Premier League

မန်စီးတီးကို စွန့်ခွာတော့မယ်လို့ သဲလွန်စပေးခဲ့တဲ့ ဂွါဒီယိုလာ

ပပ် ဂွါဒီယိုလာဟာ ဘရိုက်တန်ကစားသမားတွေကို ရောဘတ်တို ဒီဇာဘီက မန်ချက်စတာစီးတီး နည်းပြသစ် ဖြစ်လာမယ့်သူလို့ ပြောကြားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒီဇာဘီဟာ လွန်ခဲ့တဲ့ ၁၃ လတုန်းက ဘရိုက်တန်နည်းပြ ရာထူးကို ဆက်ခံခဲ့ပြီးကတည်းက အကောင်းဆုံးအလုပ်ကို လုပ်ခဲ့သူဖြစ်ပြီး စင်ရော်တွေကို ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရာသီပြီးဆုံးနိုင်အောင် ကူညီပေးနိုင်ခဲ့ပြီးနောက် အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဥရောပဝင်ခွင့် ရခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်ဟာ နည်းပြ ဒီဇာဘီလက်အောက်မှာ ပရီးမီးယားလိဂ်ရဲ့ ဆွဲဆောင်မှုအရှိဆုံး အသင်းတွေထဲက တစ်သင်းအဖြစ် ယူဆခြင်းခံခဲ့ရတာဖြစ်ပြီး အဓိကကစားသမားတွေဖြစ်တဲ့ ကိုင်ဆေဒိုနဲ့ မက္ကယ်လစ္စတာတို့ ထွက်သွားတာတောင် ဟန်ချက်မပျက်အောင် ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလတုန်းက အေးမက်စ်ကွင်းမှာ မန်စီးတီး သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ဂွါဒီယိုလာက ဥမင်လျှောက်လမ်းထဲမှာ ဘရိုက်တန်ကစားသမားအနည်းငယ်နဲ့ စကားပြောဆိုခဲ့ချိန်အတွင်း ရောဘတ်တို ဒီဇာဘီရှိရာဘက်ကို ခေါင်းဆတ်ပြပြီး အဲဒါက နောက်ကျ မန်စီးတီးနည်းပြဖြစ်လာမယ့်သူပဲလို့ ပြောဆိုခဲ့တယ်လို့ The Telegraph က ဖော်ပြခဲ့ပါတယ်။

ဒီဇာဘီကို မန်စီးတီးထိပ်ပိုင်းတာဝန်ရှိသူတွေက အလွန်နှစ်သက်သဘောကျနေပြီး ၂၀၂၅ ခုနှစ်မှာ သက်တမ်းကုန်တော့မယ့် ဂွါဒီယိုလာရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ အလားအလာရှိပေမယ့်လည်း ဘရိုက်တန်နည်းပြက အစ်တီဟတ်မှာ နည်းပြသစ်ဖြစ်မလာဘူးလို့ ငြင်းလို့မရနိုင်ဘူးလို့လည်း ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပပ္ ဂြါဒီယိုလာဟာ ဘ႐ိုက္တန္ကစားသမားေတြကို ေရာဘတ္တို ဒီဇာဘီက မန္ခ်က္စတာစီးတီး နည္းျပသစ္ ျဖစ္လာမယ့္သူလို႔ ေျပာၾကားခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဒီဇာဘီဟာ လြန္ခဲ့တဲ့ ၁၃ လတုန္းက ဘ႐ိုက္တန္နည္းျပ ရာထူးကို ဆက္ခံခဲ့ၿပီးကတည္းက အေကာင္းဆုံးအလုပ္ကို လုပ္ခဲ့သူျဖစ္ၿပီး စင္ေရာ္ေတြကို ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၆ ေနရာမွာ ရာသီၿပီးဆုံးႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့ၿပီးေနာက္ အသင္းသမိုင္းတေလွ်ာက္ ပထမဆုံးအႀကိမ္ ဥေရာပဝင္ခြင့္ ရခဲ့တာျဖစ္ပါတယ္။

ဘ႐ိုက္တန္ဟာ နည္းျပ ဒီဇာဘီလက္ေအာက္မွာ ပရီးမီးယားလိဂ္ရဲ႕ ဆြဲေဆာင္မႈအရွိဆုံး အသင္းေတြထဲက တစ္သင္းအျဖစ္ ယူဆျခင္းခံခဲ့ရတာျဖစ္ၿပီး အဓိကကစားသမားေတြျဖစ္တဲ့ ကိုင္ေဆဒိုနဲ႔ မကၠယ္လစၥတာတို႔ ထြက္သြားတာေတာင္ ဟန္ခ်က္မပ်က္ေအာင္ ထိန္းသိမ္းထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေမလတုန္းက ေအးမက္စ္ကြင္းမွာ မန္စီးတီး သြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ ဂြါဒီယိုလာက ဥမင္ေလွ်ာက္လမ္းထဲမွာ ဘ႐ိုက္တန္ကစားသမားအနည္းငယ္နဲ႔ စကားေျပာဆိုခဲ့ခ်ိန္အတြင္း ေရာဘတ္တို ဒီဇာဘီရွိရာဘက္ကို ေခါင္းဆတ္ျပၿပီး အဲဒါက ေနာက္က် မန္စီးတီးနည္းျပျဖစ္လာမယ့္သူပဲလို႔ ေျပာဆိုခဲ့တယ္လို႔ The Telegraph က ေဖာ္ျပခဲ့ပါတယ္။

ဒီဇာဘီကို မန္စီးတီးထိပ္ပိုင္းတာဝန္ရွိသူေတြက အလြန္ႏွစ္သက္သေဘာက်ေနၿပီး ၂၀၂၅ ခုႏွစ္မွာ သက္တမ္းကုန္ေတာ့မယ့္ ဂြါဒီယိုလာရဲ႕ စာခ်ဳပ္ကို သက္တမ္းတိုးဖို႔ အလားအလာရွိေပမယ့္လည္း ဘ႐ိုက္တန္နည္းျပက အစ္တီဟတ္မွာ နည္းျပသစ္ျဖစ္မလာဘူးလို႔ ျငင္းလို႔မရႏိုင္ဘူးလို႔လည္း ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.