Premier League

၂၉.၁၀.၂၀၂၀ – နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု


ကာရေဂါက ခံစစ်ဒဏ်ရာပြဿနာများနေတဲ့ လီဗာပူးလ်အသင်းဟာ သူ့ကို ပြန်ခေါ်ဖို့ ၅၀ ရာခိုင်နှုန်း အခွင့်အရေးရှိနေကြောင်း နောက်ပြောင်မှုပြုလုပ်ခဲ့သလို အသင်းက ထွက်ခွာသွားခဲ့တဲ့ နောက်ခံလူ လိုဗရန်ရဲ့ နေရာကို အစားထိုးမှု မပြုလုပ်ခဲ့တာ အသင်းရဲ့အမှားဖြစ်ကြောင်း ထောက်ပြခဲ့။


မစ်ဂျီလန်းနဲ့ပွဲမှာ ကြမ်းတမ်းစွာဖျက်ထုတ်ကစားခံနေရလို့ လူစားလဲခဲ့ရတဲ့ ဟန်ဒါဆန်ဟာ လာမယ့် ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဥ်အတွက် ကြံ့ခိုင်မှုပြည့်ဝနေကြောင်း လီဗာပူးလ်နည်းပြ ကလော့ပ်အတည်ပြု။


မိုဆာလားကို တစ်ကိုယ်ကောင်းဆန်တဲ့ ကစားသမားလို့ ထင်မြင်ခဲ့မိပေမယ့် သူဟာ လက်ရှိရာသီ ကစားနေပုံအရ မယုံကြည်နိုင်စရာကောင်းလောက်အောင် နောက်တဆင့်ကို ရောက်ရှိသွားတဲ့ ကစားသမားကောင်းတဦးအဖြစ် အသင်းနဲ့တွဲဖက်ကစားနေကြောင်း ပီတာခရော့ချ် ချီးကျူး။


မီစ်ဂျီလန်းအသင်းနဲ့ပွဲမှာ ဖာဘင်ညိုနေရာ လူစားဝင်ကစားပြီး ဗဟိုခံစစ်နေရာမှာ ခြေစွမ်းပြသသွားခဲ့တဲ့ ရီးစ်ဝီလီယမ်စ်ဟာ ကမ္ဘာအဆင့် ခြေစွမ်းမျိုးကို ထုတ်ဖော်ပြသခဲ့ကြောင်း လီဗာပူးလ်အသင်းဖော် အလက်ဇန်ဒါး အာနိုးက ချီးကျူးသွားခဲ့သလို သူ့ရဲ့ နည်းပြဟောင်းကလည်း ရီးစ်ဟာ ဗန်ဒိုက်လက်သစ်ဖြစ်​တယ်လို့ တင်စားခဲ့။


မစ်ဂျီလန်းနဲ့ပွဲမှာ အိုရီဂီရဲ့ ခြေစွမ်းပိုင်းနဲ့ စွမ်းဆောင်ရည် သိပ်ကောင်းခဲ့ကြောင်း ချီးကျူးခဲ့တဲ့ နည်းပြ ကလော့ပ်ရဲ့မှတ်ချက်ကြောင့် လီဗာပူးလ်ပရိသတ်တွေ အံ့အားသင့်ခဲ့ရပြီး သူဟာ တကြိမ်မှ ဂိုးပေါက်တည့်မှု မရှိခဲ့သလို ဘောလုံးပေးပို့မှု ၁၂ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရ။


လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဗဟိုခံစစ်မှူး ဒေးဗစ် အလာဘာကို နွေရာသီမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့. ခေါ်ယူပြီး အသင်းခံစစ်ကြောင်းကို ဖြည့်တင်းသွားဖို့ စီစဥ်နေကြောင်း သိရ။


လီဗာပူးလ်အသင်းအတွက် ဂိုး ၁၀၀၀၀ ပြည့်မြောက်ခဲ့တဲ့ သမိုင်းဝင်ဂိုးကို သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဒီယိုဂို ဂျိုတာကို အသင်းရဲ့ ပရိသတ်တွေက တွစ်တာကနတဆ​င့် မြောက်မြားစွာသော ဂုဏ်ပြုမှုများ ပြုလုပ်နေပြီး သူ့ကို ချစ်ခင်မှုများ ပြ​သနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:






မိုဆာလားကို တစ်ကိုယ်ကောင်းဆန်တဲ့ ကစားသမားလို့ ထင်မြင်ခဲ့မိပေမယ့် သူဟာ လက်ရှိရာသီ ကစားနေပုံအရ မယုံကြည်နိုင်စရာကောင်းလောက်အောင် နောက်တဆင့်ကို ရောက်ရှိသွားတဲ့ ကစားသမားကောင်းတဦးအဖြစ် အသင်းနဲ့တွဲဖက်ကစားနေကြောင်း ပီတာခရော့ခ်ျ ချီးကျူး။






လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဗဟိုခံစစ်မှူး ဒေးဗစ် အလာဘာကို နွရောသီမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့. ခေါ်ယူပြီး အသင်းခံစစ်ကြောင်းကို ဖြည့်တင်းသွားဖို့ စီစဉ်နေကြောင်း သိရ။



REF: INTERNET SOURCES
SPORTS A2Z.