Match Report Premier League UCL&UEL

ရက္ပစ္ ဗီယင္နာကို ေနာက္ကေန ဂိုးေတြ လုိက္သြင္းၿပီး အႏုိင္ရတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ကစားသမားသစ္ ေသာမတ္စ္ ပါေတးနဲ႔ အယ္လ္နန္နီကို ကြင္းလယ္အထိုင္မွာထည့္သြင္းခဲ့ၿပီး ေရွ႕မွာေတာ့ ထုံးစံအတုိင္း တုိက္စစ္ကို ေပေပ၊ လာကာဇက္နဲ႔ နကီးတီးယားတို႔က တာဝန္ယူခဲ့ပါတယ္။

ပရိသတ္ သုံးေထာင္အားနဲ႔ အိမ္ရွင္ေတြရဲ႕ ခပ္ၾကမ္းၾကမ္းကစားပုံေၾကာင့္ အာဆင္နယ္တုိ႔ ထိထိေရာက္ေရာက္ အလုပ္လုပ္မလုပ္ႏိုင္ခဲ့ဘဲ VAR မပါတဲ့ အုပ္စုအဆင့္နဲ႔ Card Happy ဒိုင္လူႀကီးတုိ႔ကလည္း အာဆင္နယ္ကို ဒုကၡေပးခဲ့သလို ေပေပနဲ႔ နကီးတီးယားတုိ႔ရဲ႕ ေတာင္ပံတုိက္စစ္ေတြကလည္း မသပ္မရပ္နဲ႔ ရင္ခုန္စရာ မေကာင္းခဲ့တာပါ။

ပြဲခ်ိန္ ၁၅ မိနစ္မွာ ဆီးဒရစ္ရဲ႕ ဖရီးကစ္က ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ ေခါင္းတုိက္ခ်က္ကို ဗီယင္နာဂိုးသမား ကာကြယ္ခဲ့ရသလို သုံးမိနစ္အၾကာမွာေတာ့ ဗီယင္နာဘက္က ထိုးေဖာက္မွဳက ေနာက္တန္းေတြၾကားကေန ေခ်ာ္ထြက္လာတာကို လီႏို အသည္းအသန္ ကာကြယ္သြားခဲ့ရပါတယ္။

ေပေပကေတာ့ ဗီယင္နာေနာက္တန္းကို သူ႕ရဲ႕ အတုိးအလွဳပ္ေတြနဲ႔ ထိုးေဖာက္ဖို႔ ႀကဳိးစားခဲ့ေပမယ့္ ေဘာလုံးလြတ္ရင္ လူမလြတ္ေစနဲ႔ဆုိတဲ့ ပုံစံနဲ႔ တုံ႔ျပန္ခဲ့တဲ့ အိမ္ရွင္ေတြေၾကာင့္ အဆင္မေျပခဲ့ဘဲ ပထမပုိင္းကေတာ့ ဂိုးမရွိသေရနဲ႔ ၿပီးဆုံးခဲ့ပါတယ္။

ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ေဒးဗစ္ လူးဝစ္ဇ္ ျပန္ေပးတဲ့ ေဘာလုံးကို ရွင္းထုတ္ရမယ့္အစား အက်ပ္ထဲကေန လူျပန္ေပးဖို႔ ႀကဳိးစားတဲ့ လီႏိုရဲ႕ အမွားကေန ဂရိတုိက္စစ္မွဴး ေဖာင္တက္စ္က ကန္သြင္းယူခဲ့ရာမွာ အခ်ိန္မီ မကာကြယ္ႏုိင္ေတာ့လို႔ အိမ္ရွင္ေတြ အဖြင့္ဂိုး ရခဲ့ပါတယ္။

ဒါေၾကာင့္ အာတီတာအေနနဲ႔ အူဘာမီယန္းနဲ႔ ဘယ္လာရင္ကို ထည့္ၿပီး တုိက္စစ္ျမႇင့္ခဲ့ရာမွာ ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ညာျခမ္းမွာ ရရွိခဲ့တဲ့ ဖရီးကစ္ကို ေပေပ ကန္တင္ေပးတာမွာ ေဒးဗစ္ လူးဝစ္ဇ္က လြတ္လြတ္ကၽြတ္ကၽြတ္ ေခါင္းတုိက္ခြင့္ရခဲ့လုိ႔ ေခ်ပဂိုး ရယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ အယ္လ္နန္နီရဲ႕ တိက်တဲ့ ေပးပုိ႔မွဳကေန ဘယ္လာရင္က လူကၽြံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး ခ်ိန္သားကိုက္ ေျပးဝင္ခ်ဳိးေပးတာကေန ဂိုးေပါက္ေပ်ာက္ေနတဲ့ အူဘာမီယန္းက သာသာယာယာပဲ ပိတ္သြင္းခြင့္ရခဲ့ၿပီး အာဆင္နယ္တုိ႔အတြက္ အႏုိင္ဂိုးကို ရွာေဖြေပးႏုိင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာေတာ့ အာဆင္နယ္ဂိုးသမား လီႏိုရဲ႕ ၿပဳိင္ဘက္မရွိတဲ့ အေျခအေနေၾကာင့္ ေပါ့ေပါ့ဆဆ လုပ္ေနတဲ့ ပုံစံေတြကို ကၽြမ္းက်င္သူေတြက ေဝဖန္သြားခဲ့ၾကသလို Rating သတ္မွတ္တဲ့သူေတြကလည္း သာမန္ေအာက္မွာသာ ေပးခဲ့ၾကၿပီး ကြင္းလယ္လူ ေသာမတ္စ္ ပါေတး၊ ေနာက္ခံလူ ဂါဘရီယယ္လ္နဲ႔ လူစားဝင္ အႏုိင္ဂိုးရွင္ အူဘာမီယန္းတုိ႔ကေတာ့ ခ်ီးက်ဴးခံခဲ့ၾကရေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ကစားသမားသစ် သောမတ်စ် ပါတေးနဲ့ အယ်လ်နန်နီကို ကွင်းလယ်အထိုင်မှာထည့်သွင်းခဲ့ပြီး ရှေ့မှာတော့ ထုံးစံအတိုင်း တိုက်စစ်ကို ပေပေ၊ လာကာဇက်နဲ့ နကီးတီးယားတို့က တာဝန်ယူခဲ့ပါတယ်။

ပရိသတ် သုံးထောင်အားနဲ့ အိမ်ရှင်တွေရဲ့ ခပ်ကြမ်းကြမ်းကစားပုံကြောင့် အာဆင်နယ်တို့ ထိထိရောက်ရောက် အလုပ်လုပ်မလုပ်နိုင်ခဲ့ဘဲ VAR မပါတဲ့ အုပ်စုအဆင့်နဲ့ Card Happy ဒိုင်လူကြီးတို့ကလည်း အာဆင်နယ်ကို ဒုက္ခပေးခဲ့သလို ပေပေနဲ့ နကီးတီးယားတို့ရဲ့ တောင်ပံတိုက်စစ်တွေကလည်း မသပ်မရပ်နဲ့ ရင်ခုန်စရာ မကောင်းခဲ့တာပါ။

ပွဲချိန် ၁၅ မိနစ်မှာ ဆီးဒရစ်ရဲ့ ဖရီးကစ်က ဒေးဗစ် လူးဝစ်ဇ်ရဲ့ ခေါင်းတိုက်ချက်ကို ဗီယင်နာဂိုးသမား ကာကွယ်ခဲ့ရသလို သုံးမိနစ်အကြာမှာတော့ ဗီယင်နာဘက်က ထိုးဖောက်မှုက နောက်တန်းတွေကြားကနေ ချော်ထွက်လာတာကို လီနို အသည်းအသန် ကာကွယ်သွားခဲ့ရပါတယ်။

ပေပေကတော့ ဗီယင်နာနောက်တန်းကို သူ့ရဲ့ အတိုးအလှုပ်တွေနဲ့ ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးလွတ်ရင် လူမလွတ်စေနဲ့ဆိုတဲ့ ပုံစံနဲ့ တုံ့ပြန်ခဲ့တဲ့ အိမ်ရှင်တွေကြောင့် အဆင်မပြေခဲ့ဘဲ ပထမပိုင်းကတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

ပွဲချိန် ၅၁ မိနစ်မှာတော့ ဒေးဗစ် လူးဝစ်ဇ် ပြန်ပေးတဲ့ ဘောလုံးကို ရှင်းထုတ်ရမယ့်အစား အကျပ်ထဲကနေ လူပြန်ပေးဖို့ ကြိုးစားတဲ့ လီနိုရဲ့ အမှားကနေ ဂရိတိုက်စစ်မှူး ဖောင်တက်စ်က ကန်သွင်းယူခဲ့ရာမှာ အချိန်မီ မကာကွယ်နိုင်တော့လို့ အိမ်ရှင်တွေ အဖွင့်ဂိုး ရခဲ့ပါတယ်။

ဒါကြောင့် အာတီတာအနေနဲ့ အူဘာမီယန်းနဲ့ ဘယ်လာရင်ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ရာမှာ ပွဲချိန် မိနစ် ၇၀ မှာတော့ ညာခြမ်းမှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို ပေပေ ကန်တင်ပေးတာမှာ ဒေးဗစ် လူးဝစ်ဇ်က လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရခဲ့လို့ ချေပဂိုး ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ အယ်လ်နန်နီရဲ့ တိကျတဲ့ ပေးပို့မှုကနေ ဘယ်လာရင်က လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ချိန်သားကိုက် ပြေးဝင်ချိုးပေးတာကနေ ဂိုးပေါက်ပျောက်နေတဲ့ အူဘာမီယန်းက သာသာယာယာပဲ ပိတ်သွင်းခွင့်ရခဲ့ပြီး အာဆင်နယ်တို့အတွက် အနိုင်ဂိုးကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာတော့ အာဆင်နယ်ဂိုးသမား လီနိုရဲ့ ပြိုင်ဘက်မရှိတဲ့ အခြေအနေကြောင့် ပေါ့ပေါ့ဆဆ လုပ်နေတဲ့ ပုံစံတွေကို ကျွမ်းကျင်သူတွေက ဝေဖန်သွားခဲ့ကြသလို Rating သတ်မှတ်တဲ့သူတွေကလည်း သာမန်အောက်မှာသာ ပေးခဲ့ကြပြီး ကွင်းလယ်လူ သောမတ်စ် ပါတေး၊ နောက်ခံလူ ဂါဘရီယယ်လ်နဲ့ လူစားဝင် အနိုင်ဂိုးရှင် အူဘာမီယန်းတို့ကတော့ ချီးကျူးခံခဲ့ကြရကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.