Premier League

နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု – ၂၄.၁၀.၂၀၂၀

ယနေ့ညမန်ချက်စတာယူနိုက်တက်အသင်းနှင့်ပွဲစဥ်မှာ ဂိုးသမား ကီပါအာရီဇာဘာလာဂါဟာ ပခုံးဒဏ်ရာကြောင့်ပါဝင်နိုင်မှာမဟုတ်ဘဲ သီယာဂိုဆေးလ်ဗား နဲ့ ခရစ္စတီယန် ပူလီရှစ်ချ်တို့ ကြံ့ခိုင်မှုပြည့်ဝနေကြောင်း ချယ်လ်ဆီးနည်းပြလမ်းပတ်အတည်ပြုသွားခဲ့။

ချယ်လ်ဆီးအသင်းကိုပြန်လည်ရောက်ရှိလာတဲ့ ဂန္တဝင်ဂိုးသမား ပီတာချက်နဲ့အတူ တွဲဖက်လေ့ကျင့်ရသည်မှာ တန်ဖိုးကြီးမားလွန်းပြီး လေ့လာသင်ယူမှုများစွာပြုလုပ်ခွင့်ရနေတာဟာ ကျေနပ်ဖွယ်ကောင်းကြောင်း ဂိုးသမား အေဒူယာ မန်ဒီ ဖွင့်ဟခဲ့။

ချယ်လ်နည်းပြလမ်းပတ်က မိမိတို့အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ ဖိအားတွေအောက်ကနေ အသင်းတွေကိုကိုင်တွယ်နေရတာဖြစ်လို့ ဒါနဲ့ပတ်သက်ပြီး ယူနိုက်တက်နည်းပြအိုလေဂန်းနားဆိုးရှားကို လေးစာမှုအပြည့်ရှိကြောင်း ပြောဆိုသွားခဲ့။

ယူနိုက်တက်အသင်းဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး ပါရီမှာ နိုင်ပွဲရယူနိုင်လာခဲ့တဲ့အရှိန်ကြောင့် ယနေ့ညပွဲစဥ်ဟာ မိမိတို့ချယ်လ်ဆီးအသင်းအတွက် ရင်ဆိုင်ရခက်ခဲမည်ဖြစ်ကြောင်း နည်းပြ လမ်းပတ်ပြောဆို။

ငါးလကြာအနားယူခဲ့ရတဲ့ ဒဏ်ရာကနေသက်သာခါစဖြစ်တဲ့ ဟာကင်းမ် ဇီးယက်ရှ်အတွက် အတတ်နိုင်ဆုံးကူညီလေ့ကျင့် ပေးနေသလို အခုထက်ပိုမိုပြီး ပွဲကစားခွင့်ပေးအပ်သွားမယ်လို့ ချယ်လ်ဆီးနည်းပြလမ်းပတ်ကအတည်ပြုခဲ့။

မိုက်ကယ်အိုဝင်ရဲ့ခန့်မှန်းသုံးသပ်မှုအရ ယနေ့ည အိုးထရက်ဖို့ဒ်က ယူနိုက်တက်နဲ့ချယ်လ်ဆီးပွဲစဥ်ဟာ ခြားနားမှုမရှိတဲ့အသင်းနှစ်သင်းဖြစ်လို့ အပြန်အလှန်ဂိုးသွင်းပြီး သရေပွဲစဥ်အဖြစ် ၁-၁ ရလာဒ်ထွက်ပေါ် လာမည်ဟုဆို။

အေဂျက်ဇ်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဟာကင်းမ်ဇီယက်ရှ် နဲ့ ဒွန်နီဗန်ဒါဘိခ်တို့ဟာ ဒီနေ့ညပွဲစဥ်မှာ ပြိုင်ဘက်တွေအဖြစ် ပြန်လည်ဆုံတွေ့ရမှာဖြစ်ပြီး ပွဲထွက်ခွင့်နည်းပါးနေတဲ့ ဗန်ဒါဘိခ်ကို စိတ်ရှည်ရှည်နဲ့တိုက်ပွဲဝင်ဖို့ ဇီယက်ရှ်က အားပေးသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယေန႕ညမန္ခ်က္စတာယူနိုက္တက္အသင္းႏွင့္ပြဲစဥ္မွာ ဂိုးသမား ကီပါ အာရီဇာဘာလာဂါဟာ ပခုံးဒဏ္ရာေၾကာင့္ပါဝင္နိုင္မွာမဟုတ္ဘဲ သီယာဂိုေဆးလ္ဗားနဲ႕ ခရစၥတီယန္ ပူလီရွစ္ခ်္တို႔ ႀကံ့ခိုင္မႈျပည့္ဝေနေၾကာင္း ခ်ယ္လ္ဆီးနည္းျပလမ္းပတ္ အတည္ျပဳသြားခဲ့။

ခ်ယ္လ္ဆီးအသင္းကိုျပန္လည္ေရာက္ရွိလာတဲ့ ဂႏၱဝင္ဂိုးသမား ပီတာခ်က္နဲ႕အတူ တြဲဖက္ေလ့က်င့္ရသည္မွာ တန္ဖိုးႀကီးမားလြန္းၿပီး ေလ့လာသင္ယူမႈမ်ားစြာျပဳလုပ္ခြင့္ရေနတာဟာ ေက်နပ္ဖြယ္ေကာင္းေၾကာင္း ဂိုးသမား ေအဒူယာ မန္ဒီ ဖြင့္ဟခဲ့။

ခ်ယ္လ္နည္းျပလမ္းပတ္က မိမိတို႔အသင္းနဲ႕ မန္ခ်က္စတာယူနိုက္တက္အသင္းတို႔ဟာ ဖိအားေတြေအာက္ကေန အသင္းေတြကိုကိုင္တြယ္ေနရတာျဖစ္လို႔ ဒါနဲ႕ပတ္သက္ၿပီး ယူနိုက္တက္နည္းျပ အိုေလဂန္းနားဆိုးရွားကို ေလးစာမႈအျပည့္ရွိေၾကာင္း ေျပာဆိုသြားခဲ့။

ယူနိုက္တက္အသင္းဟာ အသင္းေကာင္းတစ္သင္းျဖစ္ၿပီး ပါရီမွာ နိုင္ပြဲရယူနိုင္လာခဲ့တဲ့အရွိန္ေၾကာင့္ ယေန႕ညပြဲစဥ္ဟာ မိမိတို႔ခ်ယ္လ္ဆီးအသင္းအတြက္ ရင္ဆိုင္ရခက္ခဲမည္ျဖစ္ေၾကာင္း နည္းျပ လမ္းပတ္ေျပာဆို။

ငါးလၾကာအနားယူခဲ့ရတဲ့ ဒဏ္ရာကေနသက္သာခါစျဖစ္တဲ့ ဟာကင္းမ္ ဇီးယက္ရွ္အတြက္ အတတ္နိုင္ဆုံးကူညီေလ့က်င့္ ေပးေနသလို အခုထက္ပိုမိုၿပီး ပြဲကစားခြင့္ေပးအပ္သြားမယ္လို႔ ခ်ယ္လ္ဆီးနည္းျပလမ္းပတ္က အတည္ျပဳခဲ့။

မိုက္ကယ္အိုဝင္ရဲ႕ ခန့္မွန္းသုံးသပ္မႈအရ ယေန႕ည အိုးထရက္ဖို႔ဒ္က ယူနိုက္တက္နဲ႕ခ်ယ္လ္ဆီးပြဲစဥ္ဟာ ျခားနားမႈမရွိတဲ့ အသင္းႏွစ္သင္းျဖစ္လို႔ အျပန္အလွန္ဂိုးသြင္းၿပီး သေရပြဲစဥ္အျဖစ္ ၁-၁ ရလဒ္ ထြက္ေပၚလာမည္ဟုဆို။

ေအဂ်က္ဇ္အသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ ဟာကင္းမ္ဇီယက္ရွ္နဲ႕ ဒြန္နီဗန္ဒါဘိခ္တို႔ဟာ ဒီေန႕ညပြဲစဥ္မွာ ၿပိဳင္ဘက္ေတြအျဖစ္ ျပန္လည္ဆုံေတြ႕ရမွာျဖစ္ၿပီး ပြဲထြက္ခြင့္နည္းပါးေနတဲ့ ဗန္ဒါဘိခ္ကို စိတ္ရွည္ရွည္နဲ႕တိုက္ပြဲဝင္ဖို႔ ဇီယက္ရွ္က အားေပးသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.