Premier League Transfer News

နောက်ဆုံးရ မန်ချက်စတာစီးတီးညပိုင်းသတင်းများ စုစည်းမှု

– ဒေးဗစ် အလာဘာကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ခိုင်ခိုင်မာမာ ကြိုးစားလုပ်ဆောင်သွားဖွယ် ရှိနေပြီး ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီအသင်းတွေနဲ့အပြိုင် ခေါ်ယူရဖွယ်ရှိနေ။

– လာမယ့်အပတ်မှာ မန်ချက်စတာစီးတီးအသင်းနဲ့ ကစားရမယ့် လီဗာပူးလ်အသင်းမှာ အရေးပါတဲ့ ကစားသမားနှစ်ဦးဖြစ်ကြတဲ့ နောက်ခံလူ ဂျိုယယ်လ် မာတစ်ပ်နဲ့ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာတို့ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိနေ။

– မန်စီးတီးအသင်းရဲ့ နောက်ခံလူတစ်ဦးအနေနဲ့ ပွဲဆက်တိုက်အများဆုံးကစားထားခဲ့တဲ့ ဗင်းဆင့် ကွန်ပနီရဲ့ ၆ ပွဲစံချိန်ကို ကစားသမားသစ် ရူဘင် ဒီယက်စ်အနေနဲ့ လိုက်မီနိုင်ခဲ့ပြီဖြစ်ပြီး ပွဲဆက်အများဆုံးကစားထားခဲ့တဲ့ ကွင်းလယ်လူ ဖာနန်ဒင်ညိုရဲ့ စံချိန်ကိုတော့ လိုက်မီဖို့ နှစ်ပွဲ လိုအပ်နေသေး။

– လာမာစီယာထွက် နောက်ခံလူ အဲရစ် ဂါစီယာအတွက် ဘာစီလိုနာအသင်းအနေနဲ့ ဇန်နဝါရီမှာ ထပ်မံကမ်းလှမ်းသွားဖွယ်ရှိနေပြီး အစ်တီဟတ်မှာ စာချုပ် ၆ လသာ ကျန်တော့တဲ့ စပိန်သားအတွက် ယူရို ၈ သန်းခန့် ပေးချေသွားမယ်လို့သိရ။

– တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်နဲ့ ဆာဂျီယို အဂွေရိုတို့ရဲ့ ပြန်လည်ပါဝင်နိုင်ခြေကို အတိအကျ မသိသေးဘူးလို့ပဲ နည်းပြ ဂွါဒီယိုလာက ရှင်းလင်းသွားပြီး လက်ရှိမှာ ဖယ်ရန် တောရက်စ်ရဲ့ အထောင်ကစားပုံကို ကျေနပ်နေတယ်လို့ ပြောကြား။

– အိုလံပီယာကော့စ်နဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် အိမ်ကွင်းပွဲစဉ်မှာ သုံးပွဲကစား ကိုးမှတ်ရယူနိုင်အောင် ကြိုးစားဖို့ ဂွါဒီယိုလာက တိုက်တွန်းလိုက်ပြီး လီဗာပူးလ်နဲ့ ရင်ဆိုင်ရမယ့် ပွဲအတွက်တော့ ကစားသမားတချို့ကို အနားပေးသွားဖွယ်ရှိနေ။

– နည်းပြရဲ့ ငြင်းဆန်ခြင်းမပြုတဲ့ စကားတွေကြောင့် လီဗာပူးလ်နဲ့ ပွဲမှာ တိုက်စစ်မှူး အဂွေရို ပြန်လည်ပါဝင်လာမယ်လို့ ပရိသတ်တွေက ခန့်မှန်းနေကြပြီး တခြားတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဂျေဆူးစ်ဟာလည်း လေ့ကျင့်ခန်းတစ်ကြိမ်ဆင်းနိုင်ခဲ့တာကြောင့် ပြန်လည်တည်ငြိမ်လာတော့မယ့် အသင်းအတွက် ဝမ်းမြောက်နေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ေဒးဗစ္ အလာဘာကို ေခၚယူႏုိင္ဖို႔ စိတ္ဝင္စားေနတဲ့ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ခုိင္ခုိင္မာမာ ႀကဳိးစားလုပ္ေဆာင္သြားဖြယ္ ရွိေနၿပီး ရီးရဲလ္မက္ဒရစ္၊ ဘာစီလုိနာ၊ ဂ်ဴဗင္တပ္စ္၊ ပီအက္စ္ဂ်ီအသင္းေတြနဲ႔အၿပဳိင္ ေခၚယူရဖြယ္ရွိေန။

– လာမယ့္အပတ္မွာ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ကစားရမယ့္ လီဗာပူးလ္အသင္းမွာ အေရးပါတဲ့ ကစားသမားႏွစ္ဦးျဖစ္ၾကတဲ့ ေနာက္ခံလူ ဂ်ဳိယယ္လ္ မာတစ္ပ္နဲ႔ ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာတုိ႔ ျပန္လည္ပါဝင္လာႏုိင္ဖြယ္ရွိေန။

– မန္စီးတီးအသင္းရဲ႕ ေနာက္ခံလူတစ္ဦးအေနနဲ႔ ပြဲဆက္တုိက္အမ်ားဆုံးကစားထားခဲ့တဲ့ ဗင္းဆင့္ ကြန္ပနီရဲ႕ ၆ ပြဲစံခ်ိန္ကို ကစားသမားသစ္ ႐ူဘင္ ဒီယက္စ္အေနနဲ႔ လုိက္မီႏိုင္ခဲ့ၿပီျဖစ္ၿပီး ပြဲဆက္အမ်ားဆုံးကစားထားခဲ့တဲ့ ကြင္းလယ္လူ ဖာနန္ဒင္ညဳိရဲ႕ စံခ်ိန္ကိုေတာ့ လုိက္မီဖို႔ ႏွစ္ပြဲ လိုအပ္ေနေသး။

– လာမာစီယာထြက္ ေနာက္ခံလူ အဲရစ္ ဂါစီယာအတြက္ ဘာစီလိုနာအသင္းအေနနဲ႔ ဇန္နဝါရီမွာ ထပ္မံကမ္းလွမ္းသြားဖြယ္ရွိေနၿပီး အစ္တီဟတ္မွာ စာခ်ဳပ္ ၆ လသာ က်န္ေတာ့တဲ့ စပိန္သားအတြက္ ယူ႐ို ၈ သန္းခန္႔ ေပးေခ်သြားမယ္လို႔သိရ။

– တုိက္စစ္မွဴးေတြျဖစ္ၾကတဲ့ ဂါဘရီယယ္လ္ ေဂ်ဆူးစ္နဲ႔ ဆာဂ်ီယို အေဂြ႐ိုတုိ႔ရဲ႕ ျပန္လည္ပါဝင္ႏုိင္ေျခကို အတိအက် မသိေသးဘူးလို႔ပဲ နည္းျပ ဂြါဒီယိုလာက ရွင္းလင္းသြားၿပီး လက္ရွိမွာ ဖယ္ရန္ ေတာရက္စ္ရဲ႕ အေထာင္ကစားပုံကို ေက်နပ္ေနတယ္လုိ႔ ေျပာၾကား။

– အိုလံပီယာေကာ့စ္နဲ႔ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ အိမ္ကြင္းပြဲစဥ္မွာ သုံးပြဲကစား ကိုးမွတ္ရယူႏုိင္ေအာင္ ႀကဳိးစားဖို႔ ဂြါဒီယိုလာက တုိက္တြန္းလုိက္ၿပီး လီဗာပူးလ္နဲ႔ ရင္ဆုိင္ရမယ့္ ပြဲအတြက္ေတာ့ ကစားသမားတခ်ဳိ႕ကို အနားေပးသြားဖြယ္ရွိေန။

– နည္းျပရဲ႕ ျငင္းဆန္ျခင္းမျပဳတဲ့ စကားေတြေၾကာင့္ လီဗာပူးလ္နဲ႔ ပြဲမွာ တိုက္စစ္မွဴး အေဂြ႐ို ျပန္လည္ပါဝင္လာမယ္လို႔ ပရိသတ္ေတြက ခန္႔မွန္းေနၾကၿပီး တျခားတုိက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ေဂ်ဆူးစ္ဟာလည္း ေလ့က်င့္ခန္းတစ္ႀကိမ္ဆင္းႏိုင္ခဲ့တာေၾကာင့္ ျပန္လည္တည္ၿငိမ္လာေတာ့မယ့္ အသင္းအတြက္ ဝမ္းေျမာက္ေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.