Premier League

12 Nov – ညနေခင်း နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ချယ်လ်ဆီးအသင်းရဲ့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်ခြေကို ကစားသမားဟောင်း ဂလန်း ဂျွန်ဆင်က ခန့်မှန်းမှုပြုလုပ်ခဲ့ပြီး လီဗာပူးလ်နဲ့ မန်စီးတီးတို့ရဲ့နောက် ရေပန်းအစားဆုံး နံပါတ်သုံးနေရာမှာ ချယ်လ်ဆီးအသင်းကို ရွေးချယ်သွားခဲ့။

ကိုရိုနာဗိိုင်းရပ်စ်ရောဂါကို ကြုံတွေ့နေရတဲ့အချိန် နိုင်ငံတကာ ပွဲဆက်တွေနဲ့ လုံးပန်းနေရလို့ ကစားသမားတွေအတွက် အထူးစိုးရိမ်စရာ ရှိနေကြောင်း တာဝန်ရှိသူတွေကို သီယာဂို ဆေးလ်ဗား သတိပေး။

အာဆင်နယ်ကစားသမားဟောင်း အီယန်ရိုက်က မန်ဒီ၊ သီယာဂို ဆေးလ်ဗား၊ ကွန်တေ၊ ဟာကင်းမ် ဇီးယက်ရှ်၊ ခိုင်ဟာဗတ်ဇ်၊ တီမို ဗာနာတို့အုပ်စုကို ပိုင်ဆိုင်ထားတဲ့ ချယ်လ်ဆီးအသင်းကသာ ပရီးမီးယားလိဂ်ဖလားကို အမှန်တကယ် စိန်ခေါ်နိုင်သူဖြစ်ကြောင်း မှတ်ချက်ပေးခဲ့။

လန်ဒန်အခြေစိုက် အသင်းကြီးသုံးသင်းမှာ ဒီရာသီ အမြင့်ပျံမယ့် အသင်းအနေနဲ့ အာဆင်နယ်၊ စပါးတို့ကို ကျော်လွန်ပြီး ချယ်လ်ဆီးအသင်းဘက်က ခရစ္စ ဆက်တန်ရပ်တည်ခဲ့ပြီး ချယ်လ်ဆီးအထက်မှာ ရောက်ရှိနေတဲ့ မော်ရင်ညိုရဲ့အသင်းက ယုံကြည်စရာမရှိကြောင်းဆို။

ချယ်လ်ဆီးအသင်းဟာ ပြင်သစ်လက်ရွေးစင်၊ ဗဟိုနောက်ခံလူ ကတ်ဇူးမားကို စာချုပ်သက်တမ်း ၅ နှစ် ထပ်တိုးဖို့ ပြင်ဆင်နေပြီး ကစားသမားနဲ့ စကားပြောဆိုမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းထောက် ဖာဘရာဇီယို ရိုမာနိုက ဖော်ပြ။

ချယ်လ်ဆီးအသင်းရဲ့ အမေရိကန် ကွင်းလယ်လူ ခရစ္စတီယန် ပူလီရှစ်ချ်ဟာ အမေရိကန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းခဲ့ပေမယ့် ပေါင်တွင်းကြောဒဏ်ရာ သက်သာလာခြင်းမရှိဘဲ လေ့ကျင့်ရေး မဆင်းနိုင်တာကြောင့် ချယ်လ်ဆီးအသင်းထံ ပြန်လည်စေလွှတ်ပေးမည်ဟု အမေရိကန်နည်းပြ ပြောကြား။

နည်းပြလမ်းပတ်ရဲ့ လူငယ်စီမံကိန်း နဲ့ အနာဂတ်အစီအစဥ်တိကျမှုတွေက အထင်ကြီးစရာ ဖြစ်ခဲ့ပြီး သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို လေးစားမိတာကြောင့် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ချက်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း ခိုင်ဟာဗတ်ဇ် ထုတ်ဖော်ပြောဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ယ္လ္ဆီးအသင္းရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္နိုင္ေျခကို ကစားသမားေဟာင္း ဂလန္း ဂြၽန္ဆင္က ခန့္မွန္းမႈျပဳလုပ္ခဲ့ၿပီး လီဗာပူးလ္နဲ႕ မန္စီးတီးတို႔ရဲ႕ေနာက္ ေရပန္းအစားဆုံး နံပါတ္သုံးေနရာမွာ ခ်ယ္လ္ဆီးအသင္းကို ေ႐ြးခ်ယ္သြားခဲ့။

ကိုရိုနာဗိိုင္းရပ္စ္ေရာဂါကို ႀကဳံေတြ႕ေနရတဲ့အခ်ိန္ နိုင္ငံတကာ ပြဲဆက္ေတြနဲ႕ လုံးပန္းေနရလို႔ ကစားသမားေတြအတြက္ အထူးစိုးရိမ္စရာ ရွိေနေၾကာင္း တာဝန္ရွိသူေတြကို သီယာဂို ေဆးလ္ဗား သတိေပး။

အာဆင္နယ္ကစားသမားေဟာင္း အီယန္ရိုက္က မန္ဒီ၊ သီယာဂို ေဆးလ္ဗား၊ ကြန္ေတ၊ ဟာကင္းမ္ ဇီးယက္ရွ္၊ ခိုင္ဟာဗတ္ဇ္၊ တီမို ဗာနာတို႔အုပ္စုကို ပိုင္ဆိုင္ထားတဲ့ ခ်ယ္လ္ဆီးအသင္းကသာ ပရီးမီးယားလိဂ္ဖလားကို အမွန္တကယ္ စိန္ေခၚနိုင္သူျဖစ္ေၾကာင္း မွတ္ခ်က္ေပးခဲ့။

လန္ဒန္အေျခစိုက္ အသင္းႀကီးသုံးသင္းမွာ ဒီရာသီ အျမင့္ပ်ံမယ့္ အသင္းအေနနဲ႕ အာဆင္နယ္၊ စပါးတို႔ကို ေက်ာ္လြန္ၿပီး ခ်ယ္လ္ဆီးအသင္းဘက္က ခရစၥ ဆက္တန္ရပ္တည္ခဲ့ၿပီး ခ်ယ္လ္ဆီးအထက္မွာ ေရာက္ရွိေနတဲ့ ေမာ္ရင္ညိုရဲ႕အသင္းက ယုံၾကည္စရာမရွိေၾကာင္းဆို။

ခ်ယ္လ္ဆီးအသင္းဟာ ျပင္သစ္လက္ေ႐ြးစင္၊ ဗဟိုေနာက္ခံလူ ကတ္ဇူးမားကို စာခ်ဳပ္သက္တမ္း ၅ ႏွစ္ ထပ္တိုးဖို႔ ျပင္ဆင္ေနၿပီး ကစားသမားနဲ႕ စကားေျပာဆိုမႈမ်ား ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း သတင္းေထာက္ ဖာဘရာဇီယို ရိုမာနိုက ေဖာ္ျပ။

ခ်ယ္လ္ဆီးအသင္းရဲ႕ အေမရိကန္ ကြင္းလယ္လူ ခရစၥတီယန္ ပူလီရွစ္ခ်္ဟာ အေမရိကန္လက္ေ႐ြးစင္အသင္းနဲ႕ ပူးေပါင္းခဲ့ေပမယ့္ ေပါင္တြင္းေၾကာဒဏ္ရာ သက္သာလာျခင္းမရွိဘဲ ေလ့က်င့္ေရး မဆင္းနိုင္တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းထံ ျပန္လည္ေစလႊတ္ေပးမည္ဟု အေမရိကန္နည္းျပ ေျပာၾကား။

နည္းျပလမ္းပတ္ရဲ႕ လူငယ္စီမံကိန္း နဲ႕ အနာဂတ္အစီအစဥ္တိက်မႈေတြက အထင္ႀကီးစရာ ျဖစ္ခဲ့ၿပီး သူ႕ရဲ႕ ကိုယ္ရည္ကိုယ္ေသြးကို ေလးစားမိတာေၾကာင့္ ခ်ယ္လ္ဆီးအသင္းသို႔ ေျပာင္းေ႐ႊ႕ကစားရန္ ဆုံးျဖတ္ခ်က္ခ်နိဳင္ခဲ့ျခင္းျဖစ္ေၾကာင္း ခိုင္ဟာဗတ္ဇ္ ထုတ္ေဖာ္ေျပာဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.