Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၂၃.၁၀.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားရဲ႕ လူငယ္တုိက္စစ္မွဴး ဂရင္းဝုဒ္ ျပႆနာကို ထုတ္ေျပာခဲ့တာဟာ သူ႕ကို အျပစ္ေပးထားတဲ့ ကာလ ကုန္ဆုံးသြားၿပီလို႔ အရိပ္အျမြက္ဆုိလိုက္တာျဖစ္ေၾကာင္း ပရိသတ္ေတြက ခန္႔မွန္းေနၾကၿပီး ခ်ဲလ္ဆီးနဲ႔ပြဲမွာ ပါဝင္လာဖို႔ ေမွ်ာ္လင့္ေနၾက။

– ယူႏုိက္တက္ဂႏၴဝင္နဲ႔ အသင္းရဲ႕ ယာယီနည္းျပေဟာင္း ႐ိုင္ယန္ဂစ္က တုိက္စစ္မွဴး အက္ဒင္ဆန္ ကာဗာနီအေနနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္ကို ေခၚယူခဲ့တုန္းကလိုပဲ တူညီတဲ့ သက္ေရာက္မွဳနဲ႔ အက်ဳိးျပဳႏုိင္လိမ့္မယ္လုိ႔ ခန္႔မွန္းသြား။

– ဘြန္ဒက္စ္လီဂါကလပ္ မြန္ခ်န္ဂလာဘက္ခ်္မွာ ေျခစြမ္းျပေနခဲ့တဲ့ ဆြစ္ဇာလန္လက္ေရြးစင္ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီးယားကို ေခၚယူဖို႔ ခ်ဲလ္ဆီးအသင္းနဲ႔အၿပဳိင္ မန္ခ်က္စတာယူႏုိက္တက္အသင္း ဇန္နဝါရီမွာ ႀကဳိးစားသြားဖြယ္ရွိ။

– မန္ခ်က္စတာယူႏုိက္တက္ဆီ အငွားနဲ႔ ေရာက္ရွိေနတဲ့ တုိက္စစ္မွဴး အိုဒီယြန္ အီဂါလိုက ႏုိင္ဂ်ီးရီးယားအစိုးရဟာ ကမာၻ႕အလယ္မွာ အရွက္ရစရာလုပ္ရပ္ေတြကို က်ဴးလြန္ေနတယ္လုိ႔ ရဲအဖြဲ႕ရဲ႕ ဆႏၵျပသူေတြကို ၾကမ္းၾကမ္းတမ္းတမ္းကိုင္တြယ္ခဲ့ပုံကို ေဝဖန္။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ဒီရာသီကို အေပ်ာ္တမ္းအသင္းတစ္သင္းလို စတင္ခဲ့တယ္လို႔ ေဒးလီးစတားသတင္းဌာနက ေဝဖန္လိုက္ၿပီး လက္ရွိမွာေတာ့ ဆုိးလ္ရွားအေနနဲ႔ ျပန္လည္တည့္မတ္ႏုိင္ပုံေပၚေၾကာင္း သုံးသပ္။

– နယူးကာဆယ္လ္ယူႏုိက္တက္အသင္းအေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ အရန္ခုံတန္းမွာ လစာႀကီးႀကီးနဲ႔ ထိုင္တတ္တဲ့ အဂၤလန္ေနာက္ခံလူ ဖီးလ္ဂ်ဳံးစ္ကို ေခၚယူဖို႔ လာမယ့္ေဆာင္းရာသီအေျပာင္းအေရႊ႕ေဈးကြက္မွာ ႀကဳိးစားဖို႔ရွိေန။

– အဲရစ္ ဘိုင္လီဟာ တစ္ရာသီမွာ ႏွစ္ပြဲသုံးပြဲကစားၿပီး ပြဲ ၂၀-၃၀ ေလာက္ ဒဏ္ရာနဲ႔ အနားယူေနရတာဟာ တကယ့္ကို ရယ္စရာျဖစ္ၿပီး အသင္းအေနနဲ႔ အျမန္ဆုံး ေရာင္းခ်သြားဖို႔ ပရိသတ္ေတြက တိုက္တြန္းလုိက္ၿပီး “Mr. Glass”လုိ႔လည္း နာမည္ေပးသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားရဲ့ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ် ပြဿနာကို ထုတ်ပြောခဲ့တာဟာ သူ့ကို အပြစ်ပေးထားတဲ့ ကာလ ကုန်ဆုံးသွားပြီလို့ အရိပ်အမြွက်ဆိုလိုက်တာဖြစ်ကြောင်း ပရိသတ်တွေက ခန့်မှန်းနေကြပြီး ချဲလ်ဆီးနဲ့ပွဲမှာ ပါဝင်လာဖို့ မျှော်လင့်နေကြ။

– ယူနိုက်တက်ဂန္ထဝင်နဲ့ အသင်းရဲ့ ယာယီနည်းပြဟောင်း ရိုင်ယန်ဂစ်က တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီအနေနဲ့ ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူခဲ့တုန်းကလိုပဲ တူညီတဲ့ သက်ရောက်မှုနဲ့ အကျိုးပြုနိုင်လိမ့်မယ်လို့ ခန့်မှန်းသွား။

– ဘွန်ဒက်စ်လီဂါကလပ် မွန်ချန်ဂလာဘက်ချ်မှာ ခြေစွမ်းပြနေခဲ့တဲ့ ဆွစ်ဇာလန်လက်ရွေးစင်ကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းနဲ့အပြိုင် မန်ချက်စတာယူနိုက်တက်အသင်း ဇန်နဝါရီမှာ ကြိုးစားသွားဖွယ်ရှိ။

– မန်ချက်စတာယူနိုက်တက်ဆီ အငှားနဲ့ ရောက်ရှိနေတဲ့ တိုက်စစ်မှူး အိုဒီယွန် အီဂါလိုက နိုင်ဂျီးရီးယားအစိုးရဟာ ကမ္ဘာ့အလယ်မှာ အရှက်ရစရာလုပ်ရပ်တွေကို ကျူးလွန်နေတယ်လို့ ရဲအဖွဲ့ရဲ့ ဆန္ဒပြသူတွေကို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ခဲ့ပုံကို ဝေဖန်။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီကို အပျော်တမ်းအသင်းတစ်သင်းလို စတင်ခဲ့တယ်လို့ ဒေးလီးစတားသတင်းဌာနက ဝေဖန်လိုက်ပြီး လက်ရှိမှာတော့ ဆိုးလ်ရှားအနေနဲ့ ပြန်လည်တည့်မတ်နိုင်ပုံပေါ်ကြောင်း သုံးသပ်။

– နယူးကာဆယ်လ်ယူနိုက်တက်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အရန်ခုံတန်းမှာ လစာကြီးကြီးနဲ့ ထိုင်တတ်တဲ့ အင်္ဂလန်နောက်ခံလူ ဖီးလ်ဂျုံးစ်ကို ခေါ်ယူဖို့ လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကြိုးစားဖို့ရှိနေ။

– အဲရစ် ဘိုင်လီဟာ တစ်ရာသီမှာ နှစ်ပွဲသုံးပွဲကစားပြီး ပွဲ ၂၀-၃၀ လောက် ဒဏ်ရာနဲ့ အနားယူနေရတာဟာ တကယ့်ကို ရယ်စရာဖြစ်ပြီး အသင်းအနေနဲ့ အမြန်ဆုံး ရောင်းချသွားဖို့ ပရိသတ်တွေက တိုက်တွန်းလိုက်ပြီး “Mr. Glass”လို့လည်း နာမည်ပေးသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.