Premier League

သောမတ်စ်ပါတေးဟာ အာဆင်နယ်အတွက် လာခြင်းကောင်းသူလို့ အူဘာမီယန်း ချီးကျူး

အာဆင်နယ်အသင်းရဲ့ အားအထားရဆုံးတိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းဟာ မိမိတို့အသင်းအနေနဲ့ သောမတ် ပါတေးကို အရ ခေါ်ယူနိုင်ခဲ့ခြင်းဟာ အင်မတန်စိတ်လှုပ်ရှားစရာဖြစ်သလို သူဟာအလွန်အရေးပါတဲ့ ကစားဟန်နဲ့ အသင်းကိုတာဝန်ယူထိန်းကျောင်းနိုင်မှုကြောင့် အာဆင်နယ်အတွက် လာခြင်းကောင်းသူလို့ ထုတ်ဖော် ချီးမွမ်းခန်းဖွင့်သွားခဲ့ပါတယ်။

အက်သလက်တီကိုအသင်းကနေ အပြောင်းအရွှေ့
ဈေးကွက် နောက်ဆုံးမိနစ်အချိန်ပိုင်းမှာမှ စိတ်လှုပ်ရှား ရင်ခုန်ဖွယ်ရာ ပြောင်းရွှေ့လာနိုင်ခဲ့တဲ့ ပါတေးကို ခေါ်ယူမှုဟာလည်း အာဆင်နယ် ပရိသတ်တွေအတွက်လည်း ကျေနပ်မှုအတိဖြစ်စေခဲ့ပါတယ်။

သူဟာ အာဆင်နယ်အတွက် ပွဲဦးထွက်အဖြစ် ဗီယင်နာအသင်းနဲ့ ယူရိုပါလိဂ်အုပ်စုပွဲစဉ်မှာ ပါဝင်ခြေစွမ်းပြ ကစားသွားခဲ့ပြီး အသက် ၂၇ နှစ်သားဟာ ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်တဲ့ ခြေစွမ်းကို အမိအရ ပြသသွားနိုင်ခဲ့တာပါ။

ကွင်းလယ်ခံစစ်ကစားသမားအဖြစ် အသင်းကိုအဓိကထိန်းကျောင်းကစားနိုင်တဲ့ ဂါနာနိုင်ငံလက်ရွေးစင် သောမတ်စ်ပါတေးကို ဒီရာသီမှာ အရခေါ်ယူနိုင်ခဲ့ခြင်းဟာ အာဆင်နယ်အသင်းအတွက် အရမ်းအရေးပါခဲ့တယ်လို့ အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းက အခုလို ပြောကြားသွားခဲ့တာကြောင့် ပရိသတ်တွေအတွက် ထပ်မံလို့ မျှော်လင့်စရာတွေဝေဆာလာခဲ့ပါတယ်

” ဗီအဲရာလက်သစ်လို့တင်စားခံနေရတဲ့ သောမတ်စ်ဟာ ထိပ်တန်းအဆင့်ခြေစွမ်းပိုင်ရှင်ပါ။ သူက အသင်းနဲ့ အမြန်ဆုံးအသားကျသွားခဲ့ပါတယ်။ ကြံ့ခိုင်မှုကောင်းတယ်။ မာကျောတယ်။ အမြဲပြုံးနေတတ်သူပါ။ ပြိုင်ဘက်ရဲ့ဖိအားပေးမှုကို သွေးအေးအေးနဲ့ ဖြေရှင်းတတ်ပြီး လွယ်လွယ်လေး​ ​ေကျာ်ဖြတ်ပြနိုင်သူလည်း ဖြစ်နေပြန်ပါတယ်။ သူ့လိုကစားသမားမျိုး ကျွန်တော်တို့အသင်းမှာမရှိသေးလို့ အသင်းကို အားအရမ်းဖြစ်စေပါတယ်။ အသင်းကလူငယ်တွေ သူ့ဆီကနေ သင်ယူစရာများစွာရရှိမှာ အသေအချာပါပဲ”လို့ အူဘာမီယန်းက တရားဝင်အင်တာဗျူးမှာ ဖြေဆိုသွားခဲ့တာပါ။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ အားအထားရဆုံးတိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းဟာ မိမိတို႔အသင္းအေနနဲ႕ ေသာမတ္ ပါေတးကို အရ ေခၚယူနိုင္ခဲ့ျခင္းဟာ အင္မတန္စိတ္လႈပ္ရွားစရာျဖစ္သလို သူဟာအလြန္အေရးပါတဲ့ ကစားဟန္နဲ႕ အသင္းကိုတာဝန္ယူထိန္းေက်ာင္းနိုင္မႈေၾကာင့္ အာဆင္နယ္အတြက္ လာျခင္းေကာင္းသူလို႔ ထုတ္ေဖာ္ ခ်ီးမြမ္းခန္းဖြင့္သြားခဲ့ပါတယ္။

အက္သလက္တီကိုအသင္းကေန ေျပာင္းေ႐ႊ႕ေစ်းကြက္ ေနာက္ဆုံးမိနစ္အခ်ိန္ပိုင္းမွာမွ စိတ္လႈပ္ရွား ရင္ခုန္ဖြယ္ရာ ေျပာင္းေ႐ႊ႕လာနိုင္ခဲ့တဲ့ ပါေတးကို ေခၚယူမႈဟာလည္း အာဆင္နယ္ ပရိသတ္ေတြအတြက္လည္း ေက်နပ္မႈအတိျဖစ္ေစခဲ့ပါတယ္။

သူဟာ အာဆင္နယ္အတြက္ ပြဲဦးထြက္အျဖစ္ ဗီယင္နာအသင္းနဲ႕ ယူရိုပါလိဂ္အုပ္စုပြဲစဥ္မွာ ပါဝင္ေျခစြမ္းျပ ကစားသြားခဲ့ၿပီး အသက္ ၂၇ ႏွစ္သားဟာ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ထိုက္တန္တဲ့ ေျခစြမ္းကို အမိအရျပသသြားနိုင္ခဲ့တာပါ။

ကြင္းလယ္ခံစစ္ကစားသမားအျဖစ္ အသင္းကိုအဓိကထိန္းေက်ာင္းကစားနိုင္တဲ့ ဂါနာနိုင္ငံလက္ေ႐ြးစင္ ေသာမတ္စ္ပါေတးကို ဒီရာသီမွာ အရေခၚယူနိုင္ခဲ့ျခင္းဟာ အာဆင္နယ္အသင္းအတြက္ အရမ္းအေရးပါခဲ့တယ္လို႔ အသင္းေခါင္းေဆာင္ တိုက္စစ္မႉး အူဘာမီယန္းက အခုလို ေျပာၾကားသြားခဲ့တာေၾကာင့္ ပရိသတ္ေတြအတြက္ ထပ္မံလို႔ ေမွ်ာ္လင့္စရာေတြေဝဆာလာခဲ့ပါတယ္

” ​ဗီအဲရာလက္သစ္လို႔တင္စားခံေနရတဲ့ ေသာမတ္စ္ဟာ ထိပ္တန္းအဆင့္ေျခစြမ္းပိုင္ရွင္ပါ။ အသင္းနဲ႕ အျမန္ဆုံးအသားက်သြားခဲ့ပါတယ္။ ႀကံ့ခိုင္မႈေကာင္းတယ္။ မာေက်ာတယ္။ အၿမဲၿပဳံးေနတတ္သူပါ။ ၿပိဳင္ဘက္ရဲ႕ဖိအားေပးမႈကို ေသြးေအးေအးနဲ႕ ေျဖရွင္းတတ္ၿပီး လြယ္လြယ္ေလးေက်ာ္ျဖတ္ျပနိုင္သူလည္းျဖစ္ေနျပန္ပါတယ္။ သူ႕လိုကစားသမားမ်ိဳး ကြၽန္ေတာ္တို႔အသင္းမွာမရွိေသးလို႔ အားအရမ္းျဖစ္ေစပါတယ္။ အသင္းကလူငယ္ေတြ သူ႕ဆီကေန သင္ယူစရာမ်ားစြာရရွိမွာ အေသအခ်ာပါပဲ”လို႔ အူဘာမီယန္းက တရားဝင္အင္တာဗ်ဴးမွာ ေျဖဆိုသြားခဲ့တာပါ။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.