Premier League

နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု – ၂၄.၁၀.၂၀၂၀

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က ယခုနှစ်ရာသီဟာ မိမိအတွက်စိန်ခေါ်မှုအမြင့်ဆုံးရာသီတခုဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုကြောင့်အပြင် ဒဏ်ရာရရှိခဲ့တဲ့ မိမိကစားသမားဖြစ်တဲ့ ဗန်ဒိုက်နဲ့ အယ်လစ်ဆန်စတဲ့ ကစားသမားများအတွက် ပွဲဆက်ကာလများပြားခဲ့လွန်းတာကြောင့်ဖြစ်တယ်လို့ သိရ။

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က မန်ချက်စတာယူနိုက်တက်ကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ့်ရဲ့ ‘Free Meal’ ကမ်ပိန်းအစီအစဉ်ကို ဂုဏ်ယူကြောင်း ချီးကျူးထောက်ခံသွားခဲ့ပြီး မားကပ်စ်ရဲ့ အောက်ခြေမလွတ်တတ်တဲ့စိတ်ထားနဲ့ ယခုလုပ်ရပ်ကြောင့် သူ့ရဲ့မိခင်ကလည်း ဂုဏ်ယူနေမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့။

လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်ရဲ့ဒဏ်ရာနဲ့ ပတ်သက်လို့ သူ့ရဲ့ဆရာဝန်က ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး ဂိုးသမားအနေနဲ့ နောက်တပတ် ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်လာနိုင်ဖွယ်ရှိပြီး ဘရာဇီးလ်အသင်းလူစာရင်းမှာလည်း ရွေးချယ်ခံခဲ့ရကြောင်းသိရ။

လီဗာပူးလ်ဂိုးသမား အက်ဒရီယန်ဟာ ဗန်ဒိုက်အပေါ် အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ရဲ့ ဖျက်ထုတ်မှုဟာ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်ပြီး သူ့ဘက်က ရပ်တည်ပေးသွားစရာမရှိကြောင်း ဖွင့်ဟသွားခဲ့။

ဗန်ဒိုက် အနားယူခဲ့ရတဲ့နောက် ဗဟိုနောက်ခံလူတွေအဖြစ် ကစားသွားမယ့် ဂျိုးဂိုမက်ဇ်နဲ့ မာတစ်တို့ရဲ့ အတွဲအဖက်ကို မိမိသံသယတစိုးတစိမျှ မရှိကြောင်းနှင့် မာတစ်ပ်ကို မိမိယုံကြည်ကြောင်း ထောက်ခံပြောဆိုသွားခဲ့။

ဗန်ဒိုက်နေရာ အစားထိုးဖို့အတွက် လီဗာပူးလ်အသင်းဟာ လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ နာပိုလီဗဟိုခံစစ်မှူး ကူလီဘာလီကို အတည်တကျကြိုးပမ်း ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သတင်းများကဆို။

လက်ရှိပွဲစဉ်ဇယားရေးဆွဲမှုမှာ ဘောလုံးကန်နေရသည်နှင့် မတူတော့ဘဲ ဖော်မြူဝမ်းကားမောင်းပြိုင်ပွဲ ဝင်ပြိုင်နေရသလိုဖြစ်နေကြောင်း လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က ညည်းတွားသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္က ယခုႏွစ္ရာသီဟာ မိမိအတြက္စိန္ေခၚမႈအျမင့္ဆုံးရာသီတခုျဖစ္ၿပီး ကိုရိုနာဗိုင္းရပ္စ္ေရာဂါကူးစက္မႈေၾကာင့္အျပင္ ဒဏ္ရာရရွိခဲ့တဲ့ မိမိကစားသမားျဖစ္တဲ့ ဗန္ဒိုက္နဲ႔ အယ္လစ္ဆန္စတဲ့ ကစားသမားမ်ားအတြက္ ပြဲဆက္ကာလ မ်ားျပားခဲ့လြန္းတာေၾကာင့္ျဖစ္တယ္လို႔ သိရ။

လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္က မန္ခ်က္စတာယူနိုက္တက္ကစားသမား မားကပ္စ္ရက္ရွ္ဖို႔ဒ့္ရဲ႕ ‘Free Meal’ ကမ္ပိန္းအစီအစဥ္ကို ဂုဏ္ယူေၾကာင္း ခ်ီးက်ဴးေထာက္ခံသြားခဲ့ၿပီး မားကပ္စ္ရဲ႕ ေအာက္ေျခမလြတ္တတ္တဲ့စိတ္ထားနဲ႕ ယခုလုပ္ရပ္ေၾကာင့္ သူ႕ရဲ႕မိခင္ကလည္း ဂုဏ္ယူေနမွာျဖစ္ေၾကာင္း ေျပာဆိုသြားခဲ့။

လီဗာပူးလ္ဂိုးသမား အယ္လစ္ဆန္ရဲ႕ ဒဏ္ရာနဲ႕ပတ္သက္လို႔ သူ႕ရဲ႕ဆရာဝန္က ထုတ္ေဖာ္ေျပာဆိုသြားခဲ့ၿပီး ဂိုးသမားအေနနဲ႔ ေနာက္တပတ္ ဝက္စ္ဟမ္းအသင္းနဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ပါဝင္လာနိုင္ဖြယ္ရွိၿပီး ဘရာဇီးလ္အသင္းလူစာရင္းမွာလည္း ေ႐ြးခ်ယ္ခံခဲ့ရေၾကာင္းသိရ။

လီဗာပူးလ္ဂိုးသမား အက္ဒရီယန္ဟာ ဗန္ဒိုက္အေပၚ အဲဗာတန္ဂိုးသမား ပစ္ဖို႔ဒ္ရဲ႕ ဖ်က္ထုတ္မႈဟာ လက္ခံနိုင္စရာမရွိတဲ့လုပ္ရပ္ျဖစ္ၿပီး သူ႕ဘက္က ရပ္တည္ေပးသြားစရာမရွိေၾကာင္း ဖြင့္ဟသြားခဲ့။

ဗန္ဒိုက္ အနားယူခဲ့ရတဲ့ေနာက္ ဗဟိုေနာက္ခံလူေတြအျဖစ္ ကစားသြားမယ့္ ဂ်ိဳးဂိုမက္ဇ္နဲ႕ မာတစ္တို႔ရဲဲ့ အတြဲအဖက္ကို မိမိသံသယတစိုးတစိမွ် မရွိေၾကာင္းႏွင့္ မာတစ္ပ္ကို မိမိယုံၾကည္ေၾကာင္း ေထာက္ခံေျပာဆိုသြားခဲ့။

ဗန္ဒိုက္ေနရာ အစားထိုးဖို႔အတြက္ လီဗာပူးလ္အသင္းဟာ လာမယ့္ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ နာပိုလီဗဟိုခံစစ္မႉး ကူလီဘာလီကို အတည္တက်ႀကိဳးပမ္း ေခၚယူသြားဖို႔ရွိေနတယ္လို႔ သတင္းမ်ားကဆို။

လက္ရွိပြဲစဥ္ဇယားေရးဆြဲမႈမွာ ေဘာလုံးကန္ေနရသည္ႏွင့္ မတူေတာ့ဘဲ ေဖာ္ျမဴဝမ္းကားေမာင္းၿပိဳင္ပြဲ ဝင္ၿပိဳင္ေနရသလိုျဖစ္ေနေၾကာင္း လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္က ညည္းတြားသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.