Premier League UCL&UEL

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၂၁.၁၀.၂၀၂၀

– ပီအက္စ္ဂ်ီအသင္းကို အေဝးကြင္းမွာ အႏုိင္ရခဲ့တာဟာ နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားရဲ႕ မွန္ကန္တဲ့ နည္းဗ်ဴဟာပုိင္းေၾကာင့္ျဖစ္ေၾကာင္း အႏုိင္ဂိုးရွင္တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ခ်ီးက်ဴးလုိက္ၿပီး အသင္းအေနနဲ႔ တုိက္စစ္ခံစစ္ကို ဟန္ခ်က္ညီညီကစားႏုိင္ခဲ့တယ္လုိ႔ဆုိ။

– ဂိုးသမား ေဒးဗစ္ ဒေဟးယား ပီအက္စ္ဂ်ီနဲ႔ပြဲက တစ္ဖက္အသင္းရဲ႕ ထုိးေဖာက္ကန္သြင္းခ်က္ေတြကို ကာကြယ္သြားတဲ့ လက္စြမ္းကို ပရိသတ္ေတြ ခ်ီးက်ဴးခဲ့ၾကၿပီး အန္တိုနီ မာစီယယ္လ္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမွဳသာ မရွိခဲ့ရင္ Clean Sheet ရမယ့္ ခံစစ္ကိုလည္း ပုိင္ဆုိင္ခဲ့။

– ပီအက္စ္ဂ်ီအသင္းကို အေဝးကြင္းမွာ အႏုိင္ရလုိက္တာဟာ ၿပဳိင္ပြဲစုံမွာ အေဝးကြင္းေနာက္ဆုံးဆယ္ပြဲဆက္ အႏုိင္ရရွိမွဳလည္းျဖစ္ၿပီး မန္ခ်က္စတာယူႏုိက္တက္အဖို႔ သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ရရွိခဲ့တဲ့ မွတ္တမ္းေကာင္းတစ္ခုလည္းျဖစ္ခဲ့။

– မ်က္စိမွဳန္တဲ့ ျပႆနာရွိေနလို႔ မ်က္ကပ္မွန္တပ္ကစားေနရတဲ့ ကြင္းလယ္လူ စေကာ့ မက္ေတာ္မီေနးအေနနဲ႔ ပီအက္စ္ဂ်ီနဲ႔ ပထမပိုင္းမွာ မ်က္ကပ္မွန္တစ္ခုကို ဆုံးရွဳံးခဲ့ရၿပီး တစ္ဖက္သာ ေသေသခ်ာခ်ာျမင္ၿပီး ကစားခဲ့ရေပမယ့္ ကစားပုံေကာင္းမြန္ခဲ့တယ္လုိ႔ နည္းျပ ဆုိးလ္ရွား ခ်ီးက်ဴး။

– ေနာက္ခံလူသစ္ အဲလက္စ္ တဲလက္စ္ရဲ႕ ပီအက္စ္ဂ်ီနဲ႔ ပြဲမွာ ျပသခဲ့တဲ့ ေျခစြမ္းကို တုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ ခ်ီးက်ဴးသြားၿပီး ဘရာဇီးလ္ လက္ေရြးစင္အေနနဲ႔ ဘယ္ေတာင္ပံမွာ အတက္အဆင္း ကစားပုံေကာင္းခဲ့သလို တည္ကန္ေဘာေတြမွာလည္း တိက်ခဲ့။

– ဒုတိယပုိင္းမွာ သူတုိ႔ရဲ႕ အႏုိင္ဂိုးလိုခ်င္လုိ႔ ဖိကစားခဲ့တဲ့ ပုံစံကို နည္းျပ ဆုိးလ္ရွားအေနနဲ႔ အခြင့္ေကာင္းယူသြားၿပီး တန္ျပန္တုိက္စစ္ေတြနဲ႔ ထိုးႏွက္သြားခဲ့ပုံက ပါးနပ္မွဳကို ျပသခဲ့တာျဖစ္ေၾကာင္း ပီအက္စ္ဂ်ီရဲ႕ ယူႏုိက္တက္ကြင္းလယ္လူေဟာင္း အန္ဒါ ဟာရဲရား ခ်ီးက်ဴး။

– အန္တိုနီ မာစီယယ္လ္ကေတာ့ အသင္းနဲ႔ မွတ္တမ္းဆုိးကို ေရးထိုးသြားခဲ့ၿပီး ပီအက္စ္ဂ်ီအတြက္ Parc des Princes မွာ Own Goal သြင္းေပးတဲ့ ဒုတိယျပင္သစ္ကစားသမားျဖစ္လာခဲ့သလို ယူႏုိက္တက္အတြက္ ၉ ဂိုးေျမာက္ ကိုယ့္ဂိုးကိုယ္သြင္းမွဳနဲ႔ ခ်န္ပီယံလိဂ္ရဲ႕ စံခ်ိန္ဆုိးျဖစ္ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ပီအက်စ်ဂျီအသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တာဟာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ မှန်ကန်တဲ့ နည်းဗျူဟာပိုင်းကြောင့်ဖြစ်ကြောင်း အနိုင်ဂိုးရှင်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က ချီးကျူးလိုက်ပြီး အသင်းအနေနဲ့ တိုက်စစ်ခံစစ်ကို ဟန်ချက်ညီညီကစားနိုင်ခဲ့တယ်လို့ဆို။

– ဂိုးသမား ဒေးဗစ် ဒဟေးယား ပီအက်စ်ဂျီနဲ့ပွဲက တစ်ဖက်အသင်းရဲ့ ထိုးဖောက်ကန်သွင်းချက်တွေကို ကာကွယ်သွားတဲ့ လက်စွမ်းကို ပရိသတ်တွေ ချီးကျူးခဲ့ကြပြီး အန်တိုနီ မာစီယယ်လ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုသာ မရှိခဲ့ရင် Clean Sheet ရမယ့် ခံစစ်ကိုလည်း ပိုင်ဆိုင်ခဲ့။

– ပီအက်စ်ဂျီအသင်းကို အဝေးကွင်းမှာ အနိုင်ရလိုက်တာဟာ ပြိုင်ပွဲစုံမှာ အဝေးကွင်းနောက်ဆုံးဆယ်ပွဲဆက် အနိုင်ရရှိမှုလည်းဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အဖို့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရရှိခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုလည်းဖြစ်ခဲ့။

– မျက်စိမှုန်တဲ့ ပြဿနာရှိနေလို့ မျက်ကပ်မှန်တပ်ကစားနေရတဲ့ ကွင်းလယ်လူ စကော့ မက်တော်မီနေးအနေနဲ့ ပီအက်စ်ဂျီနဲ့ ပထမပိုင်းမှာ မျက်ကပ်မှန်တစ်ခုကို ဆုံးရှုံးခဲ့ရပြီး တစ်ဖက်သာ သေသေချာချာမြင်ပြီး ကစားခဲ့ရပေမယ့် ကစားပုံကောင်းမွန်ခဲ့တယ်လို့ နည်းပြ ဆိုးလ်ရှား ချီးကျူး။

– နောက်ခံလူသစ် အဲလက်စ် တဲလက်စ်ရဲ့ ပီအက်စ်ဂျီနဲ့ ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကို တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ချီးကျူးသွားပြီး ဘရာဇီးလ် လက်ရွေးစင်အနေနဲ့ ဘယ်တောင်ပံမှာ အတက်အဆင်း ကစားပုံကောင်းခဲ့သလို တည်ကန်ဘောတွေမှာလည်း တိကျခဲ့။

– ဒုတိယပိုင်းမှာ သူတို့ရဲ့ အနိုင်ဂိုးလိုချင်လို့ ဖိကစားခဲ့တဲ့ ပုံစံကို နည်းပြ ဆိုးလ်ရှားအနေနဲ့ အခွင့်ကောင်းယူသွားပြီး တန်ပြန်တိုက်စစ်တွေနဲ့ ထိုးနှက်သွားခဲ့ပုံက ပါးနပ်မှုကို ပြသခဲ့တာဖြစ်ကြောင်း ပီအက်စ်ဂျီရဲ့ ယူနိုက်တက်ကွင်းလယ်လူဟောင်း အန်ဒါ ဟာရဲရား ချီးကျူး။

– အန်တိုနီ မာစီယယ်လ်ကတော့ အသင်းနဲ့ မှတ်တမ်းဆိုးကို ရေးထိုးသွားခဲ့ပြီး ပီအက်စ်ဂျီအတွက် Parc des Princes မှာ Own Goal သွင်းပေးတဲ့ ဒုတိယပြင်သစ်ကစားသမားဖြစ်လာခဲ့သလို ယူနိုက်တက်အတွက် ၉ ဂိုးမြောက် ကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့ ချန်ပီယံလိဂ်ရဲ့ စံချိန်ဆိုးဖြစ်ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.