Premier League

ဆာလားနဲ့ ကိန်းတို့ရဲ့ ပင်နယ်တီက ဖြစ်သင့်သလားဆိုတဲ့အပေါ် ဒိုင်လူကြီးတွေ ဝေဖန်သုံးသပ်

ဒီတပတ် ပရီးမီးယားလိဂ်ပွဲစဥ် ၇ ရက်သတ္တပတ်မှာတော့ လီဗာပူးလ်တိုက်စစ်မှူး မိုဆာလားနဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်းတို့ ရရှိခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောတွေဟာ အငြင်းပွားဖွယ်ရာဖြစ်ရပ်အနေနဲ့ အမြင့်ဆုံး အငြင်းအခုံတွေကို ယူဆောင်လာခဲ့ပြီး လူအများပြောစရာဖြစ်ခဲ့​တာပါ။

အလန် ရှီးယားရားနဲ့ ဒန်နီ မာဖီတို့လို ကစားသမားဟောင်းတွေက ဆာလားရဲ့ ဖြစ်ရပ်မှာ ပြစ်ဒဏ်ကျူးလွန်ခံရခြင်းမရှိဘူးလို့ ရပ်တည်ခဲ့ကြပြီး တဖက်မှာ ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း ခရစ္စဖွိုင်းက ပြိုင်ဘက် ဆာလားကို ဆွဲပြီး ဟန့်တားခဲ့တဲ့ မာဇူဝါကာရဲ့ လုပ်ရပ်​ကြောင့် ဒါဟာ IFAB ဘောလုံးဥပဒေသအရ ပင်နယ်တီဖြစ်သင့်ကြောင်း ထောက်ခံခဲ့ပါတယ်။

ဒါ့အပြင် ဖွိုင်းက ကိန်းရဲ့ဖြစ်စဥ်မှာလည်း IFAB ဥပဒေအရ အဒမ် လယ်လာနာရဲ့ မဆင်ခြင်မှုနဲ့ ပြိုင်ဘက်ကို ကျူးလွန်ခြင်း ပါဝင်ခဲ့တာကြောင့် ကွင်းလယ်ဒိုင် ဂရေဟမ် စကော့ရဲ့ ဆုံးဖြတ်မှု မှန်ကန်တယ်လို့ ဆိုခဲ့ပါတယ်။ ဖြစ်ရပ်နှစ်ခုစလုံးဟာ သဘောထားကွဲစရာအခြေအနေဖြစ်ခဲ့တာ သေချာသလို ရိုးရိုးစင်းစင်းနဲ့ ရှင်းလင်းတဲ့ ပင်နယ်တီမျိုး မဟုတ်ခဲ့တာကို မြင်တွေ့ခဲ့ကြရပါတယ်။

ဘောလုံးဥာဏ်ရည်နဲ့ ပါးနပ်မှုကသာ ပင်နယ်တီဖြစ်ရပ်တွေမှာ အခရာကျတယ်လို့ ကီဗင် ဒေးဗီးစ်လို ကစားသမားတွေက သုံးသပ်ခဲ့သလို ပင်နယ်တီဖြစ်ရပ်တွေမှာ ကစားသမားတွေက ဥာဏ်ရှိရင် ရှိသလို အသုံးချနိုင်ကြောင်းနဲ့ ပင်နယ်တီရတဲ့ ကစားသမားတွေဟာ ပါးနပ်မှု နဲ့ လှည့်စားဖို့ ​တွက်ချက်နိုင်မှု နှစ်ခုစလုံးကို ပေါင်းစပ်နိုင်သူတွေဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ဟက်ကတ်က ဆာလားရဲ့ဖြစ်စဥ်ထက် ဟာရီကိန်းဖြစ်စဥ်က ပိုသံသယဖြစ်ဖွယ်ကောင်းကြောင်း၊ ဟာရီကိန်းရဲ့ ပင်နယ်တီဖြစ်စဥ်မှာ ဒိုင်ရဲ့အမြင်ကို လိုသလို လှည့်စားသွားကြောင်း နဲ့ ဟာရီကိန်းကသာ လယ်လာနာကို အန္တရာယ်ရှိအောင် စတင်ကျူးလွန်ခဲ့ပေမယ့် သူက အကျူးလွန်ခံရသူအဖြစ် လှည့်ဖျားနိုင်ခဲ့တာဖြစ်ကြောင်း၊ ကွင်းလယ်ဒိုင်က ကိုယ် ခန္ဓာ အပေါ်ဘက်ပိုင်းကို လျစ်လျူရှုပြီး ခြေထောက်ပိုင်းကိုသာ အာရုံစိုက် ကြည့်ရှုကာ ပင်နယ်တီကို ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပြောပြသွားခဲ့ပါသေးတယ်။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီတပတ္ ပရီးမီးယားလိဂ္ပြဲစဥ္ ၇ ရက္သတၱပတ္မွာေတာ့ လီဗာပူးလ္တိုက္စစ္မႉး မိုဆာလားနဲ႕ စပါးတိုက္စစ္မႉး ဟာရီကိန္းတို႔ ရရွိခဲ့တဲ့ ပင္နယ္တီျပစ္ဒဏ္ေဘာေတြဟာ အျငင္းပြားဖြယ္ရာျဖစ္ရပ္အေနနဲ႕ အျမင့္ဆုံး အျငင္းအခုံေတြကို ယူေဆာင္လာခဲ့ၿပီး လူအမ်ားေျပာစရာျဖစ္ခဲ့​တာပါ။

အလန္ ရွီးယားရားနဲ႕ ဒန္နီ မာဖီတို႔လို ကစားသမားေဟာင္းေတြက ဆာလားရဲ႕ ျဖစ္ရပ္မွာ ျပစ္ဒဏ္က်ဴးလြန္ခံရျခင္းမရွိဘူးလို႔ ရပ္တည္ခဲ့ၾကၿပီး တဖက္မွာ ပရီးမီးယားလိဂ္ ဒိုင္လူႀကီးေဟာင္း ခရစၥဖြိုင္းက ၿပိဳင္ဘက္ ဆာလားကို ဆြဲၿပီး ဟန့္တားခဲ့တဲ့ မာဇူဝါကာရဲ႕ လုပ္ရပ္​ေၾကာင့္ ဒါဟာ IFAB ေဘာလုံးဥပေဒသအရ ပင္နယ္တီျဖစ္သင့္ေၾကာင္း ေထာက္ခံခဲ့ပါတယ္။

ဒါ့အျပင္ ဖြိုင္းက ကိန္းရဲ႕ျဖစ္စဥ္မွာလည္း IFAB ဥပေဒအရ အဒမ္ လယ္လာနာရဲ႕ မဆင္ျခင္မႈနဲ႕ ၿပိဳင္ဘက္ကို က်ဴးလြန္ျခင္း ပါဝင္ခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္ ဂေရဟမ္ စေကာ့ရဲ႕ ဆုံးျဖတ္မႈ မွန္ကန္တယ္လို႔ ဆိုခဲ့ပါတယ္။ ျဖစ္ရပ္ႏွစ္ခုစလုံးဟာ သေဘာထားကြဲစရာအေျခအေနျဖစ္ခဲ့တာ ေသခ်ာသလို ရိုးရိုးစင္းစင္းနဲ႕ ရွင္းလင္းတဲ့ ပင္နယ္တီမ်ိဳး မဟုတ္ခဲ့တာကို ျမင္ေတြ႕ခဲ့ၾကရပါတယ္။

ေဘာလုံးဥာဏ္ရည္နဲ႕ ပါးနပ္မႈကသာ ပင္နယ္တီျဖစ္ရပ္ေတြမွာ အခရာက်တယ္လို႔ ကီဗင္ ေဒးဗီးစ္လို ကစားသမားေတြက သုံးသပ္ခဲ့သလို ပင္နယ္တီျဖစ္ရပ္ေတြမွာ ကစားသမားေတြက ဥာဏ္ရွိရင္ ရွိသလို အသုံးခ်နိဳင္ေၾကာင္းနဲ႕ ပင္နယ္တီရတဲ့ ကစားသမားေတြဟာ ပါးနပ္မႈ နဲ႕ လွည့္စားဖို႔ ​တြက္ခ်က္နိုင္မႈ ႏွစ္ခုစလုံးကို ေပါင္းစပ္နိုင္သူေတြျဖစ္ေၾကာင္း ေဆြးႏြေးခဲ့ပါတယ္။

ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္း ဟက္ကတ္က ဆာလားရဲ႕ျဖစ္စဥ္ထက္ ဟာရီကိန္းျဖစ္စဥ္က ပိုသံသယျဖစ္ဖြယ္ေကာင္းေၾကာင္း၊ ဟာရီကိန္းရဲ႕ ပင္နယ္တီျဖစ္စဥ္မွာ ဒိုင္ရဲ႕အျမင္ကို လိုသလို လွည့္စားသြားေၾကာင္း နဲ႕ ဟာရီကိန္းကသာ လယ္လာနာကို အႏၱရာယ္ရွိေအာင္ စတင္က်ဴးလြန္ခဲ့ေပမယ့္ သူက အက်ဴးလြန္ခံရသူအျဖစ္ လွည့္ဖ်ားနိုင္ခဲ့တာျဖစ္ေၾကာင္း၊ ကြင္းလယ္ဒိုင္က ကိုယ္ ခႏၶာ အေပၚဘက္ပိုင္းကို လ်စ္လ်ဴရႈၿပီး ေျခေထာက္ပိုင္းကိုသာ အာ႐ုံစိုက္ ၾကည့္ရႈကာ ပင္နယ္တီကို ဆုံးျဖတ္ခဲ့တာျဖစ္ေၾကာင္း ေျပာျပသြားခဲ့ပါေသးတယ္။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.