရယူပြီး အိုးလ်ထရက်ဖို့ဒ်မှာ ပိုမိုတောက်ပလာဦးမယ်လို့ ဂူစတာဗို ပိုယက်ပြောကြား။

– မန်ချက်စတာယူနိုက်တက်ရဲ့ ကြယ်ပွင့်ကစားသမား ဘရူနို ဖာနန်ဒက်စ်က သူနဲ့ အသင်းဖော်ကွင်းလယ်လူ ဖရက်ဒ်တို့ဟာ ဆိုးလ်ရှားရဲ့ လက်ထောက်နည်းပြ မိုက်ကယ် ကာရစ်ဆီက သင်ယူခဲ့ကြရပြီး အင်္ဂလန်ကွင်းလယ်လူဟောင်းရဲ့ ညွှန်ကြားပြသမှုကို ထုတ်ဖော်ချီးကျူးသွားခဲ့။

– ဒဏ်ရာပြဿနာတွေ ရှိနေခဲ့တဲ့ လုခ်ရှော၊ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်မှုကနေ သက်သာလာခဲ့တဲ့ အဲလက်စ် တဲလက်စ်တို့အနေနဲ့ နောက်တစ်ပတ် စနေနေ့မှာ ကစားရမယ့် ဝက်စ်ဘရွန်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မီ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းနဲ႔ အံဝင္ျခင္းမရွိေတာ့ဘဲ ကြင္းလယ္မွာ ေနရာခ်ထားမႈမွာ အဆင္မေျပျဖစ္ေစခဲ့သလို နည္းျပ ဆိုးလ္ရွား ၫႊန္ၾကားတဲ့အတိုင္း ကစားႏိုင္ျခင္းမရွိတဲ့ ေပါ့ဘာကို ေရာင္းခ်ဖို႔ ကြၽမ္းက်င္သူအမ်ားစုက အႀကံျပဳခဲ့ၾကၿပီး ဖာနန္ဒက္စ္နဲ႔ ဗန္ဒဘိခ္တို႔ကိုပဲ သုံးစြဲသြားဖို႔ တိုက္တြန္း။

– ဘရာဇီးလ္အသင္းရဲ႕ ေျခစစ္ပြဲေတြမွာ ပါဝင္ကစားႏိုင္ၿပီျဖစ္တဲ့ အဲလက္စ္ တဲလက္စ္ကို ဥ႐ုေဂြးႏိုင္ငံတြင္း ဝင္ေရာက္ဖို႔ ကိုဗစ္-၁၉ စစ္ေဆးမႈဆိုင္ရာေတြမွာ ေသေသခ်ာခ်ာ စစ္ေဆးသြားမွာျဖစ္ၿပီး ယူႏိုက္တက္မွာကတည္းက ဒီဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရတဲ့ အေျခအေနက ျပန္လည္ကူးစက္ဖို႔ေတာ့ မျဖစ္ႏိုင္ေတာ့ဘူးလို႔ လက္ေ႐ြးစင္အသင္း ထုတ္ျပန္ထား။

– မန္ခ်က္စတာယူႏိုက္တက္ဂိုးသမားေဟာင္း အက္ဒ္ဗင္ ဗန္ဒါဆားရဲ႕ အဆက္အသြယ္နဲ႔ အိုးလ္ထရက္ဖို႔ဒ္ကို အားကစားဒါ႐ိုက္တာအျဖစ္ အိုင္းယက္စ္ရဲ႕ မာ့ခ္ အိုဗာမားစ္ ေရာက္လာႏိုင္တယ္လို႔ ခန႔္မွန္းေနၾကၿပီး အာဆင္နယ္အသင္းအတြက္ေတာ့ မခံခ်င္စရာျဖစ္လာႏိုင္။

– ယူႏိုက္တက္အသင္းအတြက္ ဂိုးေတြ ထပ္သြင္းႏိုင္ဖို႔ ႀကိဳးစားရမယ္လို႔ ကြင္းလယ္လူ စေကာ့ မက္ေတာ္မီေနးက ေျပာၾကားလိုက္ၿပီး ကြင္းတြင္း ကစားပုံကိုလည္း ပိုမိုတိုးတက္ေအာင္ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားဆီက သင္ယူေနတယ္လို႔ဆို။

– အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ အက္ဒင္ဆန္ ကာဗာနီကို Panic Buy သေဘာမ်ိဳး ေခၚယူခဲ့ေပမယ့္ ပိုမိုျမင့္မားတဲ့ အခန္းက႑ကို ဥ႐ုေဂြးတိုက္စစ္မႉးအေနနဲ႔ ရယူၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ ပိုမိုေတာက္ပလာဦးမယ္လို႔ ဂူစတာဗို ပိုယက္ေျပာၾကား။

– မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ၾကယ္ပြင့္ကစားသမား ဘ႐ူႏို ဖာနန္ဒက္စ္က သူနဲ႔ အသင္းေဖာ္ကြင္းလယ္လူ ဖရက္ဒ္တို႔ဟာ ဆိုးလ္ရွားရဲ႕ လက္ေထာက္နည္းျပ မိုက္ကယ္ ကာရစ္ဆီက သင္ယူခဲ့ၾကရၿပီး အဂၤလန္ကြင္းလယ္လူေဟာင္းရဲ႕ ၫႊန္ၾကားျပသမႈကို ထုတ္ေဖာ္ခ်ီးက်ဴးသြားခဲ့။

– ဒဏ္ရာျပႆနာေတြ ရွိေနခဲ့တဲ့ လုခ္ေရွာ၊ မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ကူးစက္မႈကေန သက္သာလာခဲ့တဲ့ အဲလက္စ္ တဲလက္စ္တို႔အေနနဲ႔ ေနာက္တစ္ပတ္ စေနေန႔မွာ ကစားရမယ့္ ဝက္စ္ဘ႐ြန္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မီ ျပန္လည္ပါဝင္ႏိုင္ဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.