Premier League

တန်ဟက်မပြုတ်အောင် အားတက်သရော ထောက်ခံလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပပ် ဂွါဒီယိုလာက ဒီရာသီ မန်ချက်စတာယူနိုက်တက်အသင်း ရုန်းကန်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းဟာ ဒဏ်ရာပြဿနာတွေကြောင့်ဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့ အဲရစ် တန်ဟက်ရဲ့ ဆင်ခြေကို အပြည့်အဝ သဘောတူတယ်လို့ ထောက်ခံလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၂၃-၂၀၂၄ ရာသီကို အဆင့် ၈ နဲ့ အဆုံးသတ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတလျှောက် အဆင့်အနိမ့်ဆုံး အဆုံးသတ်နိုင်ခဲ့တဲ့ရာသီအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

တန်ဟက်ဟာ စနေနေ့ ဝင်ဘလေကွင်းမှာ မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားရမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အနိုင်ရဗိုလ်စွဲပြီး ခက်ခဲတဲ့ရာသီကို အဆုံးသတ်ချင်နေမှာဖြစ်ပေမယ့်လည်း ဖလားရခဲ့ရင်တောင် နည်းပြရာထူးမှာ ဆက်ရှိနေပါ့မလားဆိုတာ မသေချာမရေရာဖြစ်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ တန်ဟက်ကို ထုတ်ပယ်ပြီးရင် ခန့်အပ်ဖို့ နည်းပြအများအပြားကို စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသခဲ့ပြီး အစ်ဝှစ်ချ်တောင်းနည်းပြ ကီရန် မက်ကန်နာကို အသင်းတာဝန်ရှိသူတွေက ဆက်သွယ်ခဲ့ပြီး ချဲလ်ဆီးနဲ့ လမ်းခွဲခဲ့တဲ့ ပိုချက်တီနိုနဲ့ ဆွေးနွေးဖို့လည်း စဉ်းစားနေတာဖြစ်ပါတယ်။

ဂွါဒီယိုလာက မန်ချက်စတာယူနိုက်တက်က အဲရစ် တန်ဟက်ကို ထုတ်ပယ်မှာ မလိုလားဘဲ ဒတ်ချ်လူမျိုးရဲ့ ဒီရာသီ အသင်းရုန်းကန်နေရမှုအတွက် ဆင်ခြေပေးခဲ့တဲ့ စကားကို သဘောတူတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အသင်းကြီးတွေမှာဆို နိုင်ပွဲမယူနိုင်တဲ့အခါမှာ အမြဲတမ်း ပြဿနာကတော့ တက်တာပဲ။ ဒါက လျှို့ဝှက်ချက်မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းလည်း အနိုင်သာ မရခဲ့ဘူးဆိုရင် ကျွန်တော်လည်း ပြဿနာတက်နေမှာပါ။ သူက အရမ်း အရမ်းကောင်းတဲ့အရာတွေကို လုပ်ခဲ့တယ်။ ကျွန်တော် အရင်တုန်းကတည်းက သူ့အလုပ်အတွက် ကြီးမားတဲ့ လေးစားမှုရှိခဲ့ပါတယ်။ သူက တစ်ရာသီလုံး လူစာရင်းအပြည့်မရှိခဲ့ဘဲ ဒဏ်ရာပြဿနာတွေ အများကြီးရှိခဲ့တယ်လို့ သူပြောတာကို ကြားတော့ အပြည့်အဝ သဘောတူပါတယ်။ သူတို့တွေ ဘာကြောင့် ဒီလိုအကြောင်းပြချက်ပေးလဲဆိုတာကို စဉ်းစားသင့်ပါတယ်။ ကစားသမားတွေက ကြံ့ခိုင်နေရမှာဖြစ်ပြီး အဲဒီလိုမှမဟုတ်ရင် ခင်ဗျား သူတို့ကို အသုံးပြုလို့မရပါဘူး။ သူတို့တွေမှာ ပြဿနာတွေ အများကြီးရှိခဲ့ပြီး နည်းပြလည်း အများကြီး ဒုက္ခခံခဲ့ရပါတယ်။ လူစာရင်းက တကယ်ကောင်းပေမယ့် ကစားသမားတွေက ဒဏ်ရာရနေတော့ သုံးလို့မရဘဲ ရုန်းကန်ခဲ့ရတယ်လို့ ကျွန်တော် ထင်ပါတယ်။”

မန်ချက်စတာယူနိုက်တက်က ဘယ်လောက်အထိ ဆိုးရွားခဲ့လဲဆိုတာကို မြင်ရတော့ အံ့အားသင့်ခဲ့မိလားလို့ တိုက်ရိုက်မေးမြန်းခဲ့ရာမှာ ဂွါဒီယိုလာက “ကျွန်တော် အဲဒါတော့ မသိဘူး။ သူတို့တွေကတော့ ဘာကြောင့်လဲဆိုတာကို သိမယ်ဆိုတာ သေချာပါတယ်။ ကျွန်တော့်အတွက်တော့ ဒဏ်ရာပြဿနာအများကြီးရှိနေခဲ့လို့ ဒီလောက်ဆိုးခဲ့တာထင်ပါတယ်။ ကျွန်တော်ဆိုလည်း ဗဟိုခံစစ်ကစားသမားအများအပြားကို ဆုံးရှုံးခဲ့ရင် ပြဿနာတက်မှာပါ။ ဒါက အမှန်တရားလို့ ကျွန်တော် ထင်တယ်”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာစီးတီးနည္းျပ ပပ္ ဂြါဒီယိုလာက ဒီရာသီ မန္ခ်က္စတာယူႏိုက္တက္အသင္း ႐ုန္းကန္ခဲ့ရတဲ့ အဓိကအေၾကာင္းအရင္းဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ျဖစ္တယ္လို႔ ေျပာဆိုခဲ့တဲ့ အဲရစ္ တန္ဟက္ရဲ႕ ဆင္ေျခကို အျပည့္အဝ သေဘာတူတယ္လို႔ ေထာက္ခံလိုက္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၂၀၂၃-၂၀၂၄ ရာသီကို အဆင့္ ၈ နဲ႔ အဆုံးသတ္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္ အဆင့္အနိမ့္ဆုံး အဆုံးသတ္ႏိုင္ခဲ့တဲ့ရာသီအျဖစ္ မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။

တန္ဟက္ဟာ စေနေန႔ ဝင္ဘေလကြင္းမွာ မန္ခ်က္စတာစီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ အႏိုင္ရဗိုလ္စြဲၿပီး ခက္ခဲတဲ့ရာသီကို အဆုံးသတ္ခ်င္ေနမွာျဖစ္ေပမယ့္လည္း ဖလားရခဲ့ရင္ေတာင္ နည္းျပရာထူးမွာ ဆက္ရွိေနပါ့မလားဆိုတာ မေသခ်ာမေရရာျဖစ္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ တန္ဟက္ကို ထုတ္ပယ္ၿပီးရင္ ခန႔္အပ္ဖို႔ နည္းျပအမ်ားအျပားကို စိတ္ဝင္စားေၾကာင္း ထုတ္ေဖာ္ျပသခဲ့ၿပီး အစ္ဝွစ္ခ်္ေတာင္းနည္းျပ ကီရန္ မက္ကန္နာကို အသင္းတာဝန္ရွိသူေတြက ဆက္သြယ္ခဲ့ၿပီး ခ်ဲလ္ဆီးနဲ႔ လမ္းခြဲခဲ့တဲ့ ပိုခ်က္တီႏိုနဲ႔ ေဆြးေႏြးဖို႔လည္း စဥ္းစားေနတာျဖစ္ပါတယ္။

ဂြါဒီယိုလာက မန္ခ်က္စတာယူႏိုက္တက္က အဲရစ္ တန္ဟက္ကို ထုတ္ပယ္မွာ မလိုလားဘဲ ဒတ္ခ်္လူမ်ိဳးရဲ႕ ဒီရာသီ အသင္း႐ုန္းကန္ေနရမႈအတြက္ ဆင္ေျခေပးခဲ့တဲ့ စကားကို သေဘာတူတယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“အသင္းႀကီးေတြမွာဆို ႏိုင္ပြဲမယူႏိုင္တဲ့အခါမွာ အၿမဲတမ္း ျပႆနာကေတာ့ တက္တာပဲ။ ဒါက လွ်ိဳ႕ဝွက္ခ်က္မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔အသင္းလည္း အႏိုင္သာ မရခဲ့ဘူးဆိုရင္ ကြၽန္ေတာ္လည္း ျပႆနာတက္ေနမွာပါ။ သူက အရမ္း အရမ္းေကာင္းတဲ့အရာေတြကို လုပ္ခဲ့တယ္။ ကြၽန္ေတာ္ အရင္တုန္းကတည္းက သူ႔အလုပ္အတြက္ ႀကီးမားတဲ့ ေလးစားမႈရွိခဲ့ပါတယ္။ သူက တစ္ရာသီလုံး လူစာရင္းအျပည့္မရွိခဲ့ဘဲ ဒဏ္ရာျပႆနာေတြ အမ်ားႀကီးရွိခဲ့တယ္လို႔ သူေျပာတာကို ၾကားေတာ့ အျပည့္အဝ သေဘာတူပါတယ္။ သူတို႔ေတြ ဘာေၾကာင့္ ဒီလိုအေၾကာင္းျပခ်က္ေပးလဲဆိုတာကို စဥ္းစားသင့္ပါတယ္။ ကစားသမားေတြက ႀကံ့ခိုင္ေနရမွာျဖစ္ၿပီး အဲဒီလိုမွမဟုတ္ရင္ ခင္ဗ်ား သူတို႔ကို အသုံးျပဳလို႔မရပါဘူး။ သူတို႔ေတြမွာ ျပႆနာေတြ အမ်ားႀကီးရွိခဲ့ၿပီး နည္းျပလည္း အမ်ားႀကီး ဒုကၡခံခဲ့ရပါတယ္။ လူစာရင္းက တကယ္ေကာင္းေပမယ့္ ကစားသမားေတြက ဒဏ္ရာရေနေတာ့ သုံးလို႔မရဘဲ ႐ုန္းကန္ခဲ့ရတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။”

မန္ခ်က္စတာယူႏိုက္တက္က ဘယ္ေလာက္အထိ ဆိုး႐ြားခဲ့လဲဆိုတာကို ျမင္ရေတာ့ အံ့အားသင့္ခဲ့မိလားလို႔ တိုက္႐ိုက္ေမးျမန္းခဲ့ရာမွာ ဂြါဒီယိုလာက “ကြၽန္ေတာ္ အဲဒါေတာ့ မသိဘူး။ သူတို႔ေတြကေတာ့ ဘာေၾကာင့္လဲဆိုတာကို သိမယ္ဆိုတာ ေသခ်ာပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့ ဒဏ္ရာျပႆနာအမ်ားႀကီးရွိေနခဲ့လို႔ ဒီေလာက္ဆိုးခဲ့တာထင္ပါတယ္။ ကြၽန္ေတာ္ဆိုလည္း ဗဟိုခံစစ္ကစားသမားအမ်ားအျပားကို ဆုံးရႈံးခဲ့ရင္ ျပႆနာတက္မွာပါ။ ဒါက အမွန္တရားလို႔ ကြၽန္ေတာ္ ထင္တယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.