Premier League

12 Nov -ယနေ့ နံနက်ခင်းထိရရှိသော အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ နောက်ခံလူကောင်းတစ်ယောက် ထပ်မံရှာဖွေသင့်နေသေးပြီး ဗဟိုနောက်ခံနေရာမှာ ကစားမယ့် ညာသန် ကစားသမားတစ်ဦးကို နွေရာသီမှာ အားဖြည့်သွားသင့်တယ်လို့ ဂျာနယ်လစ် ဒေးဗစ် အွန်းစတိန်းပြောကြား။

– ဇန်နဝါရီမှာ အသင်းရဲ့ ဖန်တီးမှုကို ထပ်ပေါင်းထည့်ပေးနိုင်မယ့် ကစားသမားတွေအဖြစ် ရက်ဒ်ဘူးလ်အုပ်စုအသင်းတွေက ကစားသမား နှစ်ဦးကို စောင့်ကြည့်နေပြီး ဆာ့လ်ဇ်ဘတ်ရဲ့ ဆိုဘော့ဆ်လိုင်းနဲ့ လိုက်ပ်ဇစ်ရဲ့ အွန်ကွန်ကူးတို့ကို အာဆင်နယ်ကြိုးစားဖွယ်ရှိနေ။

– နောက်ခံလူ ဆာလီဘာအနေနဲ့ အသင်းရဲ့ ယူ-၂၁ ပြိုင်ပွဲမှာ အားသာချက်နဲ့ အားနည်းချက်တွေကို တစ်ပြိုင်တည်းပြသခဲ့ပြီး အာတီတာရဲ့ မသုံးစွဲသေးမှုကို မှန်ကန်ကြောင်း ထောက်ခံနိုင်ခဲ့သလို တိုက်စစ်မှာ ဖန်တီးမှုတွေ လုပ်ဆောင်ပေးနိုင်ခဲ့ပေမယ့် ခံစစ်ကို ဟာကွက်တွေ ဖြစ်စေခဲ့။

– ဂါနာလက်ရွေးစင်အသင်းအနေနဲ့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးကို မြောက်လန်ဒန်မှာပဲ အနားယူကုသဖို့ ခွင့်ပြုလိုက်ပြီး ကစားသမားအနေနဲ့ ပေါင်ကြွက်သားနဲ့၊ ခြေကျင်းဝတ်ဒဏ်ရာ အသေးစားနှစ်ခုကို ရရှိထားပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၉ အမီ ပြန်လာနိုင်ဖို့ ပစ်မှတ်ထားနေ။

– အာဆင်နယ်အသင်းကို ဆုဖလားတွေ ရယူပေးနိုင်ခဲ့တဲ့ နည်းပြဟောင်း ဂျော့ဂရေဟမ်က မီဆွတ် အိုဇေးလ်ဟာ ဖန်တီးမှုကောင်းပေမယ့် အသင်းလိုက် ခံစစ်ကစားချိန်မှာတော့ သုံးဖို့မဖြစ်နိုင်လို့ အာတီတာအနေနဲ့ သူ့ကို အမြန်ဆုံး ရှင်းထုတ်နိုင်မလား စောင့်ကြည့်ရဖို့ပဲရှိတယ်လို့ မှတ်ချက်ပေး။

– သူ့ရဲ့သားဖြစ်သူ နောက်ခံလူ ရှကိုဒန် မူစတာဖီအနေနဲ့ အမ်းမရိတ်ကနေ ထွက်ခွာမှာဖြစ်ပြီး အပြောင်းအလဲအနေနဲ့တော့ ဇန်နဝါရီအစား နွေရာသီမှာမှ အလွတ်ပြောင်းရွှေ့ဖို့ ရှိနေကြောင်း ဖခင်ဖြစ်သူ ကူတင် မူစတာဖီ ပြောကြား။

– အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်လာရတာဟာ တာဝန်ယူမှု ကြီးမားပြီး သူ့ကို ပိုမိုပြောင်းလဲသွားစေကြောင်းနဲ့ အသင်းကို အမြဲအာရုံစူးစိုက်ထားရကြောင်း၊ အရန်ခုံထိုင်နေတာတောင်မှ ကွင်းထဲက ကစားသမားတွေကို ညွှန်ကြားအော်ဟစ်နေရပြီး ပွဲတိုင်းမှာ အပြည့်အဝ ပေးဆပ်နိုင်ဖို့ အရေးကြီးကြောင်း အူဘာမီယန်း ထုတ်ဖော်သွား။

– အင်္ဂလန်လက်ရွေးစင်အသင်းကြီးရဲ့ ခေါ်ယူခံရမှုမှာ အဆင်ပြေပြေနဲ့ အသားကျကစားနိုင်အောင် ကူညီပေးခဲ့တဲ့ အသင်းခေါင်းဆောင် မြို့ခံပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးစ်တိုက်စစ်မှူး ဟာရီကိန်းကို ကျေးဇူးတင်ကြောင်း ဘူကာယို ဆာကာပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ေနာက္ခံလူေကာင္းတစ္ေယာက္ ထပ္မံရွာေဖြသင့္ေနေသးၿပီး ဗဟိုေနာက္ခံေနရာမွာ ကစားမယ့္ ညာသန္ ကစားသမားတစ္ဦးကို ေႏြရာသီမွာ အားျဖည့္သြားသင့္တယ္လို႔ ဂ်ာနယ္လစ္ ေဒးဗစ္ အြန္းစတိန္းေျပာၾကား။

– ဇန္နဝါရီမွာ အသင္းရဲ႕ ဖန္တီးမႈကို ထပ္ေပါင္းထည့္ေပးႏိုင္မယ့္ ကစားသမားေတြအျဖစ္ ရက္ဒ္ဘူးလ္အုပ္စုအသင္းေတြက ကစားသမား ႏွစ္ဦးကို ေစာင့္ၾကည့္ေနၿပီး ဆာ့လ္ဇ္ဘတ္ရဲ႕ ဆိုေဘာ့ဆ္လိုင္းနဲ႔ လိုက္ပ္ဇစ္ရဲ႕ အြန္ကြန္ကူးတို႔ကို အာဆင္နယ္ႀကိဳးစားဖြယ္ရွိေန။

– ေနာက္ခံလူ ဆာလီဘာအေနနဲ႔ အသင္းရဲ႕ ယူ-၂၁ ၿပိဳင္ပြဲမွာ အားသာခ်က္နဲ႔ အားနည္းခ်က္ေတြကို တစ္ၿပိဳင္တည္းျပသခဲ့ၿပီး အာတီတာရဲ႕ မသုံးစြဲေသးမႈကို မွန္ကန္ေၾကာင္း ေထာက္ခံႏိုင္ခဲ့သလို တိုက္စစ္မွာ ဖန္တီးမႈေတြ လုပ္ေဆာင္ေပးႏိုင္ခဲ့ေပမယ့္ ခံစစ္ကို ဟာကြက္ေတြ ျဖစ္ေစခဲ့။

– ဂါနာလက္ေ႐ြးစင္အသင္းအေနနဲ႔ အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးကို ေျမာက္လန္ဒန္မွာပဲ အနားယူကုသဖို႔ ခြင့္ျပဳလိုက္ၿပီး ကစားသမားအေနနဲ႔ ေပါင္ႂကြက္သားနဲ႔၊ ေျခက်င္းဝတ္ဒဏ္ရာ အေသးစားႏွစ္ခုကို ရရွိထားၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ ၉ အမီ ျပန္လာႏိုင္ဖို႔ ပစ္မွတ္ထားေန။

– အာဆင္နယ္အသင္းကို ဆုဖလားေတြ ရယူေပးႏိုင္ခဲ့တဲ့ နည္းျပေဟာင္း ေဂ်ာ့ဂေရဟမ္က မီဆြတ္ အိုေဇးလ္ဟာ ဖန္တီးမႈေကာင္းေပမယ့္ အသင္းလိုက္ ခံစစ္ကစားခ်ိန္မွာေတာ့ သုံးဖို႔မျဖစ္ႏိုင္လို႔ အာတီတာအေနနဲ႔ သူ႔ကို အျမန္ဆုံး ရွင္းထုတ္ႏိုင္မလား ေစာင့္ၾကည့္ရဖို႔ပဲရွိတယ္လို႔ မွတ္ခ်က္ေပး။

– သူ႔ရဲ႕သားျဖစ္သူ ေနာက္ခံလူ ရွကိုဒန္ မူစတာဖီအေနနဲ႔ အမ္းမရိတ္ကေန ထြက္ခြာမွာျဖစ္ၿပီး အေျပာင္းအလဲအေနနဲ႔ေတာ့ ဇန္နဝါရီအစား ေႏြရာသီမွာမွ အလြတ္ေျပာင္းေ႐ႊ႕ဖို႔ ရွိေနေၾကာင္း ဖခင္ျဖစ္သူ ကူတင္ မူစတာဖီ ေျပာၾကား။

– အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ျဖစ္လာရတာဟာ တာဝန္ယူမႈ ႀကီးမားၿပီး သူ႔ကို ပိုမိုေျပာင္းလဲသြားေစေၾကာင္းနဲ႔ အသင္းကို အၿမဲအာ႐ုံစူးစိုက္ထားရေၾကာင္း၊ အရန္ခုံထိုင္ေနတာေတာင္မွ ကြင္းထဲက ကစားသမားေတြကို ၫႊန္ၾကားေအာ္ဟစ္ေနရၿပီး ပြဲတိုင္းမွာ အျပည့္အဝ ေပးဆပ္ႏိုင္ဖို႔ အေရးႀကီးေၾကာင္း အူဘာမီယန္း ထုတ္ေဖာ္သြား။

– အဂၤလန္လက္ေ႐ြးစင္အသင္းႀကီးရဲ႕ ေခၚယူခံရမႈမွာ အဆင္ေျပေျပနဲ႔ အသားက်ကစားႏိုင္ေအာင္ ကူညီေပးခဲ့တဲ့ အသင္းေခါင္းေဆာင္ ၿမိဳ႕ခံၿပိဳင္ဘက္ ေတာ့တင္ဟမ္ေဟာ့စပါးစ္တိုက္စစ္မႉး ဟာရီကိန္းကို ေက်းဇူးတင္ေၾကာင္း ဘူကာယို ဆာကာေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.