Premier League

မိမိတို့ကိုမယုံကြည်သူများအား နှုတ်ဆိတ်စေခဲ့ပြီဟု လိဒ်စ်တိုက်စစ်မှူး ဘမ်းဖို့ဒ်ကြုံးဝါး

လိဒ်စ်ယူနိုက်တက် တိုက်စစ်မှူး ပက်ထရစ်ဘမ်းဖို့ဒ်ဟာ ဗီလာကို သုံးဂိုးပြတ်အနိုင်ယူခဲ့သည့် လုပ်ရပ်နဲ့အတူ မိမိတို့ကိုမယုံကြည်သူများ မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့ပြီး ယင်းတို့ကို နှုတ်ဆိတ်စေခဲ့ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ညက လိဒ်စ်ယူနိုက်တက်ရဲ့ နိုင်ပွဲအပြီးမှာ ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းနည်းပြ အဘွန်လဟော်ဟာ လိဒ်အသင်းနဲ့ပွဲစဥ်မတိုင်မီက လိဒ်အသင်းနဲ့ နည်းပြဘီယယ်လ်ဆာကို ”မဖြစ်နိုင်တာကိုလုပ်ပြချင်နေသည့် ယုံတမ်းပုံပြင်စိတ်ကူးယဥ်သမားများ” ဟု လှောင်ပြောင်ထိုးနှက်ခဲ့ဖူးပြီး ဘမ်းဖို့ဒ်ဟာ ဒီစကားကို မတုံ့ဆိုင်းဘဲ အခုလို အားမာန်အပြည့် လုပ်ရပ်သက်သေနဲ့အတူ ဗီလာနည်းပြကို ပြန်လည် တုံ့ပြန်ချေမှုန်းသွားခဲ့တာဖြစ်ပါတယ်။

ဗီလာအသင်းရဲ့ လက်ရှိရာသီ အံ့သြဖွယ်ရာ ရာနှုန်းပြည့်နိုင်ပွဲဆက်ရရှိနေမှုကို လိဒ်စ်အသင်းက ဘမ်းဖို့ဒ်ရဲ့ ဟက်ထရစ်သွင်းဂိုးတွေနဲ့အတူ တခန်းရပ်အဆုံးသတ်စေခဲ့တာဟာ ဘောလုံးပရိသတ်တွေရဲ့မျက်ဝါးထင်ထင် စိတ်လှုပ်ခတ်စရာ ပရီးမီယားလိဂ်မြင်ကွင်းတခု ဖြစ်လာစေခဲ့တာ အမှန်ပါ။ ဒီပွဲအပြီးမှာတော့ တိုက်စစ်မှူး ဘမ်းဖို့ဟာ လိဒ်စ်အသင်းသမိုင်းတလျှောက် အမှတ်ပေးလိဂ်ပြိုင်ပွဲ အဝေးကွင်းသုံးပွဲဆက် ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။

၂၀၀၃ ခုနှစ် ချာလ်တန်အသင်းနဲ့ ၆-၁ ဂိုးပွဲစဥ်မှာ ဟက်ထရစ်ရရှိခဲ့သူ လိဒ်စ်ပရိသတ်အသည်းစွဲတိုက်စစ်မှူးဟောင်းကြီး ဗီဒူကာ နောက်ပိုင်း ပရီးမီးယားလိဂ်ဟက်ထရစ်ရရှိတဲ့ ပထမဆုံး လိဒ်စ်ယူနိုက်တက်ကစားသမားဖြစ်လာခဲ့တဲ့ ဘမ်းဖို့ဒ်ဟာ နည်းပြဘီယယ်လ်ဆာရဲ့ အပြည့်အဝ ထောက်ခံယုံကြည်ကိုးစားမှုကို အထိမိဆုံး သက်သေပြသသွားနိုင်ခဲ့​တာပါ။

ဒါ့အပြင် သူဟာ ၁၉၉၂ – ၉၃ ရာသီ အဲရစ်ကန်တိုနာနောက်ပိုင်း ပရီးမီးယားလိဂ် ၆ ပွဲကစားပြီး ၆ ဂိုး ရရှိခဲ့တဲ့ ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရပါတယ်။

REF: Daily Mail
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လိဒ္စ္ယူနိုက္တက္တိုက္စစ္မႉး ပက္ထရစ္ဘမ္းဖို႔ဒ္ဟာ ဗီလာကိုသုံးဂိုးျပတ္အနိုင္ယူခဲ့သည့္ လုပ္ရပ္နဲ႕အတူ မိမိတို႔ကို မယုံၾကည္သူမ်ားမွားယြင္းေၾကာင္းသက္ေသျပနိုင္ခဲ့ၿပီး ယင္းတို႔ကို ႏႈတ္ဆိတ္ေစခဲ့ၿပီျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ညက လိဒ္စ္ယူနိုက္တက္ရဲ႕နိုင္ပြဲအၿပီးမွာ ႀကဳံးဝါးေျပာဆိုသြားခဲ့ပါတယ္။

အက္စတြန္ဗီလာအသင္းနည္းျပ အဘြန္လေဟာ္ဟာ လိဒ္အသင္းနဲ႕ပြဲစဥ္မတိုင္မီက လိဒ္အသင္းနဲ႕ နည္းျပဘီယယ္လ္ဆာကို ”မျဖစ္နိုင္တာကိုလုပ္ျပခ်င္ေနသည့္ ယုံတမ္းပုံျပင္စိတ္ကူးယဥ္သမားမ်ား” ဟု ေလွာင္ေျပာင္ထိုးႏွက္ခဲ့ဖူးၿပီး ဘမ္းဖို႔ဒ္ဟာ ဒီစကားကို မတုံ႕ဆိုင္းဘဲ အခုလို အားမာန္အျပည့္လုပ္ရပ္သက္ေသနဲ႕အတူ ဗီလာနည္းျပကို ျပန္လည္ တုံ႕ျပန္ေခ်မႈန္းသြားခဲ့တာျဖစ္ပါတယ္။

ဗီလာအသင္းရဲ႕ လက္ရွိရာသီ အံ့ၾသဖြယ္ရာ ရာႏႈန္းျပည့္နိုင္ပြဲဆက္ရရွိေနမႈကို လိဒ္စ္အသင္းက ဘမ္းဖို႔ဒ္ရဲ႕ ဟက္ထရစ္သြင္းဂိုးေတြနဲ႕အတူ တခန္းရပ္အဆုံးသတ္ေစခဲ့တာဟာ ေဘာလုံးပရိသတ္ေတြရဲ႕မ်က္ဝါးထင္ထင္ စိတ္လႈပ္ခတ္စရာ ပရီးမီယားလိဂ္ျမင္ကြင္းတခုျဖစ္လာေစခဲ့တာ အမွန္ပါ။ ဒီပြဲအၿပီးမွာေတာ့ တိုက္စစ္မႉး ဘမ္းဖို႔ဟာ လိဒ္စ္အသင္းသမိုင္းတေလွ်ာက္ အမွတ္ေပးလိဂ္ၿပိဳင္ပြဲ အေဝးကြင္းသုံးပြဲဆက္ ဂိုးသြင္းနိုင္တဲ့ ဒုတိယေျမာက္ကစားသမား ျဖစ္လာခဲ့ပါတယ္။

၂၀၀၃ ခုႏွစ္ ခ်ာလ္တန္အသင္းနဲ႕ ၆-၁ ဂိုးပြဲစဥ္မွာ ဟက္ထရစ္ရရွိခဲ့သူ လိဒ္စ္ပရိသတ္အသည္းစြဲတိုက္စစ္မႉးေဟာင္းႀကီး ဗီဒူကာ ေနာက္ပိုင္း ပရီးမီးယားလိဂ္ဟက္ထရစ္ရရွိတဲ့ ပထမဆုံးလိဒ္စ္ယူနိုက္တက္ကစားသမားျဖစ္လာခဲ့တဲ့ ဘမ္းဖို႔ဒ္ဟာ နည္းျပဘီယယ္လ္ဆာရဲ႕ အျပည့္အဝ ေထာက္ခံယုံၾကည္ကိုးစားမႈကို အထိမိဆုံး သက္ေသျပသနိုင္ခဲ့​တာပါ။

ဒါ့အျပင္ သူဟာ ၁၉၉၂ – ၉၃ ရာသီ အဲရစ္ကန္တိုနာေနာက္ပိုင္း ပရီးမီးယားလိဂ္ ၆ ပြဲကစားၿပီး ၆ ဂိုး ရရွိခဲ့တဲ့ ဒုတိယေျမာက္ကစားသမားအျဖစ္ မွတ္တမ္းဝင္သြားခဲ့ေၾကာင္း သိရပါတယ္။

REF: Daily Mail
PHOTOS CREDIT TO OWNERS
SPORTS A2Z.