Premier League

မန္ခ်က္စတာစီးတီးရဲ႕ ေနာက္ဆုံးရ ညပုိင္းသတင္းမ်ား စုစည္းမွဳ

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ တုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုကို အစားထိုးဖို႔ဆုိရင္ ပီအက္စ္ဂ်ီရဲ႕ ေပါင္ ၁၆၂ သန္းတန္ တုိက္စစ္မွဴး ခိုင္လ်န္ အမ္ဘာေပတစ္ဦးတည္းကသာ သင့္ေလ်ာ္မွာျဖစ္တယ္လုိ႔ အေျပာင္းအေရႊ႕ခန္႔မွန္းသူ ဒန္ကန္ ကတ္ဆယ္လ္ေျပာၾကား။

– အာဆင္နယ္နဲ႔ပြဲမွာ အမ်ဳိးသမီးလက္ေထာက္ဒိုင္ရဲ႕ လည္ပင္းကို ကိုင္ခဲ့တဲ့ ဆာဂ်ီယို အေဂြ႐ိုရဲ႕ လုပ္ရပ္ဟာ စိတ္ပ်က္စရာျဖစ္ၿပီး တာဝန္ရွိသူတစ္ဦးကို ႏွိမ္ခ်ဆက္ဆံခ်င္တဲ့ ပုံစံျဖစ္တယ္လို႔ ဒတ္ခ်္ဂ်ာနယ္လစ္ ဒရီးစ္ဆန္က ဆုိလိုက္သလို ဒီလိုအမွတ္ေပးၿပဳိင္ပြဲႀကီးမွာ ဒါကို အေရးမယူဘူးဆုိတာက မျဖစ္သင့္ဘူးလို႔လည္း ေဝဖန္။

– စကိုင္းစပုိ႔စ္ရဲ႕ ေဘာလုံးကၽြမ္းက်င္သူတစ္ဦးျဖစ္တဲ့ ဂယ္ရီ နဗီးလ္က မန္ခ်က္စတာစီးတီး တုိက္စစ္မွဴး အေဂြ႐ိုအေနနဲ႔ သူ႕အမွားကို သူသိၿပီး လက္ေထာက္ဒိုင္ ဆီယန္ မက္ဆီ-အဲလစၥကို ေလးေလးစားစား ေတာင္းပန္ဖို႔ တုိက္တြန္းသြားခဲ့။

– လီဗာပူးလ္ကစားသမားေဟာင္း ေဂ်မီ ကာေရဂါက အသင္းေဟာင္းရဲ႕ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ရဲ႕ ရာသီကုန္အထိ နားရေတာ့မယ့္ ဒဏ္ရာဟာ ခ်န္ပီယံဆုအတြက္ စိန္ေခၚႏုိင္မယ့္အသင္းေတြ ပုိမိုမ်ားျပားလာေစေၾကာင္းနဲ႔ ခ်န္ပီယံကာကြယ္ဖို႔ ခက္ခဲေစေၾကာင္း သုံးသပ္။

– ဂ်ဴဗင္တပ္စ္အသင္းရဲ႕ နည္းျပအျဖစ္ ဒီရာသီမွာ ခန္႔အပ္ခံခဲ့ရတဲ့ ကြင္းလယ္လူေဟာင္း အန္ဒရီးယား ပီယာလိုက သူ႕အေနနဲ႔ မန္စီးတီး နည္းျပ ပက္ပ္ ဂြါဒီယိုလာရဲ႕ ေျခရာကို နင္းႏုိင္ဖို႔ ႀကဳိးစားသြားမွာျဖစ္ၿပီး သူဟာ နည္းျပတုိင္းရဲ႕ အတုယူစရာျဖစ္တယ္လုိ႔ဆုိ။

– အာဆင္နယ္အသင္းနဲ႔ ကစားရတာဟာ တကယ္ပဲ ခက္ခဲခဲ့သလို သူတုိ႔အေနနဲ႔လည္း အခြင့္အေရးေတြ ျပန္ေပးခဲ့ရေၾကာင္း၊ ၾကည့္ရတာ မီခယ္လ္ (အာတီတာ)ရဲ႕ အသင္းဟာ ေတာ္ေတာ္ေလးကို ေကာင္းမြန္ေအာင္ ေလ့က်င့္ထားတာျဖစ္တယ္လို႔ အႏုိင္ဂိုးရွင္ စတာလင္ ခ်ီးက်ဴးသြားခဲ့။

– လီဗာပူးလ္နဲ႔ အဓိကေနာက္ခံလူ ဗန္ဒုိက္ရဲ႕ ဒူးအရြတ္စုတ္ျပဲတဲ့ ဒဏ္ရာက မန္စီးတီးနဲ႔ လာေပါ့တ္တုိ႔ရဲ႕ ျဖစ္ရပ္နဲ႔ ထပ္တူညီေနၿပီး ခ်န္ပီယံ ကာကြယ္မယ့္သူအေနနဲ႔ ပရီးမီးယားလိဂ္ကို လက္လႊတ္လိုက္ရေတာ့မွာလားလို႔ စကိုင္းစပုိ႔စ္မွာ ေဆြးေႏြးသြားခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို အစားထိုးဖို့ဆိုရင် ပီအက်စ်ဂျီရဲ့ ပေါင် ၁၆၂ သန်းတန် တိုက်စစ်မှူး ခိုင်လျန် အမ်ဘာပေတစ်ဦးတည်းကသာ သင့်လျော်မှာဖြစ်တယ်လို့ အပြောင်းအရွှေ့ခန့်မှန်းသူ ဒန်ကန် ကတ်ဆယ်လ်ပြောကြား။

– အာဆင်နယ်နဲ့ပွဲမှာ အမျိုးသမီးလက်ထောက်ဒိုင်ရဲ့ လည်ပင်းကို ကိုင်ခဲ့တဲ့ ဆာဂျီယို အဂွေရိုရဲ့ လုပ်ရပ်ဟာ စိတ်ပျက်စရာဖြစ်ပြီး တာဝန်ရှိသူတစ်ဦးကို နှိမ်ချဆက်ဆံချင်တဲ့ ပုံစံဖြစ်တယ်လို့ ဒတ်ချ်ဂျာနယ်လစ် ဒရီးစ်ဆန်က ဆိုလိုက်သလို ဒီလိုအမှတ်ပေးပြိုင်ပွဲကြီးမှာ ဒါကို အရေးမယူဘူးဆိုတာက မဖြစ်သင့်ဘူးလို့လည်း ဝေဖန်။

– စကိုင်းစပို့စ်ရဲ့ ဘောလုံးကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဂယ်ရီ နဗီးလ်က မန်ချက်စတာစီးတီး တိုက်စစ်မှူး အဂွေရိုအနေနဲ့ သူ့အမှားကို သူသိပြီး လက်ထောက်ဒိုင် ဆီယန် မက်ဆီ-အဲလစ္စကို လေးလေးစားစား တောင်းပန်ဖို့ တိုက်တွန်းသွားခဲ့။

– လီဗာပူးလ်ကစားသမားဟောင်း ဂျေမီ ကာရေဂါက အသင်းဟောင်းရဲ့ နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ရဲ့ ရာသီကုန်အထိ နားရတော့မယ့် ဒဏ်ရာဟာ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မယ့်အသင်းတွေ ပိုမိုများပြားလာစေကြောင်းနဲ့ ချန်ပီယံကာကွယ်ဖို့ ခက်ခဲစေကြောင်း သုံးသပ်။

– ဂျူဗင်တပ်စ်အသင်းရဲ့ နည်းပြအဖြစ် ဒီရာသီမှာ ခန့်အပ်ခံခဲ့ရတဲ့ ကွင်းလယ်လူဟောင်း အန်ဒရီးယား ပီယာလိုက သူ့အနေနဲ့ မန်စီးတီး နည်းပြ ပက်ပ် ဂွါဒီယိုလာရဲ့ ခြေရာကို နင်းနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး သူဟာ နည်းပြတိုင်းရဲ့ အတုယူစရာဖြစ်တယ်လို့ဆို။

– အာဆင်နယ်အသင်းနဲ့ ကစားရတာဟာ တကယ်ပဲ ခက်ခဲခဲ့သလို သူတို့အနေနဲ့လည်း အခွင့်အရေးတွေ ပြန်ပေးခဲ့ရကြောင်း၊ ကြည့်ရတာ မီခယ်လ် (အာတီတာ)ရဲ့ အသင်းဟာ တော်တော်လေးကို ကောင်းမွန်အောင် လေ့ကျင့်ထားတာဖြစ်တယ်လို့ အနိုင်ဂိုးရှင် စတာလင် ချီးကျူးသွားခဲ့။

– လီဗာပူးလ်နဲ့ အဓိကနောက်ခံလူ ဗန်ဒိုက်ရဲ့ ဒူးအရွတ်စုတ်ပြဲတဲ့ ဒဏ်ရာက မန်စီးတီးနဲ့ လာပေါ့တ်တို့ရဲ့ ဖြစ်ရပ်နဲ့ ထပ်တူညီနေပြီး ချန်ပီယံ ကာကွယ်မယ့်သူအနေနဲ့ ပရီးမီးယားလိဂ်ကို လက်လွှတ်လိုက်ရတော့မှာလားလို့ စကိုင်းစပို့စ်မှာ ဆွေးနွေးသွားခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.