Carabao & FA Match Report

ဝုဗ်ကို အချိန်ပိုဂိုးတွေနဲ့ အနိုင်ယူပြီး ၃၇နှစ် အကြာမှာ ပထမဆုံးဆီမီးတက်တဲ့ ကိုဗင်ထရီ

ဒီနေ့ညနေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝုဗ်နဲ့ ကိုဗင်ထရီ စီးတီးတို့ရဲ့ပွဲမှာ ချန်ပီယံရှစ်အသင်းလေးက မယုံနိုင်စရာ မှော်ဆန်တဲ့ အခိုက်အတန့်တွေနဲ့ ပွဲကို အလှည့်အပြောင်းဖြစ်စေပြီး အနိုင်ရခဲ့ပါတယ်။

ဝုဗ်နဲ့ ကိုဗင်ထရီတို့ရဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲဟာ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ မြိုင်ဆိုင်ခဲ့ပေမယ့်လည်း အသင်းငယ်တွေပီပီ အဆုံးသတ်ပိုင်းမှာ အားနည်းချက်တွေရှိခဲ့လို့ ဒုတိယပိုင်းပြန်လည်စတင်ချိန် မတိုင်ခင်အထိ ဂိုးတွေ မမြင်ခဲ့ရပါဘူး။

ဒုတိယပိုင်း ၅၃ မိနစ်မှာ ဆင်းမ်စ်က ဧည့်သည် ကိုဗင်ထရီအတွက် အံ့အားသင့်ဖွယ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး ပါလ်မာရဲ့ အလွတ်တည်ကန်ဘောကနေ ကန်တင်ပေးပို့မှုကို ကစ်ချင်းက ခေါင်းတိုက်ချပေးခဲ့ရာမှာ လာတီဗျူဒီယာ လှမ်းပိတ်ပေမယ့် မမိခဲ့ဘဲ နောက်မှာရှိနေတဲ့ ဆင်းမ်စ်က လူရော ဘောလုံးပါ ဂိုးပေါက်ထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီဂိုးကို VAR က လက်ထိဘောဖြစ်နိုင်တယ်ဆိုပြီး စစ်ဆေးခဲ့ပေမယ့်လည်း လက်နဲ့မထိခဲ့တာကြောင့် ဂိုးခွင့်ပြုပေးခဲ့လို့ ဧည့်သည်တွေ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။

ဝုဗ်စ်အသင်းက ချေပဂိုး သွင်းယူဖို့အတွက် အသည်းအသန် ကြိုစားခဲ့ပြီး ၈၃ မိနစ်မှာ အိတ်-နူရီက
ဂိုးမက်စ် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးက ကိုဗင်ထရီနောက်ခံလူ လာတီဗျူဒီယာ မရှင်းထုတ်နိုင်ခဲ့တာကို အခွင့်ကောင်းယူ ကန်သွင်းခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်တွေဟာ ချေပဂိုးရခဲ့ပြီးနောက် အနိုင်ဂိုးပါ ထပ်သွင်းယူနိုင်ဖို့ ဖိအားပေးတိုက်စစ်ဆင်လာခဲ့ပြီး နောက်ထပ် ၅ မိနစ်အကြာမှာပဲ အိတ်-နူရီရဲ့ ဖန်တီးပေးမှုကနေတဆင့် ဗွေနိုက အဆုံးသတ်ပြီး စီနီယာကစားသမားဘဝ ပထမဆုံးသွင်းဂိုးအဖြစ်နဲ့ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲပြီးဆုံးခါနီးမှာ အိမ်ရှင်တို့က ဦးဆောင်ဂိုး ရသွားတာကြောင့် ချန်ပီယံရှစ်အသင်း ကိုဗင်ထရီကတော့ ကွာတားကနေ လှည့်ပြန်ရပြီလို့ ထင်ခဲ့ကြပေမယ့်လည်း ဧည့်သည်တွေက မှော်ဆန်တဲ့အခိုက်အတန့်တွေ ပြုလုပ်ပြတော့မယ်ဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ခဲ့ကြပါဘူး။

ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၉၀+၇ မိနစ်မှာ အဖွင့်ဂိုးရှင်ဖြစ်တဲ့ ဆင်းမ်စ်ကပဲ ဘော်ဘီ သောမတ်စ်ရဲ့ ပေးပို့မှုကနေတဆင့် ပင်နယ်တီဧရိယာထဲမှာ လူကပ်ခံမထားရဘဲ လွတ်လွတ်ကျွတ်ကျွတ် အနီးကပ် ခေါင်းတိုက်သွင်းယူသွားခဲ့ပါတယ်။

တစ်ဖက် ၂ ဂိုးစီ ညီမျှသွားတာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူရတော့မယ်လို့ ထင်ခဲ့ကြပေမယ့်လည်း နောက်ထပ် ၃ မိနစ်အကြာမှာ ဆင်းမ်စ်က ဗွေနိုရှေ့က ဘောလုံးကို နောက်ကနေ ဝင်ယူသွားပြီး ရိုက်ဆီ ပေးပို့ခဲ့ရာမှာ အလွန်ကောင်းမွန်တဲ့ ကန်ချက်နဲ့ ဂိုးအောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ကိုဗင်ထရီဟာ ဒီနိုင်ပွဲကြောင့် ၁၉၈၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်အပြင်ဘက်ကအသင်းတစ်သင်းက ဆီမီးဖိုင်နယ်ကို ၂ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ရာသီတုန်းက ရှက်ဖီးယူနိုက်တက်က ချန်ပီယံရှစ်မှာ ကစားနေချိန်အတွင်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဒါဟာ ၂၀၁၃-၂၀၁၄၊ ၂၀၁၄-၂၀၁၅ ရာသီတွေတုန်းက ဝီဂန်၊ရှက်ဖီးနဲ့ ရက်ဒင်းတို့နောက်ပိုင်း ပထမဆုံးအကြိမ် ၂ နှစ်ဆက်တိုက် ချန်ပီယံရှစ်အသင်းတွေ ဆီမီးဖိုင်နယ်တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဒီေန႔ညေနမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဝုဗ္နဲ႔ ကိုဗင္ထရီ စီးတီးတို႔ရဲ႕ပြဲမွာ ခ်န္ပီယံရွစ္အသင္းေလးက မယုံႏိုင္စရာ ေမွာ္ဆန္တဲ့ အခိုက္အတန႔္ေတြနဲ႔ ပြဲကို အလွည့္အေျပာင္းျဖစ္ေစၿပီး အႏိုင္ရခဲ့ပါတယ္။

ဝုဗ္နဲ႔ ကိုဗင္ထရီတို႔ရဲ႕ အက္ဖ္ေအဖလားကြာတားဖိုင္နယ္ပြဲဟာ အျပန္အလွန္ ထိုးေဖာက္မႈေတြနဲ႔ ၿမိဳင္ဆိုင္ခဲ့ေပမယ့္လည္း အသင္းငယ္ေတြပီပီ အဆုံးသတ္ပိုင္းမွာ အားနည္းခ်က္ေတြရွိခဲ့လို႔ ဒုတိယပိုင္းျပန္လည္စတင္ခ်ိန္ မတိုင္ခင္အထိ ဂိုးေတြ မျမင္ခဲ့ရပါဘူး။

ဒုတိယပိုင္း ၅၃ မိနစ္မွာ ဆင္းမ္စ္က ဧည့္သည္ ကိုဗင္ထရီအတြက္ အံ့အားသင့္ဖြယ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ပါလ္မာရဲ႕ အလြတ္တည္ကန္ေဘာကေန ကန္တင္ေပးပို႔မႈကို ကစ္ခ်င္းက ေခါင္းတိုက္ခ်ေပးခဲ့ရာမွာ လာတီဗ်ဴဒီယာ လွမ္းပိတ္ေပမယ့္ မမိခဲ့ဘဲ ေနာက္မွာရွိေနတဲ့ ဆင္းမ္စ္က လူေရာ ေဘာလုံးပါ ဂိုးေပါက္ထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။

အဲဒီဂိုးကို VAR က လက္ထိေဘာျဖစ္ႏိုင္တယ္ဆိုၿပီး စစ္ေဆးခဲ့ေပမယ့္လည္း လက္နဲ႔မထိခဲ့တာေၾကာင့္ ဂိုးခြင့္ျပဳေပးခဲ့လို႔ ဧည့္သည္ေတြ ဦးေဆာင္ဂိုး စတင္ရရွိခဲ့ပါတယ္။

ဝုဗ္စ္အသင္းက ေခ်ပဂိုး သြင္းယူဖို႔အတြက္ အသည္းအသန္ ႀကိဳစားခဲ့ၿပီး ၈၃ မိနစ္မွာ အိတ္-ႏူရီက
ဂိုးမက္စ္ ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးက ကိုဗင္ထရီေနာက္ခံလူ လာတီဗ်ဴဒီယာ မရွင္းထုတ္ႏိုင္ခဲ့တာကို အခြင့္ေကာင္းယူ ကန္သြင္းခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ေတြဟာ ေခ်ပဂိုးရခဲ့ၿပီးေနာက္ အႏိုင္ဂိုးပါ ထပ္သြင္းယူႏိုင္ဖို႔ ဖိအားေပးတိုက္စစ္ဆင္လာခဲ့ၿပီး ေနာက္ထပ္ ၅ မိနစ္အၾကာမွာပဲ အိတ္-ႏူရီရဲ႕ ဖန္တီးေပးမႈကေနတဆင့္ ေဗြႏိုက အဆုံးသတ္ၿပီး စီနီယာကစားသမားဘဝ ပထမဆုံးသြင္းဂိုးအျဖစ္နဲ႔ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။

ပြဲၿပီးဆုံးခါနီးမွာ အိမ္ရွင္တို႔က ဦးေဆာင္ဂိုး ရသြားတာေၾကာင့္ ခ်န္ပီယံရွစ္အသင္း ကိုဗင္ထရီကေတာ့ ကြာတားကေန လွည့္ျပန္ရၿပီလို႔ ထင္ခဲ့ၾကေပမယ့္လည္း ဧည့္သည္ေတြက ေမွာ္ဆန္တဲ့အခိုက္အတန႔္ေတြ ျပဳလုပ္ျပေတာ့မယ္ဆိုတာ ဘယ္သူမွ ႀကိဳမသိႏိုင္ခဲ့ၾကပါဘူး။

ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၉၀+၇ မိနစ္မွာ အဖြင့္ဂိုးရွင္ျဖစ္တဲ့ ဆင္းမ္စ္ကပဲ ေဘာ္ဘီ ေသာမတ္စ္ရဲ႕ ေပးပို႔မႈကေနတဆင့္ ပင္နယ္တီဧရိယာထဲမွာ လူကပ္ခံမထားရဘဲ လြတ္လြတ္ကြၽတ္ကြၽတ္ အနီးကပ္ ေခါင္းတိုက္သြင္းယူသြားခဲ့ပါတယ္။

တစ္ဖက္ ၂ ဂိုးစီ ညီမွ်သြားတာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ခံယူရေတာ့မယ္လို႔ ထင္ခဲ့ၾကေပမယ့္လည္း ေနာက္ထပ္ ၃ မိနစ္အၾကာမွာ ဆင္းမ္စ္က ေဗြႏိုေရွ႕က ေဘာလုံးကို ေနာက္ကေန ဝင္ယူသြားၿပီး ႐ိုက္ဆီ ေပးပို႔ခဲ့ရာမွာ အလြန္ေကာင္းမြန္တဲ့ ကန္ခ်က္နဲ႔ ဂိုးေအာက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ကိုဗင္ထရီဟာ ဒီႏိုင္ပြဲေၾကာင့္ ၁၉၈၇ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္အျပင္ဘက္ကအသင္းတစ္သင္းက ဆီမီးဖိုင္နယ္ကို ၂ ႏွစ္ဆက္တိုက္ တက္ေရာက္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ရာသီတုန္းက ရွက္ဖီးယူႏိုက္တက္က ခ်န္ပီယံရွစ္မွာ ကစားေနခ်ိန္အတြင္း ဆီမီးဖိုင္နယ္အဆင့္အထိ တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ဒါဟာ ၂၀၁၃-၂၀၁၄၊ ၂၀၁၄-၂၀၁၅ ရာသီေတြတုန္းက ဝီဂန္၊ရွက္ဖီးနဲ႔ ရက္ဒင္းတို႔ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ၂ ႏွစ္ဆက္တိုက္ ခ်န္ပီယံရွစ္အသင္းေတြ ဆီမီးဖိုင္နယ္တက္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.