Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂၁.၁၀.၂၀၂၀

– ပရီးမီးယားလိဂ္နဲ႔ အာဆင္နယ္အသင္းဆီကို ေရာက္လာဖို႔အတြက္ သူ႕အေနနဲ႔ ေဆြးေႏြးမွဳေတြ မစတင္ခင္မွာ လုိင္လီအသင္းကေန အမ္းမရိတ္ကို ေရာက္ေနခဲ့တဲ့ အသင္းေဖာ္ေဟာင္း နီကိုလာ ေပေပဆီကို ဖုန္းဆက္ခဲ့ၿပီး သူ႕ရဲ႕ စကားက ဒီအသင္းကို ေရာက္လာဖို႔ အေရးပါခဲ့တယ္လို႔ ေနာက္ခံလူ ဂါဘရီယယ္လ္ ေျပာၾကား။

– အာဆင္နယ္အသင္းရဲ႕ ပရီးမီးယားလိဂ္လူစာရင္းကပါ ဖယ္ရွားခံခဲ့ရတဲ့ ဂရိေနာက္ခံလူ ဆိုကရာတစ္နဲ႔ ဂ်ာမန္ကြင္းလယ္လူ အုိေဇးလ္တုိ႔အေနနဲ႔ ဇန္နဝါရီမွာ အသင္းကေန ျဖစ္ႏုိင္ဖြယ္ ထြက္ခြာမွဳေတြ မျပဳလုပ္ခင္မွာ ကာရာေဘာင္းဖလားပြဲ တစ္ပြဲကလြဲရင္ ကစားခြင့္ရွိမွာ မဟုတ္ေတာ့ေၾကာင္း သိရ။

– ဘီဘီစီရဲ႕ ေဘာလုံးကၽြမ္းက်င္သူတစ္ဦးအျဖစ္ ေဆာင္ရြက္ေနခဲ့တဲ့ ပဲေလ့စ္တုိက္စစ္မွဴးေဟာင္း ကလင္တန္ ေမာ္ရစ္ဆန္က အာဆင္နယ္အသင္းကေန ထြက္ခြာသြားခဲ့တဲ့ ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ဟာ လက္ရွိဂိုးသမား ဘန္းဒ္ လီႏုိထက္ သာလြန္တယ္လုိ႔ ေျပာၾကားလိုက္ၿပီး အက္စတန္ဗီလာရဲ႕ ေခၚယူမွဳေကာင္းတစ္ခုလုိ႔ဆုိ။

– အာဆင္နယ္ကြင္းလယ္လူ ဂရာနစ္ ခ်ာကာက အသင္းကို ေရာက္ရွိလာခဲ့တဲ့ ကြင္းလယ္ကစားသမားသစ္ ေသာမတ္စ္ ပါေတးဟာ ႏုိင္လိုစိတ္ ျပင္းျပသူျဖစ္ၿပီး အသင္းမွာ လိုအပ္ေနခဲ့တဲ့သူျဖစ္သလို အသင္းေဖာ္ေတြကိုလည္း ေမာင္းႏွင္ေပးမယ့္သူလို႔ ခ်ီးက်ဴး။

– အာဆင္နယ္အသင္းအေနနဲ႔ ဇန္နဝါရီမွာ အေျပာင္းအေရႊ႕ဘတ္ဂ်က္ကို တစ္နည္းတစ္လမ္းနဲ႔ ဖန္တီးႏုိင္ခဲ့ရင္ ေခၚယူသင့္တဲ့သူေတြအျဖစ္ ဆဲလ္တစ္တုိက္စစ္မွဴး ေအဒူယာ၊ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္တုိက္စစ္မွဴး ဒါကာနဲ႔ ကြင္းလယ္လူ ဆိုေဘာ့ဆ္လိုင္း၊ လီယြန္ကြင္းလယ္လူ ေအာဝါတုိ႔ကို အားျဖည့္ဖို႔ ကၽြမ္းက်င္သူေတြ အႀကံျပဳထား။

– လက္စတာအသင္းရဲ႕ ေနာက္ခံလူသစ္ ဝက္စလီ ဖိုဖာနာ ေျခစြမ္းျပေနႏုိင္တဲ့ေနာက္မွာ အာဆင္နယ္အသင္းအေနနဲ႔ သူနဲ႔အတူ စိန္႔အက္တီယန္မွာ အတြဲညီခဲ့တဲ့ အသင္းေဖာ္ ဝီလီယမ္ ဆာလီဘာကို ယုံၾကည္မွဳေပးသင့္ၿပီျဖစ္ေၾကာင္း အက္သလက္တစ္ရဲ႕ ေဒးဗစ္ အြန္းစတိန္း တုိက္တြန္းသြား။

– သူ႕ရဲ႕ အာဆင္နယ္ေနာက္ဆုံးေန႔ရက္ေတြမွာ ဘုတ္အဖြဲ႕ဝင္တခ်ဳိ႕ရဲ႕ ဆက္ဆံပုံက ေအးစက္လြန္းခဲ့ၿပီး ေကာ္လ္နီေလ့က်င့္ေရးကြင္းနဲ႔ အမ္းမရိတ္ကြင္းေတြကို ကိုယ္တုိင္ဝင္ၿပီး အုတ္မစီ႐ုံ တည္ေဆာက္ေပးခဲ့တဲ့ သူ႕ကို ဆက္ဆံပုံက မမွ်တလြန္းဘူးလို႔ အာဆင္ဝင္းဂါး ထုတ္ေဖာ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ပရီးမီးယားလိဂ်နဲ့ အာဆင်နယ်အသင်းဆီကို ရောက်လာဖို့အတွက် သူ့အနေနဲ့ ဆွေးနွေးမှုတွေ မစတင်ခင်မှာ လိုင်လီအသင်းကနေ အမ်းမရိတ်ကို ရောက်နေခဲ့တဲ့ အသင်းဖော်ဟောင်း နီကိုလာ ပေပေဆီကို ဖုန်းဆက်ခဲ့ပြီး သူ့ရဲ့ စကားက ဒီအသင်းကို ရောက်လာဖို့ အရေးပါခဲ့တယ်လို့ နောက်ခံလူ ဂါဘရီယယ်လ် ပြောကြား။

– အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်လူစာရင်းကပါ ဖယ်ရှားခံခဲ့ရတဲ့ ဂရိနောက်ခံလူ ဆိုကရာတစ်နဲ့ ဂျာမန်ကွင်းလယ်လူ အိုဇေးလ်တို့အနေနဲ့ ဇန်နဝါရီမှာ အသင်းကနေ ဖြစ်နိုင်ဖွယ် ထွက်ခွာမှုတွေ မပြုလုပ်ခင်မှာ ကာရာဘောင်းဖလားပွဲ တစ်ပွဲကလွဲရင် ကစားခွင့်ရှိမှာ မဟုတ်တော့ကြောင်း သိရ။

– ဘီဘီစီရဲ့ ဘောလုံးကျွမ်းကျင်သူတစ်ဦးအဖြစ် ဆောင်ရွက်နေခဲ့တဲ့ ပဲလေ့စ်တိုက်စစ်မှူးဟောင်း ကလင်တန် မော်ရစ်ဆန်က အာဆင်နယ်အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ဟာ လက်ရှိဂိုးသမား ဘန်းဒ် လီနိုထက် သာလွန်တယ်လို့ ပြောကြားလိုက်ပြီး အက်စတန်ဗီလာရဲ့ ခေါ်ယူမှုကောင်းတစ်ခုလို့ဆို။

– အာဆင်နယ်ကွင်းလယ်လူ ဂရာနစ် ချာကာက အသင်းကို ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်ကစားသမားသစ် သောမတ်စ် ပါတေးဟာ နိုင်လိုစိတ် ပြင်းပြသူဖြစ်ပြီး အသင်းမှာ လိုအပ်နေခဲ့တဲ့သူဖြစ်သလို အသင်းဖော်တွေကိုလည်း မောင်းနှင်ပေးမယ့်သူလို့ ချီးကျူး။

– အာဆင်နယ်အသင်းအနေနဲ့ ဇန်နဝါရီမှာ အပြောင်းအရွှေ့ဘတ်ဂျက်ကို တစ်နည်းတစ်လမ်းနဲ့ ဖန်တီးနိုင်ခဲ့ရင် ခေါ်ယူသင့်တဲ့သူတွေအဖြစ် ဆဲလ်တစ်တိုက်စစ်မှူး အေဒူယာ၊ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်တိုက်စစ်မှူး ဒါကာနဲ့ ကွင်းလယ်လူ ဆိုဘော့ဆ်လိုင်း၊ လီယွန်ကွင်းလယ်လူ အောဝါတို့ကို အားဖြည့်ဖို့ ကျွမ်းကျင်သူတွေ အကြံပြုထား။

– လက်စတာအသင်းရဲ့ နောက်ခံလူသစ် ဝက်စလီ ဖိုဖာနာ ခြေစွမ်းပြနေနိုင်တဲ့နောက်မှာ အာဆင်နယ်အသင်းအနေနဲ့ သူနဲ့အတူ စိန့်အက်တီယန်မှာ အတွဲညီခဲ့တဲ့ အသင်းဖော် ဝီလီယမ် ဆာလီဘာကို ယုံကြည်မှုပေးသင့်ပြီဖြစ်ကြောင်း အက်သလက်တစ်ရဲ့ ဒေးဗစ် အွန်းစတိန်း တိုက်တွန်းသွား။

– သူ့ရဲ့ အာဆင်နယ်နောက်ဆုံးနေ့ရက်တွေမှာ ဘုတ်အဖွဲ့ဝင်တချို့ရဲ့ ဆက်ဆံပုံက အေးစက်လွန်းခဲ့ပြီး ကော်လ်နီလေ့ကျင့်ရေးကွင်းနဲ့ အမ်းမရိတ်ကွင်းတွေကို ကိုယ်တိုင်ဝင်ပြီး အုတ်မစီရုံ တည်ဆောက်ပေးခဲ့တဲ့ သူ့ကို ဆက်ဆံပုံက မမျှတလွန်းဘူးလို့ အာဆင်ဝင်းဂါး ထုတ်ဖော်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.