Premier League Transfer News

အက္သလက္တစ္ရဲ႕ ေနာက္ဆုံးရ ပရီးမီးယားလိဂ္သတင္းမ်ား

– ဒီရာသီမွာ ကလပ္နဲ႔ ႏုိင္ငံအတြက္ ၈ ပြဲမွာ ၅ ဂိုးသြင္းယူေပးထားခဲ့တဲ့ တုိက္စစ္မွဴး ဒန္နီအင္းစ္ကို စိန္႔ေမရီကြင္းမွာ ႏွစ္ရွည္လမ်ား ဆက္လက္ရွိေနေစဖို႔ ေဆာက္သမ္တန္အသင္းအေနနဲ႔ စာခ်ဳပ္သစ္ ကမ္းလွမ္းသြားဖို႔ရွိေနၿပီး ကစားသမားဘက္ကလည္း သေဘာတူညီဖြယ္ရွိေန။

– အက္ဖ္ေအအေနနဲ႔ ေဝဖန္မွဳေတြ ျမင့္တက္ေနေပမယ့္ အဲဗာတန္ဂိုးသမား ေဂ်ာ္ဒန္ ပစ္ခ္ဖို႔ဒ္ကို လီဗာပူးလ္ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ကို ဒဏ္ရာရရွိေစခဲ့တဲ့ ဖ်က္ထုတ္မွဳအတြက္ အေရးမယူဖို႔ ဆုံးျဖတ္ခဲ့ၿပီး လူကၽြံေဘာျဖစ္ေနခဲ့တဲ့ အခ်က္ကိုပဲ ကိုင္စြဲသြားခဲ့ေၾကာင္း သိရ။

– စပါးစ္အသင္းအေနနဲ႔ အေျပာင္းအေရႊ႕ေနာက္ဆုံးရက္မွာ ဆြမ္းဆီးအသင္းကေန ေခၚယူခဲ့တဲ့ ေနာက္ခံလူ ဂ်ဳိး႐ိုဒန္အတြက္ သူ႕ကို ေကာင္းေကာင္းသိၿပီးျဖစ္ၾကတဲ့ ေဝးလ္စ္လက္ေရြးစင္အသင္းေခါင္းေဆာင္ ဂါရက္ေဘးလ္နဲ႔ ေနာက္ခံလူ ဘန္ေဒးဗီးစ္တုိ႔ရဲ႕ အခန္းက႑ကလည္း ေခၚယူဖို႔မွာ အေရးပါခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ နယူးကာဆယ္လ္ယူႏုိက္တက္နဲ႔ပြဲမွာ သြင္းဂိုးတစ္ဂိုး ရယူေပးခဲ့တဲ့ ေနာက္ခံလူ အာရြန္ ဝန္ဘစ္ဆာကာအေနနဲ႔ ဒီဂိုးအတြက္ ထူးထူးျခားျခား ေဘာနပ္စ္ ခံစားခြင့္ေတာ့ မရွိခဲ့ဘူးလို႔ သိရၿပီး ပဲေလ့စ္က ေျပာင္းေရႊ႕လာစဥ္က ခ်ဳပ္ဆုိခဲ့တဲ့ စာခ်ဳပ္ထဲမွာ ဒီအတြက္ ခံစားခြင့္ မပါဝင္ဘူးလို႔ဆုိ။

– ဥေရာပသမဂၢကေန ထြက္ခြာလာခဲ့တဲ့ ၿဗိတိန္ရဲ႕ Brexit ဆုံးျဖတ္ခ်က္ေၾကာင့္ လက္ရွိသတ္မွတ္ထားတဲ့ ငယ္ေမြးၿခံေပါက္ကစားသမား စည္းမ်ဥ္း Homegrown Player ခြဲတမ္းျဖစ္တဲ့ ၇:၁၈ က ေျပာင္းလဲသြားႏုိင္ၿပီး ၂၀၃၀ ကမာၻ႕ဖလားအိမ္ရွင္အျဖစ္ ယွဥ္ၿပဳိင္မယ့္ အဂၤလန္ အေနနဲ႔ ေဘာလုံးသမား အလုပ္လုပ္ခြင့္ပါမစ္ေတြကိုပါ တင္းက်ပ္ဖြယ္ရွိေန။

– ေနာက္ခံလူ ႐ူဒီဂါကို အငွားနဲ႔ ေခၚယူခ်င္ခဲ့တဲ့ အဲဗာတန္အသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းဘက္ကေန တစ္ႏွစ္အငွားေၾကး ေပါင္ ၅ သန္း၊ ကစားသမားရဲ႕ တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းခြဲတုိ႔ေၾကာင့္ ေပါင္ ၁၂ သန္းခြဲေက်ာ္ က်သင့္ႏုိင္တဲ့ ေတာင္းဆုိမွဳေၾကာင့္ ေနာက္ဆုတ္ခဲ့ရ။

– အာဆင္နယ္အသင္းက စိတ္ဝင္စားခဲ့တယ္လုိ႔ သတင္းေတြ ထြက္ေပၚခဲ့တဲ့ ဆဲလ္တစ္တုိက္စစ္မွဴး ေအာ့ဒ္ဆြန္း ေအဒူယာအတြက္ အေျပာင္းအေရႊ႕ကာလအတြင္း ကမ္းလွမ္းမွဳ တစ္ခုသာ ရရွိခဲ့တယ္လို႔ဆုိခဲ့ၿပီး အက္စတန္ဗီလာနဲ႔ ခရစၥတယ္လ္ပဲေလ့စ္တုိ႔ထဲက တစ္သင္းျဖစ္ဖြယ္ရွိတယ္လုိ႔ဆို။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဒီရာသီမှာ ကလပ်နဲ့ နိုင်ငံအတွက် ၈ ပွဲမှာ ၅ ဂိုးသွင်းယူပေးထားခဲ့တဲ့ တိုက်စစ်မှူး ဒန်နီအင်းစ်ကို စိန့်မေရီကွင်းမှာ နှစ်ရှည်လများ ဆက်လက်ရှိနေစေဖို့ ဆောက်သမ်တန်အသင်းအနေနဲ့ စာချုပ်သစ် ကမ်းလှမ်းသွားဖို့ရှိနေပြီး ကစားသမားဘက်ကလည်း သဘောတူညီဖွယ်ရှိနေ။

– အက်ဖ်အေအနေနဲ့ ဝေဖန်မှုတွေ မြင့်တက်နေပေမယ့် အဲဗာတန်ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်ကို လီဗာပူးလ်နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ကို ဒဏ်ရာရရှိစေခဲ့တဲ့ ဖျက်ထုတ်မှုအတွက် အရေးမယူဖို့ ဆုံးဖြတ်ခဲ့ပြီး လူကျွံဘောဖြစ်နေခဲ့တဲ့ အချက်ကိုပဲ ကိုင်စွဲသွားခဲ့ကြောင်း သိရ။

– စပါးစ်အသင်းအနေနဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဆွမ်းဆီးအသင်းကနေ ခေါ်ယူခဲ့တဲ့ နောက်ခံလူ ဂျိုးရိုဒန်အတွက် သူ့ကို ကောင်းကောင်းသိပြီးဖြစ်ကြတဲ့ ဝေးလ်စ်လက်ရွေးစင်အသင်းခေါင်းဆောင် ဂါရက်ဘေးလ်နဲ့ နောက်ခံလူ ဘန်ဒေးဗီးစ်တို့ရဲ့ အခန်းကဏ္ဍကလည်း ခေါ်ယူဖို့မှာ အရေးပါခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းအတွက် နယူးကာဆယ်လ်ယူနိုက်တက်နဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့တဲ့ နောက်ခံလူ အာရွန် ဝန်ဘစ်ဆာကာအနေနဲ့ ဒီဂိုးအတွက် ထူးထူးခြားခြား ဘောနပ်စ် ခံစားခွင့်တော့ မရှိခဲ့ဘူးလို့ သိရပြီး ပဲလေ့စ်က ပြောင်းရွှေ့လာစဉ်က ချုပ်ဆိုခဲ့တဲ့ စာချုပ်ထဲမှာ ဒီအတွက် ခံစားခွင့် မပါဝင်ဘူးလို့ဆို။

– ဥရောပသမဂ္ဂကနေ ထွက်ခွာလာခဲ့တဲ့ ဗြိတိန်ရဲ့ Brexit ဆုံးဖြတ်ချက်ကြောင့် လက်ရှိသတ်မှတ်ထားတဲ့ ငယ်မွေးခြံပေါက်ကစားသမား စည်းမျဉ်း Homegrown Player ခွဲတမ်းဖြစ်တဲ့ ၇:၁၈ က ပြောင်းလဲသွားနိုင်ပြီး ၂၀၃၀ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ယှဉ်ပြိုင်မယ့် အင်္ဂလန် အနေနဲ့ ဘောလုံးသမား အလုပ်လုပ်ခွင့်ပါမစ်တွေကိုပါ တင်းကျပ်ဖွယ်ရှိနေ။

– နောက်ခံလူ ရူဒီဂါကို အငှားနဲ့ ခေါ်ယူချင်ခဲ့တဲ့ အဲဗာတန်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းဘက်ကနေ တစ်နှစ်အငှားကြေး ပေါင် ၅ သန်း၊ ကစားသမားရဲ့ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းခွဲတို့ကြောင့် ပေါင် ၁၂ သန်းခွဲကျော် ကျသင့်နိုင်တဲ့ တောင်းဆိုမှုကြောင့် နောက်ဆုတ်ခဲ့ရ။

– အာဆင်နယ်အသင်းက စိတ်ဝင်စားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ဆဲလ်တစ်တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာအတွက် အပြောင်းအရွှေ့ကာလအတွင်း ကမ်းလှမ်းမှု တစ်ခုသာ ရရှိခဲ့တယ်လို့ဆိုခဲ့ပြီး အက်စတန်ဗီလာနဲ့ ခရစ္စတယ်လ်ပဲလေ့စ်တို့ထဲက တစ်သင်းဖြစ်ဖွယ်ရှိတယ်လို့ဆို။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.