Premier League

ဒီတပတ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်များရဲ့ ထူးခြားဖြစ်စဥ်များ

ဒီတပတ်ရဲ့ အမှတ်တရဖြစ်ရပ်
လွန်ခဲ့တဲ့ ၁၀ နှစ်က ဘောလုံးသမားဘဝကို စိတ်ကုန်ပြီး မွေးရပ်မြေ ဆွီဒင်မှာ ပြောင်းရွှေ့ကစားခဲ့တဲ့ ဂိုးသမား ရော်ဘင် အော်လ်ဆင်ဟာ အဲဗာတန်အတွက် ပွဲထွက်ပြီး ပရီးမီးယားလိဂ်မှာ ပထမဆုံးတာထွက်နိုင်ခဲ့ပါတယ်။

ဒီတပတ်ရဲ့ အကောင်းဆုံး ကစားသမား
ဆောက်သမ်တန်အတွက် အမိုက်စား ဖရီးကစ် နှစ်ဂိုးဆက်တိုက်သွင်းပြီး ဂိုးဖန်တီးမှု တကြိမ်ပြုလုပ်ခဲ့တဲ့ ဝါ့ဒ်ပရောက်စ်ဟာ ဒီတပတ်ရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ဖရီးကစ်ဂိုး ၁၃ ရာခိုင်နှုန်းကို တဦးတည်းသွင်းယူထားတာပါ။

ဒီတပတ်ရဲ့ အကောင်းဆုံး သွင်းဂိုး
ဖူလ်ဟမ်အတွက် ဒီရာသီ ပထမဆုံးနိုင်ပွဲရယူပေးခဲ့ပြီး ဝက်စ်ဘရွန်းအသင်းကို ဒုတိယမြောက်ဂိုး သွင်းယူခဲ့တဲ့ အိုလာ အီနာရဲ့ ဂိုးဟာ ဒီတပတ်ရဲ့ အကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဒီတပတ်ရဲ့ အကောင်းဆုံး ဘောလုံးပေးပို့မှု
လိဒ်စ်အသင်းကို လေးဂိုး တဂိုးနဲ့ ဂိုးပြတ်နိုင်ခဲ့တဲ့ လက်စတာရဲ့ တတိယဂိုးကို ဖန်တီးပေးခဲ့တဲ့ ဂျိမ်းစ် မက်ဒီဆန်ရဲ့ ဂိုးဖန်တီးမှုက အလှပဆုံး ဘောလုံးပေးပို့မှုအဖြစ် ဒီတပတ်သတ်မှတ်ခံရပြီး လိဒ်ခံစစ်တန်းတခုလုံးကို ဖြိုချပစ်ခဲ့တဲ့ ပေးပို့မှုပါ။

ဒီတပတ်ရဲ့ အကောင်းဆုံး ဂိုးဖမ်းချက်
ရော်ဘင် အော်လ်ဆင်ကပဲ ဒီတပတ်ရဲ့ ဂိုးပေါက်ကာကွယ်မှုမှာ အကောင်းဆုံးကာကွယ်မှုအဖြစ် ရွေးချယ်ခံခဲ့ရပြီး နယူးကာဆယ်က လောင်းစတပ်ဖ်ရဲ့ အနီးကပ်ကန်သွင်းမှုကို အဖျတ်လတ်ဆုံး ကာကွယ်ခဲ့တာပါ။

ဒီတပတ်ရဲ့ အဆိုးရွားဆုံး ဂိုးလွဲချော်မှု
ဒီရာသီ တောက်လျှောက် ဂိုးသွင်းခြေမြင့်နေတဲ့ ဘမ်းဖို့ဒ်ရဲ့ အပိုင်ဂိုးလွဲချော်မှုက ဒီတပတ်ရဲ့ အဆိုးရွားဆုံး ဂိုးပေါက်လွဲချော်မှုအဖြစ် ရွေးချယ်ခံခဲ့ရပြီး ပွဲအစ ၂ မိနစ်တည်းက လက်စတာကို ဦးဆောင်ခွင့် လက်လွှတ်ခဲ့ရတဲ့အပြင် ချက်ချင်းနီးပါး လက်စတာကို ဂိုးခွင့်ပြုခဲ့ရပါတယ်။

ဒီတပတ်ရဲ့ ပြောစကား
​စပါးနည်းပြမော်ရင်ညိုက ဂါရက်ဘေးလ်ရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်ကြောင်း ချီးကျူးမှုပြုလုပ်ခဲ့ပြီးနောက် အချိန်ငါးနစ်လောက်ရရင် ရီးယဲလ်မက်ဒရစ်အသင်းဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာ အင်တာနက်မှာ ရှာကြည့်ရမယ်လို့ အမွှေစကား​ပြောသွားခဲ့တာက ဒီတပတ်ရဲ့ အလှုပ်အခတ်ဖြစ်စေတဲ့ ပြောစကားအဖြစ် သတ်မှတ်ရမှာပါ။

ဒီတပတ်ရဲ့ ဝိုင်းလှောင်စရာဖြစ်ရပ်
ပေါ့ဂ်ဘာရဲ့ အဆင်အခြင်မဲ့ ဖျက်ထုတ်မှုနဲ့ ပင်နယ်တီပေးရပြီး ယူနိုက်တက်ထိချက်ပြင်းခဲ့တဲ့ ဖြစ်ရပ်က ဒီတပတ်အတွက် လူအများ ဝိုင်းလှောင်ပြောင်စရာ အလွှမ်းမိုးဆုံးဖြစ်ရပ်ပါ။ ပေါ့ဘာအတွက် အိပ်မက်ဆိုးက ပိုလို့တိုးပြီး ကဲ့ရဲ့စရာဖြစ်လာစေခဲ့တာပါ။

REF: THE FOOTBALL FAITHFUL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီတပတ္ရဲ႕ အမွတ္တရျဖစ္ရပ္
လြန္ခဲ့တဲ့ ၁၀ ႏွစ္က ေဘာလုံးသမားဘဝကို စိတ္ကုန္ၿပီး ေမြးရပ္ေျမ ဆြီဒင္မွာ ေျပာင္းေ႐ႊ႕ကစားခဲ့တဲ့ ဂိုးသမား ေရာ္ဘင္ ေအာ္လ္ဆင္ဟာ အဲဗာတန္အတြက္ ပြဲထြက္ၿပီး ပရီးမီးယားလိဂ္မွာ ပထမဆုံးတာထြက္နိုင္ခဲ့ပါတယ္။

ဒီတပတ္ရဲ႕ အေကာင္းဆုံး ကစားသမား
ေဆာက္သမ္တန္အတြက္ အမိုက္စား ဖရီးကစ္ ႏွစ္ဂိုးဆက္တိုက္သြင္းၿပီး ဂိုးဖန္တီးမႈ တႀကိမ္ျပဳလုပ္ခဲ့တဲ့ ဝါ့ဒ္ပေရာက္စ္ဟာ ဒီတပတ္ရဲ႕အေကာင္းဆုံးကစားသမားျဖစ္ခဲ့ၿပီး ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ ဖရီးကစ္ဂိုး ၁၃ ရာခိုင္ႏႈန္းကို တဦးတည္းသြင္းယူထားတာပါ။

ဒီတပတ္ရဲ႕ အေကာင္းဆုံး သြင္းဂိုး
ဖူလ္ဟမ္အတြက္ ဒီရာသီ ပထမဆုံးနိုင္ပြဲရယူေပးခဲ့ၿပီး ဝက္စ္ဘ႐ြန္းအသင္းကို ဒုတိယေျမာက္ဂိုး သြင္းယူခဲ့တဲ့ အိုလာ အီနာရဲ႕ ဂိုးဟာ ဒီတပတ္ရဲ႕ အေကာင္းဆုံးသြင္းဂိုးအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။

ဒီတပတ္ရဲ႕ အေကာင္းဆုံး ေဘာလုံးေပးပို႔မႈ
လိဒ္စ္အသင္းကို ေလးဂိုး တဂိုးနဲ႕ ဂိုးျပတ္နိုင္ခဲ့တဲ့ လက္စတာရဲ႕ တတိယဂိုးကို ဖန္တီးေပးခဲ့တဲ့ ဂ်ိမ္းမက္ဒီဆင္ရဲ႕ ဂိုးဖန္တီးမႈက အလွပဆုံး ေဘာလုံးေပးပို႔မႈအျဖစ္ ဒီတပတ္သတ္မွတ္ခံရၿပီး လိဒ္ခံစစ္တန္းတခုလုံးကို ၿဖိဳခ်ပစ္ခဲ့တဲ့ ေပးပို႔မႈပါ။

ဒီတပတ္ရဲ႕ အေကာင္းဆုံး ဂိုးဖမ္းခ်က္
ေရာ္ဘင္ ေအာ္လ္ဆင္ကပဲ ဒီတပတ္ရဲ႕ ဂိုးေပါက္ကာကြယ္မႈမွာ အေကာင္းဆုံးကာကြယ္မႈအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရၿပီး နယူးကာဆယ္က ေလာင္းစတပ္ဖ္ရဲ႕ အနီးကပ္ကန္သြင္းမႈကို အဖ်တ္လတ္ဆုံး ကာကြယ္ခဲ့တာပါ။

ဒီတပတ္ရဲ႕ အဆိုး႐ြားဆုံး ဂိုးလြဲေခ်ာ္မႈ
ဒီရာသီ ေတာက္ေလွ်ာက္ ဂိုးသြင္းေျချမင့္ေနတဲ့ ဘမ္းဖို႔ဒ္ရဲ႕ အပိုင္ဂိုးလြဲေခ်ာ္မႈက ဒီတပတ္ရဲ႕ အဆိုး႐ြားဆုံး ဂိုးေပါက္လြဲေခ်ာ္မႈအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရၿပီး ပြဲအစ ၂ မိနစ္တည္းက လက္စတာကို ဦးေဆာင္ခြင့္ လက္လႊတ္ခဲ့ရတဲ့အျပင္ ခ်က္ခ်င္းနီးပါး လက္စတာကို ဂိုးခြင့္ျပဳခဲ့ရပါတယ္။

ဒီတပတ္ရဲ႕ ေျပာစကား
​စပါးနည္းျပ ေမာ္ရင္ညဳိက ဂါရက္ေဘးလ္ရဲ႕ စြမ္းေဆာင္ရည္ကို ေက်နပ္ေၾကာင္း ခ်ီးက်ဴးမႈျပဳလုပ္ခဲ့ၿပီးေနာက္ အခ်ိန္ ငါးမိနစ္ေလာက္ရရင္ ရီးယဲလ္မက္ဒရစ္အသင္းကို ဘယ္လိုတုံ႕ျပန္မလဲဆိုတာ အင္တာနက္ကေန ရွာၾကည့္ရမယ္လို႔ အေမႊစကား​ေျပာသြားခဲ့တာက ဒီတပတ္ရဲ႕ အလႈပ္အခတ္ျဖစ္ေစတဲ့ ေျပာစကားအျဖစ္ သတ္မွတ္ရမွာပါ။

ဒီတပတ္ရဲ႕ ဝိုင္းေလွာင္စရာျဖစ္ရပ္
ေပါ့ဂ္ဘာရဲ႕ အဆင္အျခင္မဲ့ဖ်က္ထုတ္မႈနဲ႕ ပင္နယ္တီေပးရၿပီး ယူနိုက္တက္ထိခ်က္ျပင္းခဲ့တဲ့ ျဖစ္ရပ္က ဒီတပတ္အတြက္ လူအမ်ား ဝိုင္းေလွာင္ေျပာင္စရာ အလႊမ္းမိုးဆုံးျဖစ္ရပ္ပါ။ ေပါ့ဘာအတြက္ အိပ္မက္ဆိုးက ပိုလို႔တိုးၿပီး ကဲ့ရဲ႕စရာျဖစ္လာေစခဲ့တာပါ။

REF: THE FOOTBALL FAITHFUL
PHOTOS CREDIT TO OWNERS
SPORTS A2Z.