Premier League

ဂိုးကောင်းကောင်း မသွင်းနိုင်ဘူးလို့ ဝန်ခံလိုက်တဲ့ ဂန်းနားကြယ်ပွင့်

အာဆင်နယ်တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေဆူးစ်က ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့ချိန်အတွင်း နောက်ထပ်တစ်ကြိမ် ဂိုးပေါက် ရှာမတွေ့ခဲ့တဲ့နောက် သွင်းဂိုးတွေက ၎င်းရဲ့ အားကောင်းတဲ့အရည်အချင်းမဟုတ်ဘူးလို့ ဝန်ခံခဲ့ပါတယ်။

ဂျေဆူးစ်ဟာ အင်္ဂါနေ့ညနေက အာဂျင်တီးနားကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဂိုးပေါက်ရှာမတွေ့ခဲ့ဘဲ လက်ရွေးစင်အသင်းအတွက် ဂိုးလုံးဝ မသွင်းနိုင်ခဲ့တဲ့ပွဲအရေအတွက်က ၉ ပွဲအထိ ရှိလာခဲ့ပြီဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ကလပ်အသင်းအဆင့်မှာတော့ ပိုမိုကောင်းမွန်တဲ့ ဂိုးသွင်းမှတ်တမ်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ဂျေဆူးစ်ဟာ အာဆင်နယ်အတွက် ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ် ၂၆ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ဘရာဇီးလ်အတွက်တော့ ၂၀၁၉ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ၂၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဂန်းနားကြယ်ပွင့်က အချိန်တစ်ခုရောက်ရင် ၎င်းရဲ့ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ကို ၂၀၁၈ ကမ္ဘာ့ဖလားအပြီးမှာ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တဲ့ အရာတွေအများကြီးရှိခဲ့ပါတယ်။ ကျွန်တော် အဲဒီတုန်းက ငယ်သေးပြီး မတူညီတဲ့ စိတ်ပိုင်းဆိုင်ရာလည်း ရှိခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်က ပိုပြီး ရင့်ကျက်တဲ့လူဖြစ်နေပြီ။ ပိုပြီးတော့ ဉာဏ်ပညာလည်း ရှိလာပြီ။ မိသားစုရှိတဲ့လူတစ်ယောက်ပါ။ ဘောလုံးက ကျွန်တော့်အတွက် ဦးစားပေးဆိုတာကို နားလည်ပါတယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံးကို လုပ်နိုင်ဖို့ လိုတယ်ဆိုတာကိုလည်း သိပါတယ်။ အထူးသဖြင့် ဘရာဇီးလ်အတွက်ပေ့ါ။ ကျွန်တော် ထိန်းချုပ်လို့မရနိုင်တဲ့အရာတွေရှိပါတယ်။ ကျွန်တော် လေ့ကျင့်တယ်။ ကျွန်တော် ကြိုးစားတယ်။ ကျွန်တော် ရွေ့လျားတယ်။ ကျွန်တော် အသင်းကို ကူညီတယ်”

“ဂိုးတွေက ကျွန်တော့်ရဲ့ အားကောင်းတဲ့အရည်အချင်းမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဂိုးတွေ သွင်းပါတယ်။ ကျွန်တော် ဂိုးတွေသွင်းယူဖို့ ရှိနေတာပါ။ ကျွန်တော်လက်ရွေးစင်အသင်းမှာ အများကြီး သွင်းယူခဲ့ပါတယ်။ ကျွန်တော် နောက်ထပ်တစ်ကြိမ် ဂိုးသွင်းယူတဲ့အခါကျရင် အဲဒါက ဖြစ်လာမှာပါ။ အဲဒါက အလုပ်ပဲ။ ကျွန်တော် တိတ်တိတ်ဆိတ်ဆိတ်ပဲ အလုပ်လုပ်တယ်။ ကျွန်တော်က ဝေဖန်မှုတွေကို တုံ့ပြန်တတ်တဲ့သူမဟုတ်ပါဘူး။ ကျွန်တော်က ချီးကျူးစကားတွေနဲ့ ပျော်နေတဲ့သူလည်း မဟုတ်ပါဘူး။ ကျွန်တော် အရင်တုန်းက ဖြစ်ခဲ့ရင်တောင် အခုအဲဒီလို မဟုတ်တော့ဘူး။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္တိုက္စစ္မႉး ဂါဘရီယဲလ္ ေဂ်ဆူးစ္က ဘရာဇီးလ္လက္ေ႐ြးစင္အသင္းအတြက္ ကစားေပးခဲ့ခ်ိန္အတြင္း ေနာက္ထပ္တစ္ႀကိမ္ ဂိုးေပါက္ ရွာမေတြ႕ခဲ့တဲ့ေနာက္ သြင္းဂိုးေတြက ၎ရဲ႕ အားေကာင္းတဲ့အရည္အခ်င္းမဟုတ္ဘူးလို႔ ဝန္ခံခဲ့ပါတယ္။

ေဂ်ဆူးစ္ဟာ အဂၤါေန႔ညေနက အာဂ်င္တီးနားကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ဂိုးေပါက္ရွာမေတြ႕ခဲ့ဘဲ လက္ေ႐ြးစင္အသင္းအတြက္ ဂိုးလုံးဝ မသြင္းႏိုင္ခဲ့တဲ့ပြဲအေရအတြက္က ၉ ပြဲအထိ ရွိလာခဲ့ၿပီျဖစ္ၿပီး အသက္ ၂၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ကလပ္အသင္းအဆင့္မွာေတာ့ ပိုမိုေကာင္းမြန္တဲ့ ဂိုးသြင္းမွတ္တမ္းပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

ေဂ်ဆူးစ္ဟာ အာဆင္နယ္အတြက္ ၿပီးခဲ့တဲ့ရာသီမွာ ပရီးမီးယားလိဂ္ ၂၆ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁၁ ဂိုး သြင္းယူေပးႏိုင္ခဲ့ေပမယ့္လည္း ဘရာဇီးလ္အတြက္ေတာ့ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလေနာက္ပိုင္း ၂၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁ ဂိုးသာ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ဂန္းနားၾကယ္ပြင့္က အခ်ိန္တစ္ခုေရာက္ရင္ ၎ရဲ႕ ဂိုးေပါက္ေပ်ာက္ဆုံးေနမႈကို အဆုံးသတ္ႏိုင္လိမ့္မယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ့္ကို ၂၀၁၈ ကမာၻ႔ဖလားအၿပီးမွာ စိတ္အေႏွာင့္အယွက္ျဖစ္ေစခဲ့တဲ့ အရာေတြအမ်ားႀကီးရွိခဲ့ပါတယ္။ ကြၽန္ေတာ္ အဲဒီတုန္းက ငယ္ေသးၿပီး မတူညီတဲ့ စိတ္ပိုင္းဆိုင္ရာလည္း ရွိခဲ့ပါတယ္။ ဒီေန႔မွာေတာ့ ကြၽန္ေတာ္က ပိုၿပီး ရင့္က်က္တဲ့လူျဖစ္ေနၿပီ။ ပိုၿပီးေတာ့ ဉာဏ္ပညာလည္း ရွိလာၿပီ။ မိသားစုရွိတဲ့လူတစ္ေယာက္ပါ။ ေဘာလုံးက ကြၽန္ေတာ့္အတြက္ ဦးစားေပးဆိုတာကို နားလည္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ အေကာင္းဆုံးကို လုပ္ႏိုင္ဖို႔ လိုတယ္ဆိုတာကိုလည္း သိပါတယ္။ အထူးသျဖင့္ ဘရာဇီးလ္အတြက္ေပ့ါ။ ကြၽန္ေတာ္ ထိန္းခ်ဳပ္လို႔မရႏိုင္တဲ့အရာေတြရွိပါတယ္။ ကြၽန္ေတာ္ ေလ့က်င့္တယ္။ ကြၽန္ေတာ္ ႀကိဳးစားတယ္။ ကြၽန္ေတာ္ ေ႐ြ႕လ်ားတယ္။ ကြၽန္ေတာ္ အသင္းကို ကူညီတယ္”

“ဂိုးေတြက ကြၽန္ေတာ့္ရဲ႕ အားေကာင္းတဲ့အရည္အခ်င္းမဟုတ္ဘူးလို႔ ယုံၾကည္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ဂိုးေတြ သြင္းပါတယ္။ ကြၽန္ေတာ္ ဂိုးေတြသြင္းယူဖို႔ ရွိေနတာပါ။ ကြၽန္ေတာ္လက္ေ႐ြးစင္အသင္းမွာ အမ်ားႀကီး သြင္းယူခဲ့ပါတယ္။ ကြၽန္ေတာ္ ေနာက္ထပ္တစ္ႀကိမ္ ဂိုးသြင္းယူတဲ့အခါက်ရင္ အဲဒါက ျဖစ္လာမွာပါ။ အဲဒါက အလုပ္ပဲ။ ကြၽန္ေတာ္ တိတ္တိတ္ဆိတ္ဆိတ္ပဲ အလုပ္လုပ္တယ္။ ကြၽန္ေတာ္က ေဝဖန္မႈေတြကို တုံ႔ျပန္တတ္တဲ့သူမဟုတ္ပါဘူး။ ကြၽန္ေတာ္က ခ်ီးက်ဴးစကားေတြနဲ႔ ေပ်ာ္ေနတဲ့သူလည္း မဟုတ္ပါဘူး။ ကြၽန္ေတာ္ အရင္တုန္းက ျဖစ္ခဲ့ရင္ေတာင္ အခုအဲဒီလို မဟုတ္ေတာ့ဘူး။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.