Premier League Transfer News

16 Nov နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်းတို့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ၇၂ မိနစ် ပါဝင်ကစားခဲ့ရာမှာ တိကျသေချာတဲ့ ပေးပို့မှု ၁၄ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားရဲ့ ခြေစွမ်းက နည်းပြ ဂွါဒီယိုလာအတွက် စိုးရိမ်စရာဖြစ်လာ။

– အသင်းကို ပြန်လည်တည်ဆောက်နေရတဲ့ အနေအထားမှာ နည်းပြ ဂွါဒီယိုလာကိုပဲ ဆက်လက်ထားရှိပြီး ရာသီမကုန်ခင် စာချုပ်သစ် ချုပ်ဆိုသွားဖို့ မန်ချက်စတာစီးတီး စီစဉ်နေသလို လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ အဓိက ဆွဲဆောင်မှုတစ်ခုအဖြစ် ရှုမြင်ထား။

– အာလင်း ဟားလန်းကို မန်စီးတီးဘက်က စောင့်ကြည့်နေပေမယ့် မက်ဆီရဲ့ အဂွေရိုနဲ့ ဆက်လက်တွဲကစားမယ့် ဆုံးဖြတ်ချက်ကြောင့် နောက်ထပ် အာဂျင်တီးနားသားတစ်ဦးအတွက် ခန့်မှန်းမှု ထွက်ပေါ်လာပြီး အင်တာတိုက်စစ်မှူး လော်တာရို မာတီနက်ဇ်နဲ့ အသံတွေ ကြားလာရ။

– ပိတ်ကစားတဲ့ အသင်းတွေနဲ့တွေ့ရင် အရင်လို မဟုတ်ဘဲ ရုန်းကန်နေခဲ့ရတဲ့ မန်စီးတီးတိုက်စစ်အတွက် အသင်းမှာ ၄ ရာသီခွဲ ကစားသွားခဲ့ဖူးတဲ့ ဘော့စနီးယားတိုက်စစ်မှူး အီဒင် ဂျက်ကို,ကို ရိုးမားကနေ ခေါ်ယူဖို့ ပရိသတ်တွေ အလိုရှိနေ။

– အင်္ဂလန်အသင်းရဲ့ ဘယ်လ်ဂျီယမ်အသင်းနဲ့ အဝေးကွင်းမှာ ကစားရမယ့် ပွဲစဉ်အတွက် မန်စီးတီးတောင်ပံကစားသမား ရာဟင်းမ် စတာလင် လွဲချော်ရတော့မှာဖြစ်ပြီး ထရိန်နင် ပြီးဆုံးခါနီးမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ချန်လှပ်ထားခဲ့တယ်လို့ ထုတ်ပြန်သွား။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ လာမယ့်ရာသီမှာ လာလီဂါကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့် ဘာစီလိုနာအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီအပြင် ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ခံစစ်မှူး ဆာဂျီယို ရာမို့စ်ကိုပါ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့အပြိုင် ခေါ်ယူသွားဖို့ ပြင်ဆင်နေ။

– ဘာစီလိုနာအသင်းအနေနဲ့ မန်စီးတီးနောက်ခံလူ အဲရစ် ဂါစီယာအတွက် သတ်မှတ်ဈေး ပေါင် ၁၃.၅ သန်းကို ဇန်နဝါရီမှာ မပေးချေလိုဘဲ ရှိနေပြီး နောက်ခံလူနဲ့ ရီးရဲလ်မက်ဒရစ် အသံထွက်လာခဲ့ချိန်မှာတော့ ကမ်းလှမ်းမှုအတွက် အနည်းငယ်တိုးမြှင့်လာဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ေပၚတူဂီလက္ေရြးစင္အသင္းနဲ႔ ျပင္သစ္လက္ေရြးစင္အသင္းတုိ႔ ကစားခဲ့တဲ့ ေနးရွင္းလိဂ္ပြဲစဥ္မွာ ၇၂ မိနစ္ ပါဝင္ကစားခဲ့ရာမွာ တိက်ေသခ်ာတဲ့ ေပးပုိ႔မွဳ ၁၄ ႀကိမ္သာ ျပဳလုပ္ႏုိင္ခဲ့တဲ့ ဘာနာဒို ေဆးလ္ဗားရဲ႕ ေျခစြမ္းက နည္းျပ ဂြါဒီယိုလာအတြက္ စိုးရိမ္စရာျဖစ္လာ။

– အသင္းကို ျပန္လည္တည္ေဆာက္ေနရတဲ့ အေနအထားမွာ နည္းျပ ဂြါဒီယိုလာကိုပဲ ဆက္လက္ထားရွိၿပီး ရာသီမကုန္ခင္ စာခ်ဳပ္သစ္ ခ်ဳပ္ဆုိသြားဖို႔ မန္ခ်က္စတာစီးတီး စီစဥ္ေနသလို လီယြန္နယ္ မက္ဆီကို ေခၚယူဖို႔ အဓိက ဆြဲေဆာင္မွဳတစ္ခုအျဖစ္ ရွဳျမင္ထား။

– အာလင္း ဟားလန္းကို မန္စီးတီးဘက္က ေစာင့္ၾကည့္ေနေပမယ့္ မက္ဆီရဲ႕ အေဂြ႐ိုနဲ႔ ဆက္လက္တြဲကစားမယ့္ ဆုံးျဖတ္ခ်က္ေၾကာင့္ ေနာက္ထပ္ အာဂ်င္တီးနားသားတစ္ဦးအတြက္ ခန္႔မွန္းမွဳ ထြက္ေပၚလာၿပီး အင္တာတုိက္စစ္မွဴး ေလာ္တာ႐ို မာတီနက္ဇ္နဲ႔ အသံေတြ ၾကားလာရ။

– ပိတ္ကစားတဲ့ အသင္းေတြနဲ႔ေတြ႕ရင္ အရင္လို မဟုတ္ဘဲ ႐ုန္းကန္ေနခဲ့ရတဲ့ မန္စီးတီးတုိက္စစ္အတြက္ အသင္းမွာ ၄ ရာသီခြဲ ကစားသြားခဲ့ဖူးတဲ့ ေဘာ့စနီးယားတုိက္စစ္မွဴး အီဒင္ ဂ်က္ကို,ကို ႐ိုးမားကေန ေခၚယူဖို႔ ပရိသတ္ေတြ အလိုရွိေန။

– အဂၤလန္အသင္းရဲ႕ ဘယ္လ္ဂ်ီယမ္အသင္းနဲ႔ အေဝးကြင္းမွာ ကစားရမယ့္ ပြဲစဥ္အတြက္ မန္စီးတီးေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္ လြဲေခ်ာ္ရေတာ့မွာျဖစ္ၿပီး ထရိန္နင္ ၿပီးဆုံးခါနီးမွာ ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ ခ်န္လွပ္ထားခဲ့တယ္လုိ႔ ထုတ္ျပန္သြား။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လာမယ့္ရာသီမွာ လာလီဂါကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ရရွိႏုိင္မယ့္ ဘာစီလိုနာအသင္းေခါင္းေဆာင္ တုိက္စစ္မွဴး မက္ဆီအျပင္ ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ ခံစစ္မွဴး ဆာဂ်ီယို ရာမုိ႔စ္ကိုပါ ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာယူႏုိက္တက္နဲ႔အၿပဳိင္ ေခၚယူသြားဖို႔ ျပင္ဆင္ေန။

– ဘာစီလိုနာအသင္းအေနနဲ႔ မန္စီးတီးေနာက္ခံလူ အဲရစ္ ဂါစီယာအတြက္ သတ္မွတ္ေဈး ေပါင္ ၁၃.၅ သန္းကို ဇန္နဝါရီမွာ မေပးေခ်လိုဘဲ ရွိေနၿပီး ေနာက္ခံလူနဲ႔ ရီးရဲလ္မက္ဒရစ္ အသံထြက္လာခဲ့ခ်ိန္မွာေတာ့ ကမ္းလွမ္းမွဳအတြက္ အနည္းငယ္တုိးျမႇင့္လာဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.