Premier League Transfer News

၃.၁၁.၂၀၂၀ – နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာရွန် ရမ်ဆေးကို ကြိုက်နှစ်သက်ပေမယ့် လွယ်လွယ်ကူကူ ပြန်ခေါ်ဖို့တော့ မဖြစ်နိုင်ချိန်မှာ အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာအနေနဲ့ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ရဲ့ ဒေါမနစ် ဆိုဘော့ဆ်လိုင်းကိုပဲ ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ခေါ်ယူသွားဖို့ ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပွဲမကစားခင်အထိ ထရိန်နင်တွေမှာ အနည်းငယ်သာ ပါဝင်နိုင်ခဲ့တဲ့ နောက်ခံလူ ရော့ဘ် ဟိုးလ်ဒင်းအနေနဲ့ ပွဲအတွင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာအတွက် အံ့အားသင့်ခဲ့ရကြောင်း အာတီတာ ဝန်ခံသွား။

– အာဆင်နယ်အသင်းရဲ့ အမေ့ခံကစားသမားဘဝကနေ ကြိုးစားမှုနဲ့အတူ နည်းပြသစ်လက်ထက်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကွင်းလယ်လူ မိုဟာမက် အယ်လ်နန်နီဟာ အသင်းအတွက် ကစားသမားသစ်တစ်ဦးကို ရရှိလိုက်သလိုပဲလို့ ပေါလ်စခိုးလ်ချီးကျူး။

– ကွင်းလယ်လူ သောမတ်စ် ပါတေးဟာ အာဆင်နယ်အသင်းအတွက်တော့ ကြီးမားတဲ့ အားဖြည့်မှုတစ်ရပ်ဖြစ်ပြီး ဒီနွေရာသီမှာ ပြောင်းရွှေ့ခဲ့ကြတဲ့ ကစားသမားစာရင်းမှာ အကောင်ဆုံးခေါ်ယူမှု နံပါတ်တစ်လို့ သုံးသပ်ရမယ်လို့ ပေါလ်မာဆန် မှတ်ချက်ပေး။

– ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့အတွက်တော့ အာဆင်နယ်အသင်းအနေနဲ့ အဓိကနေရာနှစ်ခုကို အားဖြည့်သွားရမှာဖြစ်ပြီး ပထမဂိုးသမားနေရာအတွက် တစ်ဦးနဲ့ နံပါတ် ၁၀ အသစ်တစ်ယောက် လိုအပ်လိမ့်မယ်လို့ အသင်းခေါင်းဆောင်ဟောင်း တိုနီ အက်ဒမ်စ်ပြောကြား။

– အိုးလ်ထရက်ဖို့ဒ်ရှုံးပွဲမှာ အာဆင်နယ်ဘက်ကနေ ကြံ့ကြံ့ခံ ဖျက်ထုတ်သွားခဲ့တဲ့ ဂါဘရီယယ်လ် မာဂါလိုင်စ်ကြောင့် သူ့ကို ခေါ်ယူဖို့ ဖိဖိစီးစီး လုပ်ဆောင်နိုင်ခြင်းမရှိခဲ့တဲ့ အသင်းရဲ့ အပြောင်းအရွှေ့တာဝန်ခံဖြစ်သူ အမှုဆောင်ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ်ကို မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေ အပြစ်တင်နေကြ။

– အသင်းမှာ လက်စွမ်းပြနေခဲ့တဲ့ ဂိုးသမား အေဒူယာ မန်ဒီကို စောင့်ကြည့်နေခဲ့တာ သုံးနှစ်ကြာခဲ့ပြီလို့ဆိုခဲ့တဲ့ ပီတာချက်ရဲ့ စကားကြောင့် အာဆင်နယ်မှာ ကစားနေကတည်းက ချဲလ်ဆီးအတွက် အလုပ်လုပ်ပေးနေခဲ့တာလားလို့ မေးခွန်းထုတ်စရာတွေ ဖြစ်ပေါ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:








REF: INTERNET SOURCES
SPORTS A2Z.