Premier League

ယူနိုက်တက်ကို အပြောင်းအလဲတွေလုပ်သွားဖို့ ဝုဒ်ဝဒ်ကို ပိုချက်တီနို ထုတ်ပြောလိုက်ပြီ

လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပြီး ပရီးမီးယားလိဂ်ကို တကျော့ပြန် ခြေချလာဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေတဲ့ အာဂျင်တိုင်းနည်းပြ ပိုချက်တီနိုဟာ Sky Sports မှာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် အစီအစဉ်တင်ဆက်ရာမှာ ပါဝင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ ဒဟဲယားနဲ့ မေဆန် ဂရင်းဝုဒ်တို့ကို နေရာအလိုက် အကောင်းဆုံးကစားသမားတွေဖြစ်တယ်လို့ ထုတ်ဖော်ချီးကျူးသွားခဲ့ပါတယ်။

ပိုချက်တီနိုဟာ စပါးအသင်းနဲ့ လမ်းခွဲပြီးနောက် ယူနိုက်တက်အသင်းနည်းပြဖြစ်လာဖို့ တောက်လျှောက်ရေပန်းစားခဲ့ပြီး မန်ချက်စတာာယူနိုက်တက်ပရိသတ်တွေထဲက ပိုချက်တီနိုရဲ့ အမာခံအားပေးသူတွေ ရှိနေသလို လက်ရှိနည်းပြ ဆိုးလ်ရှားရဲ့ မတည်ငြိမ်တဲ့ ကမောက်ကမရလဒ်တွေကို စိတ်ပျက်နေကြတာကြောင့် ဆိုးလ်ရှားနေရာ အစားထိုးဖို့ တာစူနေတဲ့ ပရိသတ်တွေအကြိုက် ပိုချက်တီနိုတယောက် ယူနိုက်တက်ကို ရောက်ရှိလာမလားဆိုတာဟာ အဟော့ဆုံးဖြစ်စဉ်အနေနဲ့ တစ်ပြေးနေတာပါ။

ဆိုးလ်ရှားကို ယာယီနည်းပြခန့်အပ်စဉ်ကတည်းက ယူနိုက်တက်နဲ့ ပိုချက်တီနိုတို့ သတင်းပြေးခဲ့ပြီး သူ့ကို အိုးထရက်ဖို့ဒ် နည်းပြထိုင်ခုံတန်းမှာ မြင်တွေ့ရမလားဆိုတာ ယူနိုက်တက်ပရိသတ်တွေ ရင်ခုန်စွာနဲ့ အဖြေညှိချင်နေကြတဲ့ ပဟေဠိတခုလည်း ဖြစ်တာကြောင့် အဆက်ပြတ်နေတာကြာပြီဖြစ်တဲ့ ပရီးမီးယားလိဂ်နဲ့ ပြန်ဆုံတွေ့ချိန်မှာ ပိုချက်တီနိုတယောက် ဘာတွေထုတ်ပြောခဲ့သလဲဆိုတာက ထူးခြား စိတ်ဝင်စားစရာ၊ စောင့်ကြည့်စရာဖြစ်ခဲ့ရပါတယ်။

“ကြီးမားတဲ့ အပြောင်းအလဲတိုင်းက မခံနိုင်လောက်အောင် ခက်ခဲလေ့ရှိပေမယ့် လုပ်ကိုလုပ်ရပါတယ်။ အသင်းသစ်ကို ရောက်ရှိပြီဆိုတာနဲ့ ပြောင်းလဲမှု လုပ်ဆောင်ရတော့မှာပါ။ ပြောင်းလဲဖို့ အစပြုနေတဲ့ အသင်းဆီ စောစောစီးစီး ရောက်ရှိသွားတာက လုပ်ရကိုင်ရ၊ အသင်းကိုတည်ဆောက်ရတာ ပိုပြီးလွယ်ကူစေပါလိမ့်မယ်။ တော့တင်ဟမ်မှာလိုမျိုး ထူးခြားတဲ့အရာတခုကို လွတ်လွတ်လပ်လပ် ဖန်တီးခဲ့ရတာက အမိုက်စားအရသာပါပဲ”

“နည်းပြနဲ့ နည်းပြအဖွဲ့ဝင်တွေက အသင်းသားတွေ သက်သောင့်သက်သာ ခံစားရပြီး တိုးတက်လာစေမယ့် စင်မြင့်တခုကို ဖန်တီးရမှာပါ။ ဒါ အရမ်း အရေးကြီးပါတယ်။ တော့တင်ဟမ့်အသင်းဥက္ကဌ လီဗိုင်းနဲ့ တစ်သင်းလုံးက ဒီအပိုင်းမှာ ပထမဆုံးနေ့ကစပြီး ကူညီခဲ့ကြသူတွေပါ။ အသင်းမှာ ငါးနှစ်လုံး ပျော်ရွှင်ခဲ့ရတာ ဒီအချက်ကြောင့်ပါပဲ”လို့ ပိုချက်တီနိုက Sky Sports ကို ထုတ်ပြောသွားခဲ့ပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လက္ရွိမွာ အသင္းလက္မဲ့ျဖစ္ေနၿပီး ပရီးမီးယားလိဂ္ကို တေက်ာ့ျပန္ ေျခခ်လာဖြယ္ရွိတယ္လို႔ သတင္းေတြ ထြက္ေနတဲ့ အာဂ်င္တိုင္းနည္းျပ ပိုခ်က္တီႏိုဟာ Sky Sports မွာ ေဘာလုံးေဝဖန္သုံးသပ္သူအျဖစ္ အစီအစဥ္တင္ဆက္ရာမွာ ပါဝင္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြျဖစ္တဲ့ ဒဟဲယားနဲ႔ ေမဆန္ ဂရင္းဝုဒ္တို႔ကို ေနရာအလိုက္ အေကာင္းဆုံးကစားသမားေတြျဖစ္တယ္လို႔ ထုတ္ေဖာ္ခ်ီးက်ဴးသြားခဲ့ပါတယ္။

ပိုခ်က္တီႏိုဟာ စပါးအသင္းနဲ႔ လမ္းခြဲၿပီးေနာက္ ယူႏိုက္တက္အသင္းနည္းျပျဖစ္လာဖို႔ ေတာက္ေလွ်ာက္ေရပန္းစားခဲ့ၿပီး မန္ခ်က္စတာာယူႏိုက္တက္ပရိသတ္ေတြထဲက ပိုခ်က္တီႏိုရဲ႕ အမာခံအားေပးသူေတြ ရွိေနသလို လက္ရွိနည္းျပ ဆိုးလ္ရွားရဲ႕ မတည္ၿငိမ္တဲ့ ကေမာက္ကမရလဒ္ေတြကို စိတ္ပ်က္ေနၾကတာေၾကာင့္ ဆိုးလ္ရွားေနရာ အစားထိုးဖို႔ တာစူေနတဲ့ ပရိသတ္ေတြအႀကိဳက္ ပိုခ်က္တီႏိုတေယာက္ ယူႏိုက္တက္ကို ေရာက္ရွိလာမလားဆိုတာဟာ အေဟာ့ဆုံးျဖစ္စဥ္အေနနဲ႔ တစ္ေျပးေနတာပါ။

ဆိုးလ္ရွားကို ယာယီနည္းျပခန႔္အပ္စဥ္ကတည္းက ယူႏိုက္တက္နဲ႔ ပိုခ်က္တီႏိုတို႔ သတင္းေျပးခဲ့ၿပီး သူ႔ကို အိုးထရက္ဖို႔ဒ္ နည္းျပထိုင္ခုံတန္းမွာ ျမင္ေတြ႕ရမလားဆိုတာ ယူႏိုက္တက္ပရိသတ္ေတြ ရင္ခုန္စြာနဲ႔ အေျဖညႇိခ်င္ေနၾကတဲ့ ပေဟဠိတခုလည္း ျဖစ္တာေၾကာင့္ အဆက္ျပတ္ေနတာၾကာၿပီျဖစ္တဲ့ ပရီးမီးယားလိဂ္နဲ႔ ျပန္ဆုံေတြ႕ခ်ိန္မွာ ပိုခ်က္တီႏိုတေယာက္ ဘာေတြထုတ္ေျပာခဲ့သလဲဆိုတာက ထူးျခား စိတ္ဝင္စားစရာ၊ ေစာင့္ၾကည့္စရာျဖစ္ခဲ့ရပါတယ္။

“ႀကီးမားတဲ့ အေျပာင္းအလဲတိုင္းက မခံႏိုင္ေလာက္ေအာင္ ခက္ခဲေလ့ရွိေပမယ့္ လုပ္ကိုလုပ္ရပါတယ္။ အသင္းသစ္ကို ေရာက္ရွိၿပီဆိုတာနဲ႔ ေျပာင္းလဲမႈ လုပ္ေဆာင္ရေတာ့မွာပါ။ ေျပာင္းလဲဖို႔ အစျပဳေနတဲ့ အသင္းဆီ ေစာေစာစီးစီး ေရာက္ရွိသြားတာက လုပ္ရကိုင္ရ၊ အသင္းကိုတည္ေဆာက္ရတာ ပိုၿပီးလြယ္ကူေစပါလိမ့္မယ္။ ေတာ့တင္ဟမ္မွာလိုမ်ိဳး ထူးျခားတဲ့အရာတခုကို လြတ္လြတ္လပ္လပ္ ဖန္တီးခဲ့ရတာက အမိုက္စားအရသာပါပဲ”

“နည္းျပနဲ႔ နည္းျပအဖြဲ႕ဝင္ေတြက အသင္းသားေတြ သက္ေသာင့္သက္သာ ခံစားရၿပီး တိုးတက္လာေစမယ့္ စင္ျမင့္တခုကို ဖန္တီးရမွာပါ။ ဒါ အရမ္း အေရးႀကီးပါတယ္။ ေတာ့တင္ဟမ့္အသင္းဥကၠဌ လီဗိုင္းနဲ႔ တစ္သင္းလုံးက ဒီအပိုင္းမွာ ပထမဆုံးေန႔ကစၿပီး ကူညီခဲ့ၾကသူေတြပါ။ အသင္းမွာ ငါးႏွစ္လုံး ေပ်ာ္႐ႊင္ခဲ့ရတာ ဒီအခ်က္ေၾကာင့္ပါပဲ”လို႔ ပိုခ်က္တီႏိုက Sky Sports ကို ထုတ္ေျပာသြားခဲ့ပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
SPORTS A2Z.