Premier League

ပရီးမီးယားလိဂ္ရဲ႕ နတ္အိုးကြဲလက္ေရြးစင္ ဆယ့္တစ္ေယာက္ကို ေရြးထုတ္ၾကည့္ျခင္း

ပရီးမီးယားလိဂ္ရဲ႕ ရာသီသစ္က ပြဲစဥ္ ၆ ကို ေရာက္ရွိလာခဲ့ခ်ိန္မွာေတာ့ နည္းျပေတြ တာဝန္ရွိသူေတြရဲ႕ ဆုံးျဖတ္ခ်က္ေတြနဲ႔ အသင္းရဲ႕ ဆက္သြယ္မွဳ ဧရိယာျပင္ပမွာ တစ္ပြဲမွ မကစားရေသးသူေတြရွိၿပီး ဒဏ္ရာမရွိ အေကာင္းပကတိေတြျဖစ္ၾကတဲ့ ဒီစာရင္းထဲက နာမည္ႀကီးေတြကို ေဒးလီးေမးလ္သတင္းဌာနက ၃-၅-၁-၁ ကစားကြက္နဲ႔ ေရြးခ်ယ္ထားသလို ဒီစာရင္းရဲ႕ နာမည္အႀကီးဆုံးလူကေတာ့ အာဆင္နယ္ရဲ႕ ပရီးမီးယားလိဂ္လူစာရင္း ၂၅ ဦးထဲက ခ်န္လွပ္ခံခဲ့ရတဲ့ ကြင္းလယ္လူ မီဆြတ္ အုိေဇးလ္ပဲျဖစ္ပါတယ္။

(ဂိုး) ဆာဂ်ီယို ႐ိုမဲ႐ိုး (မန္ခ်က္စတာယူႏုိက္တက္) – အာဂ်င္တီးနားအသင္းရဲ႕ ပထမဦးစားေပးဂိုးသမားဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ စတုတၳဦးစားေပးဂိုးသမားအျဖစ္ ပြဲကစားခြင့္ ေပ်ာက္ဆုံးေနသူပါ။ အသင္းက ထြက္ခြာဖို႔ ေတာင္းဆုိထားတဲ့ ႐ိုမဲ႐ိုးကို လက္ရွိမွာေတာ့ ပညာ႐ွိႏွိပ္စက္တဲ့ သေဘာနဲ႔ ေနာက္ဆုံးကို ပုိ႔ထားခဲ့တာျဖစ္ၿပီး ဇန္နဝါရီမွာ ဘာေတြ ျဖစ္လာမလဲ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

(ေနာက္တန္း) ဖီးလ္ ဂ်ဳံးစ္ (မန္ခ်က္စတာယူႏုိက္တက္)၊ ဆုိကရာတစ္ ပါပါစတာသိုပူးေလာ့စ္ (အာဆင္နယ္)၊ ဒန္နီ႐ို႕စ္ (ေတာ့တင္ဟမ္ေဟာ့စပါးစ္) – အုိးလ္ထရက္ဖို႔မွာ လခႀကီးႀကီးနဲ႔ အရန္ခုံထိုင္ေနရတာကို ေပ်ာ္လားလုိ႔ ေမးရမယ့္ အဂၤလန္ေနာက္ခံလူကေတာ့ Homegrown စာရင္းမွာ လူငယ္ေတြကို ဦးစားေပးခဲ့ရၿပီး ဒီစာရင္းထဲ ေရာက္လာတာျဖစ္သလို အာဆင္နယ္ရဲ႕ ဂရိသားကလည္း တူညီတဲ့ ျဖစ္စဥ္နဲ႔ ပရီးမီးယားလိဂ္နဲ႔ ေဝးကြာေနတာပါ။ ေမာ္ရင္ညဳိရဲ႕ အပယ္ခံ ဒန္နီ႐ို႕စ္ကလည္း အသင္းကေန အခ်ိန္မီ မထြက္ခြာႏုိင္ခဲ့လို႔ အေျခမလွျဖစ္ေနပါတယ္။

(အလယ္တန္း) မိုဟာမက္ ဘီဆစ္ (အဲဗာတန္)၊ ေဘာ့စနီးယားကြင္းလယ္လူဟာ ပရီးမီးယားလိဂ္နဲ႔ မစိမ္းတဲ့ နာမည္တစ္ခုျဖစ္ၿပီး အဲဗာတန္ကို ၂၀၁၆ က ေရာက္လာခဲ့သူျဖစ္ၿပီး အငွားထြက္ကစားရင္းပဲ အခ်ိန္ကုန္ေနရသူပါ။ ယြန္း-မီရွယ္ ဆယ္ရီ (ဖူလ္ဟမ္) အုိင္ဗရီကို႔စ္သားကေတာ့ ၂၀၁၈ ခုႏွစ္က အသင္းေျပာင္းမွားခဲ့ၿပီး လန္ဒန္မွာ က်ဆုံးခဲ့သလို မႏွစ္က ဂါလာတာစာေရးကို အငွားထြက္ကစားၿပီး ဒီႏွစ္မွာေတာ့ ေနရာေပ်ာက္ဆုံးေနခဲ့သူလည္း ျဖစ္ပါတယ္။

ေနာက္ထပ္ အလယ္တန္းေတြကေတာ့ အဲဗာတန္ရဲ႕ ယန္းနစ္ ဘုိလာစီ၊ နယူးကာဆယ္လ္ရဲ႕ အက္ဆူးနဲ႔ အက္စတန္ဗီလာရဲ႕ ဟင္နရီ လန္းစ္ဘာရီတုိ႔ျဖစ္ၾကပါတယ္။ ကြန္ဂိုေတာင္ပံကစားသမား ဘိုလာစီဟာ ေပါင္ ၂၅ သန္းတန္ခဲ့တယ္ဆုိတဲ့ ျဖစ္ရပ္က ဒဏၰာရီသာျဖစ္ေနသလို ဂါနာသားကေတာ့ စိန္႔ဂ်ိမ္းစ္ပါ့ခ္မွာ စိန္႔မက္ဇီမန္ေရာက္လာၿပီး စိန္႔ခ်င္းထပ္ ျမတ္ခ်ိန္မွာ ေနရာေပ်ာက္ဆုံးခဲ့ၿပီး အာဆင္နယ္အကယ္ဒမီထြက္ လန္းစ္ဘာရီကေတာ့ ဒင္းန္ စမစ္ရဲ႕ နာမည္ႀကီးေတြကို စုစည္းေနတဲ့ စီမံကိန္းမွာ ခ်န္ပီယံရွစ္ကေန တန္းတက္ဖို႔ လုပ္တုန္းက ႐ုန္းေပးခဲ့တာကို ေမ့ထားခံရသူလည္း ျဖစ္ပါတယ္။

ကြင္းလယ္ရဲ႕ ျမားဦးမွာေတာ့ အေထာင္တုိက္စစ္မွဴးရဲ႕ေနာက္က လုိက္ကစားမယ့္သူအျဖစ္ တစ္ပတ္ကို ေပါင္သုံးသိန္းခြဲရရွိေနတဲ့ အမ္းမရိတ္က အပယ္ခံ မီဆြတ္ အုိေဇးလ္ကို ေရြးခ်ယ္ထားပါတယ္။ ေဘာလုံးကစားနည္းနဲ႔ အာဆင္နယ္အသင္းထက္ အာ႐ုံမ်ားစရာ တျခားဝါသနာေတြ ရွိေသးတဲ့ တူရကီ-ဂ်ာမန္ဟာ ေျမာက္လန္ဒန္မွာေတာ့ ႏုိင္ငံေရး၊ ဘာသာေရးေတြနဲ႔ ပတ္သက္ၿပီး အာေခ်ာင္ထားမိလုိ႔ ေဈးကြက္စီးပြားေရးအရ ေခ်ာင္ထိုးခံခဲ့ရတာလုိ႔ အသံေတြလည္း ထြက္ေနပါတယ္။

အေထာင္တုိက္စစ္အတြက္ေတာ့ ပရီးမီးယားလိဂ္မွာ လူသိမ်ားတဲ့ တုိက္စစ္မွဴး ကြန္နာ ဝစ္ခမ္းကို ေရြးခ်ယ္ထားၿပီး သူကေတာ့ ခရစၥတယ္လ္ ပဲေလ့စ္ရဲ႕ ဆဲလ္ဟာ့စ္ပါ့ခ္မွာ အာယူး၊ ဘက္ရႊာယီ၊ ဘန္တီကီတုိ႔ရဲ႕ေနာက္ ေနရာေပ်ာက္ဆုံးေနသူပါ။ ဆန္ဒါးလန္းအသင္းရဲ႕ တစ္ရွိန္ထိုးေတာက္ပခဲ့တဲ့ Wonderkid ဟာ သူ႕ရဲ႕ ကစားသမားဘဝခရီးကို ေရြးခ်ယ္မွဳမွားခဲ့တယ္လုိ႔ ယူဆရၿပီး ဒဏ္ရာေတြနဲ႔ပါ ေပါင္းစပ္လုိက္ခ်ိန္မွာေတာ့ ငါးႏွစ္အတြင္း ပြဲ ၅၀ နဲ႔ ဘယ္သူမွ မယုံေတာ့တဲ့ ဘဝကို ေရာက္ရွိေနတာျဖစ္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ရဲ့ ရာသီသစ်က ပွဲစဉ် ၆ ကို ရောက်ရှိလာခဲ့ချိန်မှာတော့ နည်းပြတွေ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့ အသင်းရဲ့ ဆက်သွယ်မှု ဧရိယာပြင်ပမှာ တစ်ပွဲမှ မကစားရသေးသူတွေရှိပြီး ဒဏ်ရာမရှိ အကောင်းပကတိတွေဖြစ်ကြတဲ့ ဒီစာရင်းထဲက နာမည်ကြီးတွေကို ဒေးလီးမေးလ်သတင်းဌာနက ၃-၅-၁-၁ ကစားကွက်နဲ့ ရွေးချယ်ထားသလို ဒီစာရင်းရဲ့ နာမည်အကြီးဆုံးလူကတော့ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်လူစာရင်း ၂၅ ဦးထဲက ချန်လှပ်ခံခဲ့ရတဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ပဲဖြစ်ပါတယ်။

(ဂိုး) ဆာဂျီယို ရိုမဲရိုး (မန်ချက်စတာယူနိုက်တက်) – အာဂျင်တီးနားအသင်းရဲ့ ပထမဦးစားပေးဂိုးသမားဟာ မန်ချက်စတာယူနိုက်တက်ရဲ့ စတုတ္ထဦးစားပေးဂိုးသမားအဖြစ် ပွဲကစားခွင့် ပျောက်ဆုံးနေသူပါ။ အသင်းက ထွက်ခွာဖို့ တောင်းဆိုထားတဲ့ ရိုမဲရိုးကို လက်ရှိမှာတော့ ပညာရှိနှိပ်စက်တဲ့ သဘောနဲ့ နောက်ဆုံးကို ပို့ထားခဲ့တာဖြစ်ပြီး ဇန်နဝါရီမှာ ဘာတွေ ဖြစ်လာမလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

(နောက်တန်း) ဖီးလ် ဂျုံးစ် (မန်ချက်စတာယူနိုက်တက်)၊ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ် (အာဆင်နယ်)၊ ဒန်နီရို့စ် (တော့တင်ဟမ်ဟော့စပါးစ်) – အိုးလ်ထရက်ဖို့မှာ လခကြီးကြီးနဲ့ အရန်ခုံထိုင်နေရတာကို ပျော်လားလို့ မေးရမယ့် အင်္ဂလန်နောက်ခံလူကတော့ Homegrown စာရင်းမှာ လူငယ်တွေကို ဦးစားပေးခဲ့ရပြီး ဒီစာရင်းထဲ ရောက်လာတာဖြစ်သလို အာဆင်နယ်ရဲ့ ဂရိသားကလည်း တူညီတဲ့ ဖြစ်စဉ်နဲ့ ပရီးမီးယားလိဂ်နဲ့ ဝေးကွာနေတာပါ။ မော်ရင်ညိုရဲ့ အပယ်ခံ ဒန်နီရို့စ်ကလည်း အသင်းကနေ အချိန်မီ မထွက်ခွာနိုင်ခဲ့လို့ အခြေမလှဖြစ်နေပါတယ်။

(အလယ်တန်း) မိုဟာမက် ဘီဆစ် (အဲဗာတန်)၊ ဘော့စနီးယားကွင်းလယ်လူဟာ ပရီးမီးယားလိဂ်နဲ့ မစိမ်းတဲ့ နာမည်တစ်ခုဖြစ်ပြီး အဲဗာတန်ကို ၂၀၁၆ က ရောက်လာခဲ့သူဖြစ်ပြီး အငှားထွက်ကစားရင်းပဲ အချိန်ကုန်နေရသူပါ။ ယွန်း-မီရှယ် ဆယ်ရီ (ဖူလ်ဟမ်) အိုင်ဗရီကို့စ်သားကတော့ ၂၀၁၈ ခုနှစ်က အသင်းပြောင်းမှားခဲ့ပြီး လန်ဒန်မှာ ကျဆုံးခဲ့သလို မနှစ်က ဂါလာတာစာရေးကို အငှားထွက်ကစားပြီး ဒီနှစ်မှာတော့ နေရာပျောက်ဆုံးနေခဲ့သူလည်း ဖြစ်ပါတယ်။

နောက်ထပ် အလယ်တန်းတွေကတော့ အဲဗာတန်ရဲ့ ယန်းနစ် ဘိုလာစီ၊ နယူးကာဆယ်လ်ရဲ့ အက်ဆူးနဲ့ အက်စတန်ဗီလာရဲ့ ဟင်နရီ လန်းစ်ဘာရီတို့ဖြစ်ကြပါတယ်။ ကွန်ဂိုတောင်ပံကစားသမား ဘိုလာစီဟာ ပေါင် ၂၅ သန်းတန်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်က ဒဏ္ဏာရီသာဖြစ်နေသလို ဂါနာသားကတော့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ စိန့်မက်ဇီမန်ရောက်လာပြီး စိန့်ချင်းထပ် မြတ်ချိန်မှာ နေရာပျောက်ဆုံးခဲ့ပြီး အာဆင်နယ်အကယ်ဒမီထွက် လန်းစ်ဘာရီကတော့ ဒင်းန် စမစ်ရဲ့ နာမည်ကြီးတွေကို စုစည်းနေတဲ့ စီမံကိန်းမှာ ချန်ပီယံရှစ်ကနေ တန်းတက်ဖို့ လုပ်တုန်းက ရုန်းပေးခဲ့တာကို မေ့ထားခံရသူလည်း ဖြစ်ပါတယ်။

ကွင်းလယ်ရဲ့ မြားဦးမှာတော့ အထောင်တိုက်စစ်မှူးရဲ့နောက်က လိုက်ကစားမယ့်သူအဖြစ် တစ်ပတ်ကို ပေါင်သုံးသိန်းခွဲရရှိနေတဲ့ အမ်းမရိတ်က အပယ်ခံ မီဆွတ် အိုဇေးလ်ကို ရွေးချယ်ထားပါတယ်။ ဘောလုံးကစားနည်းနဲ့ အာဆင်နယ်အသင်းထက် အာရုံများစရာ တခြားဝါသနာတွေ ရှိသေးတဲ့ တူရကီ-ဂျာမန်ဟာ မြောက်လန်ဒန်မှာတော့ နိုင်ငံရေး၊ ဘာသာရေးတွေနဲ့ ပတ်သက်ပြီး အာချောင်ထားမိလို့ ဈေးကွက်စီးပွားရေးအရ ချောင်ထိုးခံခဲ့ရတာလို့ အသံတွေလည်း ထွက်နေပါတယ်။

အထောင်တိုက်စစ်အတွက်တော့ ပရီးမီးယားလိဂ်မှာ လူသိများတဲ့ တိုက်စစ်မှူး ကွန်နာ ဝစ်ခမ်းကို ရွေးချယ်ထားပြီး သူကတော့ ခရစ္စတယ်လ် ပဲလေ့စ်ရဲ့ ဆဲလ်ဟာ့စ်ပါ့ခ်မှာ အာယူး၊ ဘက်ရွှာယီ၊ ဘန်တီကီတို့ရဲ့နောက် နေရာပျောက်ဆုံးနေသူပါ။ ဆန်ဒါးလန်းအသင်းရဲ့ တစ်ရှိန်ထိုးတောက်ပခဲ့တဲ့ Wonderkid ဟာ သူ့ရဲ့ ကစားသမားဘဝခရီးကို ရွေးချယ်မှုမှားခဲ့တယ်လို့ ယူဆရပြီး ဒဏ်ရာတွေနဲ့ပါ ပေါင်းစပ်လိုက်ချိန်မှာတော့ ငါးနှစ်အတွင်း ပွဲ ၅၀ နဲ့ ဘယ်သူမှ မယုံတော့တဲ့ ဘဝကို ရောက်ရှိနေတာဖြစ်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.