Premier League UCL&UEL

၂၈.၁၀.၂၀၂၀ – ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ

– ဂြါဒီယိုလာရဲ႕ ျပည္တြင္းဖလားေတြက မွတ္တမ္းက စိတ္ဝင္စားစရာျဖစ္ေပမယ့္ ဥေရာပအဆင့္ေတြက မွတ္တမ္းေတြကေတာ့ ေက်နပ္စရာမေကာင္းဘူးလို႔ မန္ခ်က္စတာစီးတီးကြင္းလယ္လူေဟာင္း ဒိုင္ယက္မာ ဟာမန္းသုံးသပ္ေျပာၾကားခဲ့ၿပီး ဘာစီလိုနာက မိတ္ေဆြေဟာင္းေတြက တာဝန္ရွိသူေတြျဖစ္ေနလို႔ ရာထူးက အထုတ္မခံရတာလုိ႔ ေဝဖန္သြား။

– ဖီးလ္ဖိုဒန္ရဲ႕ ကြင္းလယ္မွာ ျမန္ႏွဳန္းျမင့္ပုံစံနဲ႔ ေဘာလုံးကၽြမ္းက်င္မွဳကို ျပသႏုိင္ခဲ့တဲ့ မာေဆးလ္နဲ႔ပြဲက ပုံစံကို မန္ခ်က္စတာစီးတီးပရိသတ္ေတြ အံ့အားသင့္ေနၾကၿပီး ေမွာ္ဝင္ေျခစြမ္းလို႔ ဝိုင္းဝန္းခ်ီးက်ဴးေနၾက။

– မာေဆးလ္ကို အႏုိင္ရရွိခဲ့တဲ့ပြဲမွာ ေဘာလုံး ၉၄ ရာခိုင္ႏွဳန္း ေအာင္ျမင္ေအာင္ ေပးပုိ႔ႏုိင္ခဲ့တဲ့ ကြင္းလယ္လူ ႐ိုဒရီ၊ ၉၈ ရာခုိင္ႏွဳန္းစီ ေအာင္ျမင္ေအာင္ေပးပုိ႔ႏိုင္ခဲ့တဲ့ ခုိင္လ္ ေဝၚလ္ကာနဲ႔ ႐ူဘင္ ဒီယက္စ္တုိ႔ရဲ႕ အခ်က္အလက္မွတ္တမ္းေတြက ပရိသတ္ေတြ ဂုဏ္ယူႏုိင္စရာျဖစ္လာခဲ့။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ အဓိကကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားက မာေဆးလ္ကို အႏုိင္ရရွိခဲ့တဲ့ ပြဲဟာ သူတုိ႔ေတြအေနနဲ႔ ဂိုးရဖို႔ ဘယ္ေလာက္အထိ စိတ္ရွည္သလဲဆုိတာကို ျပသႏုိင္ခဲ့လုိ႔ အႏုိင္ရခဲ့တာလို႔ ေျပာၾကား။

– ပြဲမစခင္ အခ်ိန္ေတြမွာ လုပ္ေဆာင္ေလ့ရွိတဲ့ Black Lives Matter လွဳပ္ရွားမွဳအျဖစ္ ကစားသမားေတြ ဒူးေထာက္ခဲ့ၾကတာကို တစ္သင္းလုံးအေနနဲ႔ လုိက္ပါလုပ္ေဆာင္ျခင္းမရွိခဲ့တဲ့ မာေဆးလ္အသင္းအေနနဲ႔ ဆုိရွယ္မီဒီယာေတြေပၚမွာ ေဝဖန္ခံေနရ။

– လီဗာပူးလ္အသင္းအေနနဲ႔ ဒီတစ္ပတ္ ပရီးမီးယားလိဂ္ပြဲစဥ္ကို စေနေန႔ညေနမွာ ေနာက္ဆုံးပြဲအျဖစ္ ကစားရမွာျဖစ္ၿပီး မန္စီးတီးကေတာ့ အေစာဆုံး ၁၂ နာရီခြဲပြဲကို ကစားရမယ့္အေပၚ နည္းျပ ယာဂန္ ကေလာ့ပ္က ပြဲစဥ္ေရးဆြဲသူေတြကို ေဝဖန္သြားၿပီး ၿပဳိင္ဘက္အသင္းအေနနဲ႔ ပုိမုိပင္ပန္းမယ့္ပြဲကို မမွ်မတကစားရတဲ့အေပၚကို ရပ္တည္ကန္႔ကြက္သြားခဲ့။

– မာေဆးလ္အသင္းနဲ႔ပြဲမွာ အေထာင္တုိက္စစ္မွဴးအျဖစ္ ကစားခဲ့ၿပီး အဖြင့္ဂိုးကို သြင္းယူႏုိင္ခဲ့သလို ေျခစြမ္းျပႏုိင္ခဲ့တဲ့ ေတာင္ပံကစားသမား ဖယ္ရန္ ေတာရက္စ္ရဲ႕ အစမ္းသပ္ခံႏုိင္တဲ့ ကစားပုံကို နည္းျပ ဂြါဒီယိုလာ ခ်ီးက်ဴးသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဂွါဒီယိုလာရဲ့ ပြည်တွင်းဖလားတွေက မှတ်တမ်းက စိတ်ဝင်စားစရာဖြစ်ပေမယ့် ဥရောပအဆင့်တွေက မှတ်တမ်းတွေကတော့ ကျေနပ်စရာမကောင်းဘူးလို့ မန်ချက်စတာစီးတီးကွင်းလယ်လူဟောင်း ဒိုင်ယက်မာ ဟာမန်းသုံးသပ်ပြောကြားခဲ့ပြီး ဘာစီလိုနာက မိတ်ဆွေဟောင်းတွေက တာဝန်ရှိသူတွေဖြစ်နေလို့ ရာထူးက အထုတ်မခံရတာလို့ ဝေဖန်သွား။

– ဖီးလ်ဖိုဒန်ရဲ့ ကွင်းလယ်မှာ မြန်နှုန်းမြင့်ပုံစံနဲ့ ဘောလုံးကျွမ်းကျင်မှုကို ပြသနိုင်ခဲ့တဲ့ မာဆေးလ်နဲ့ပွဲက ပုံစံကို မန်ချက်စတာစီးတီးပရိသတ်တွေ အံ့အားသင့်နေကြပြီး မှော်ဝင်ခြေစွမ်းလို့ ဝိုင်းဝန်းချီးကျူးနေကြ။

– မာဆေးလ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘောလုံး ၉၄ ရာခိုင်နှုန်း အောင်မြင်အောင် ပေးပို့နိုင်ခဲ့တဲ့ ကွင်းလယ်လူ ရိုဒရီ၊ ၉၈ ရာခိုင်နှုန်းစီ အောင်မြင်အောင်ပေးပို့နိုင်ခဲ့တဲ့ ခိုင်လ် ဝေါ်လ်ကာနဲ့ ရူဘင် ဒီယက်စ်တို့ရဲ့ အချက်အလက်မှတ်တမ်းတွေက ပရိသတ်တွေ ဂုဏ်ယူနိုင်စရာဖြစ်လာခဲ့။

– မန်ချက်စတာစီးတီးအသင်းရဲ့ အဓိကကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားက မာဆေးလ်ကို အနိုင်ရရှိခဲ့တဲ့ ပွဲဟာ သူတို့တွေအနေနဲ့ ဂိုးရဖို့ ဘယ်လောက်အထိ စိတ်ရှည်သလဲဆိုတာကို ပြသနိုင်ခဲ့လို့ အနိုင်ရခဲ့တာလို့ ပြောကြား။

– ပွဲမစခင် အချိန်တွေမှာ လုပ်ဆောင်လေ့ရှိတဲ့ Black Lives Matter လှုပ်ရှားမှုအဖြစ် ကစားသမားတွေ ဒူးထောက်ခဲ့ကြတာကို တစ်သင်းလုံးအနေနဲ့ လိုက်ပါလုပ်ဆောင်ခြင်းမရှိခဲ့တဲ့ မာဆေးလ်အသင်းအနေနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဝေဖန်ခံနေရ။

– လီဗာပူးလ်အသင်းအနေနဲ့ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်ကို စနေနေ့ညနေမှာ နောက်ဆုံးပွဲအဖြစ် ကစားရမှာဖြစ်ပြီး မန်စီးတီးကတော့ အစောဆုံး ၁၂ နာရီခွဲပွဲကို ကစားရမယ့်အပေါ် နည်းပြ ယာဂန် ကလော့ပ်က ပွဲစဉ်ရေးဆွဲသူတွေကို ဝေဖန်သွားပြီး ပြိုင်ဘက်အသင်းအနေနဲ့ ပိုမိုပင်ပန်းမယ့်ပွဲကို မမျှမတကစားရတဲ့အပေါ်ကို ရပ်တည်ကန့်ကွက်သွားခဲ့။

– မာဆေးလ်အသင်းနဲ့ပွဲမှာ အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့ပြီး အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့သလို ခြေစွမ်းပြနိုင်ခဲ့တဲ့ တောင်ပံကစားသမား ဖယ်ရန် တောရက်စ်ရဲ့ အစမ်းသပ်ခံနိုင်တဲ့ ကစားပုံကို နည်းပြ ဂွါဒီယိုလာ ချီးကျူးသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.