Bundesliga Premier League UCL&UEL

တစ်နေ့ရွှေ တစ်နေ့ငွေဖြစ်နေတဲ့ ယူနိုက်တက်ကို ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ပွဲကြို စိန်ခေါ်လိုက်တဲ့ အန်ဟဲလီညို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကနေ ဂျာမန်ကလပ် လိုက်ပ်ဇစ်မှာ အငှားသွားရောက် ကစားနေတဲ့ အန်ဟဲလီညိုဟာ တစ်နေ့ရွှေ တစ်နေ့ငွေဖြစ်နေတဲ့ ယူနိုက်တက်ကို ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ပွဲကြို စိန်ခေါ်သွားခဲ့ကြောင်း သိရပါတယ်။

အန်ဟဲလီညိုဟာ လိုက်ပ်ဇစ်အသင်းအတွက် ၇ ပွဲကစား ၄ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ အစ္စတန်ဘူလ်အသင်းနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဥ်မှာ လိုက်ပ်ဇစ်အသင်းအတွက် အနိုင်ဂိုးသွင်းယူထား​ခဲ့သူပါ။

အသက် ၂၃ နှစ်အရွယ် စပိန်သားဟာ လိုက်ပ်ဇစ်အသင်းနည်းပြ နာဂယ်စ်မန်းရဲ့လက်အောက်မှာ အထိုင်ကျနေပြီး ခြေစွမ်းပြသနေသလို နည်းပြက သူ့ကို ဘယ်နောက်ခံလူနေရာကနေ တောင်ပံတိုက်စစ်ကစားသမားအဖြစ် အံဝင်ခွင်ကျ ကစားစေခဲ့တာမို့ နည်းပြရဲ့ ယုံကြည်မှုကြောင့် ပိုပြီးခြေစွမ်းပြကစားနိုင်ခဲ့တာလို့ သူကဆိုပါတယ်။

ယနေ့ညမှာတော့ ယူနိုက်တက်အသင်းနဲ့ လိုက်ပ်ဇစ်အသင်းတို့ဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဥ်အဖြစ် အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဥ်ပြိုင်ကစားကြမှာဖြစ်ပြီး ယူနိုက်တက်အသင်းက အထူးစိတ်ဝင်စားနေတဲ့ အူပါမီကာနိုဟာလည်း လိုက်ပ်ဇစ်အသင်းနဲ့အတူ ယူနိုက်တက်ကို ရင်ဆိုင်ကစားလာဖို့ ရှိနေလို့ စိတ်ဝင်တစား စောင့်ကြည့်ချင်စရာ အခြေအနေဖြစ်ပြီး ​ လိုက်ပ်ဇစ်အသင်းအနေနဲ့ ယူနိုက်တက်လိုအသင်းမျိုးကို ကြောက်ရွံ့နေမှာ မဟုတ်ကြောင်း အန်ဟဲလီညိုက အခုလို ကြုံးဝါးပြီး စိန်ခေါ်မှုပြုလုပ်သွားခဲ့တာပါ။

” ယူနိုက်တက်အသင်းဟာ တစ်နေ့ရွှေ တစ်နေ့ငွေဖြစ်နေတဲ့ အသင်းပါ။ ဒီလိုအသင်းကို ဘယ်လိုနည်းနဲ့မှ ကျွန်တော်တို့ ကြောက်ရွံ့နေစရာ အကြောင်းမရှိပါဘူး။ နည်းပြရဲ့ နည်းဗျူဟာနဲ့ ဘောလုံးကစားပုံစတိုင်လ်ကို ကျွန်တော် ယုံကြည်ပါတယ်။ ဒါကြောင့် ဒီအသင်းမှာ ကစားဖို့ ရွေးချယ်ခဲ့တာပါ။

REF: AFP
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္အသင္းရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးကေန ဂ်ာမန္ကလပ္ လိုက္ပ္ဇစ္မွာ အငွားသြားေရာက္ ကစားေနတဲ့ အန္ဟဲလီညိုဟာ တစ္ေန႕ေ႐ႊ တစ္ေန႕ေငြျဖစ္ေနတဲ့ ယူနိုက္တက္ကို ေၾကာက္႐ြံ႕ေနမွာ မဟုတ္ဘူးလို႔ ပြဲႀကိဳ စိန္ေခၚသြားခဲ့ေၾကာင္း သိရပါတယ္။

အန္ဟဲလီညိုဟာ လိုက္ပ္ဇစ္အသင္းအတြက္ ၇ ပြဲကစား ၄ ဂိုးသြင္းယူထားနိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ အစၥတန္ဘူလ္အသင္းနဲ႕ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မွာ လိုက္ပ္ဇစ္အသင္းအတြက္ အနိုင္ဂိုးသြင္းယူထား​ခဲ့သူပါ။

အသက္ ၂၃ ႏွစ္အ႐ြယ္ စပိန္သားဟာ လိုက္ပ္ဇစ္အသင္းနည္းျပ နာဂယ္စ္မန္းရဲ႕လက္ေအာက္မွာ အထိုင္က်ေနၿပီး ေျခစြမ္းျပသေနသလို နည္းျပက သူ႕ကို ဘယ္ေနာက္ခံလူေနရာကေန ေတာင္ပံတိုက္စစ္ကစားသမားအျဖစ္ အံဝင္ခြင္က် ကစားေစခဲ့တာမို႔ နည္းျပရဲ႕ ယုံၾကည္မႈေၾကာင့္ ပိုၿပီးေျခစြမ္းျပကစားနိုင္ခဲ့တာလို႔ သူကဆိုပါတယ္။

ယေန႕ညမွာေတာ့ ယူနိုက္တက္အသင္းနဲ႕ လိုက္ပ္ဇစ္အသင္းတို႔ဟာ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အျဖစ္ အိုးထရက္ဖို႔ဒ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ၿပီး ယူနိုက္တက္အသင္းက အထူးစိတ္ဝင္စားေနတဲ့ အူပါမီကာနိုဟာလည္း လိုက္ပ္ဇစ္အသင္းနဲ႕အတူ ယူနိုက္တက္ကို ရင္ဆိုင္ကစားလာဖို႔ ရွိေနလို႔ စိတ္ဝင္တစား ေစာင့္ၾကည့္ခ်င္စရာအေျခအေနျဖစ္ၿပီး ​ လိုက္ပ္ဇစ္အသင္းအေနနဲ႕ ယူနိုက္တက္လိုအသင္းမ်ိဳးကို ေၾကာက္႐ြံ႕ေနမွာ မဟုတ္ေၾကာင္း အန္ဟဲလီညိုက အခုလို ႀကဳံးဝါးၿပီး စိန္ေခၚမႈျပဳလုပ္သြားခဲ့တာပါ။


” ယူနိုက္တက္အသင္းဟာ တစ္ေန႕ေ႐ႊ တစ္ေန႕ေငြျဖစ္ေနတဲ့ အသင္းပါ။ ဒီလိုအသင္းကို ဘယ္လိုနည္းနဲ႕မွ ကြၽန္ေတာ္တို႔ ေၾကာက္႐ြံ႕ေနစရာ အ​ေၾကာင္းမရွိပါဘူး။ နည္းျပရဲ႕ နည္းဗ်ဴဟာ နဲ႕ ေဘာလုံးကစားပုံစတိုင္လ္ကို ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ ဒါေၾကာင့္ ဒီအသင္းမွာ ကစားဖို႔ ေ႐ြးခ်ယ္ခဲ့တာပါ။

REF: AFP
PHOTOS CREDIT TO OWNERS
SPORTS A2Z.