Premier League

၂၉.၁၀.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု


ခရက်စ်နိုဒါအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဥ်ကို ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ် လာရောက်​ကြည့်ရှုခဲ့ပြီး သူ့ရဲ့ဇာတိမြေ ရုရှားမှာ စွမ်းဆောင်ရည် ကောင်းမွန်စွာနဲ့ လေးဂိုးပြတ် အနိုင်ရရှိခဲ့လို့ ရိုမန် ပျော်ရွှင်နေလိမ့်မယ်လို့ ချယ်လ်ဆီးနည်းပြ လမ်းပတ်ပြောကြား။


ချယ်လ်ဆီးအသင်းဟာ ခရက်စ်နိုဒါအသင်းကို လေးဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နည်းပြလမ်းပတ်က ဒီပွဲမှာ ဟာကင်းမ် ဇီးယက်ရှ်ရဲ့ အကောင်းဆုံးခြေစွမ်းပိုင်း တစိတ်တဒေသကို ​မြင်ခဲ့ရသလို ရှေ့လျှောက် ပိုကောင်းလာဦးမှာဖြစ်ကြောင်း ပွဲအပြီးမှာ​ ပြောကြားခဲဲ့ပြီး ဟက်ဒ်ဆန် အိုဒွိုင်းရဲ့ ​ခြေစွမ်းကိုပါ ချီးကျူးခဲ့။


ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမား အေဒူယာ မန်ဒီမှာ ခရက်စ်နိုဒါအသင်းနဲ့ပွဲအပြီးမှာ လေးပွဲဆက်တိုက်အထိ ပေးဂိုးမရှိ Clean Sheet ရယူနိုင်သူဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ပထမဦးဆုံးရယူသွားနိုင်မယ့် အာဖရိကဂိုးသမား ဖြစ်လာမယ်လို့ ချစ်ခင်သူပရိသတ်တွေ​က ထင်ကြေးပေးနေ။


ပြီးခဲ့တဲ့ညက ချယ်လ်ဆီးအတွက် ဇီးယက်ရှ်ရဲ့ တာထွက်ခြေစွမ်းကို ချယ်လ်ဆီအသင်းပရိသတ်တွေက နှစ်ခြိုက် သဘောကျနေခဲ့ကြပြီး ပွဲစဥ်တိုင်း ပွဲထွက်ခွင့်ပေးသင့်ပြီး အနာဂတ်မှာ အသင်းရဲ့ အဓိကကစားသမား ဖြစ်လာမယ့်သူလို့ တွစ်တာမှာ မှတ်ချက်ပေး ဂုဏ်ပြုနေ​။


အဖွင့်ဂိုးသွင်းယူပြီး ခြေစွမ်းပြသခဲ့ပေမယ့် ပွဲချိန် ၇၁ မိနစ်မှာ လူစားလဲခဲ့ရပြီး ရေခဲကပ်ပြီး ပြုစုခဲ့ရတဲ့ ဟက်ဒ်ဆန် အိုဒွိုင်းမှာ ဒဏ်ရာပြဿနာမရှိကြောင်း၊ ဒဏ်ရာကင်းစင်နေကြောင်း ခရက်စ်နိုဒါအသင်းနဲ့ ပွဲအပြီးမှာ ချယ်လ်ဆီးနည်းပြ လမ်းပတ် အတည်ပြု။


လက်ရှိမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ ၉ ပွဲကစား၊ ၄ ဂိုး သွင်းယူထားနိုင်ပြီဖြစ်တဲ့ တီမို ဗာနာဟာ ရှေ့လျှောက် ပွဲစဥ်တွေမှာ ဂိုးပေါက်ပြန်ရှာတွေ့ပြီး ဂိုးတွေ ဆက်တိုက် သွင်းယူလာနိုင်တော့မှာ ဖြစ်ကြောင်း ဂျာမိန်း ဂျီးနပ်စ် သုံးသပ်မှုပြုလုပ်။


ခရက်စ်နိုဒါအသင်းနဲ့ ချယ်လ်ဆီး ပွဲစဥ်မှာ
ခရက်စ်နိုဒါကွင်းအတွင်း ပရိသတ်အကန့်အသတ်နဲ့ ကြည့်ရှု့ခွင့်ရခဲ့ကြောင်း သိရသလို ခရက်စ်နိုဒါအသင်းအနေနဲ့ မိမိတို့အသင်းကို ဖိအားတချို့ ပေးနိုင်ခဲ့ပြီး ပြိုင်ဘက်ကောင်းဖြစ်ခဲ့ကြောင်း နည်းပြလမ်းပတ်ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ခရက်စ်နိုဒါအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျ လာရောက်​ကြည့်ရှုခဲ့ပြီး သူ့ရဲ့ဇာတိမြေ ရုရှားမှာ စွမ်းဆောင်ရည် ကောင်းမွန်စွာနဲ့ လေးဂိုးပြတ် အနိုင်ရရှိခဲ့လို့ ရိုမန် ပျော်ရွှင်နေလိမ့်မယ်လို့ ချယ်လ်ဆီးနည်းပြ လမ်းပတ်ပြောကြား။


ချယ်လ်ဆီးအသင်းဟာ ခရက်စ်နိုဒါအသင်းကို လေးဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နည်းပြလမ်းပတ်က ဒီပွဲမှာ ဟာကင်းမ် ဇီးယက်ရှ်ရဲ့ အကောင်းဆုံးခြေစွမ်းပိုင်း တစိတ်တဒေသကို ​မြင်ခဲ့ရသလို ရှေ့လျှောက် ပိုကောင်းလာဦးမှာဖြစ်ကြောင်း ပွဲအပြီးမှာ​ ပြောကြားခဲ့ပြီး ဟက်ဒ်ဆန် အိုဒွိုင်းရဲ့ ​ခြေစွမ်းကိုပါ ချီးကျူးခဲ့။


ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမား အေဒူယာ မန်ဒီမှာ ခရက်စ်နိုင်ဒါအသင်းနဲ့ပွဲအပြီးမှာ လေးပွဲဆက်တိုက်အထိ ပေးဂိုးမရှိ Clean Sheet ရယူနိုင်သူဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ပထမဦးဆုံးရယူသွားနိုင်မယ့် အာဖရိကဂိုးသမား ဖြစ်လာမယ်လို့ ချစ်ခင်သူပရိသတ်တွေ​က ထင်ကြေးပေးနေ။








ခရက်စ်နိုဒါကွင်းအတွင်း ပရိသတ်အကန့်အသတ်နဲ့ ကြည့်ရှု့ခွင့်ရခဲ့ကြောင်း သိရပြီး ခရက်စ်နိုဒါအသင်းအနေနဲ့ မိမိတို့အသင်းကို ဖိအားတချို့ ပေးနိုင်ခဲ့ပြီး ပြိုင်ဘက်ကောင်းဖြစ်ခဲ့ကြောင်း နည်းပြလမ်းပတ်ဆို။

REF: INTERNET SOURCES
SPORTS A2Z.