Premier League

လီဗာပူးလ်နဲ့ အာဆင်နယ်တို့ကြားထဲက ကြီးမားတဲ့ကွာခြားချက်ကို ပြောပြခဲ့တဲ့ ချိန်ဘာလိန်

အဲလက်စ် အောက်စ်လိတ်ဒ်-ချိန်ဘာလိန်က အသင်းဟောင်း နှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ကြားက ကြီးမားတဲ့ ကွာခြားချက်ကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ ချိန်ဘာလိန်ဟာ အာဆင်နယ်ကနေ လီဗာပူးလ်ကို ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး အန်းဖီးမှာ ၆ နှစ်ကြာ ကစားခဲ့ပြီးနောက် ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်တောင်ပံကစားသမားဟာ တူရကီကလပ် ဘက်ရှစ်တက်ရှ်ကို ပြောင်းရွှေ့ဖို့ လီဗာပူးလ်ကို စွန့်ခွာခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ The Athletic နဲ့ ပြုလုပ်ခဲ့တဲ့ မကြာသေးမီက အင်တာဗျူးထဲမှာ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ကြား စိတ်ဓာတ်ပိုင်းမှာ ကြီးမားတဲ့ ကွာခြားချက်ရှိတဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်မှာ ကျွန်တော်တို့ ပွဲကြီးပွဲကောင်းတွေကို ကစားတော့မယ်ဆိုရင် ဒီပွဲက တကယ်ကို ခက်ခဲတော့မှာပဲဆိုတဲ့ အတွေးနဲ့ အမြဲတမ်း ကစားခဲ့ရတယ်။ ဒါက လီဗာပူးလ်မှာ ကြီးမားတဲ့ ကွာခြားချက်ဖြစ်ခဲ့တယ်။ ပထမဆုံးရာသီ(၂၀၁၇-၂၀၁၈)မှာ ကျွန်တော်တို့ လူမသိသူမသိဖြစ်နေတဲ့အချိန်မှာတောင် မယုံနိုင်စရာကောင်းလောက်အောင် ပြီးပြည့်စုံပြီး တခြားဘာမှ ဖြစ်လာစရာမရှိဘဲ နိုင်ပွဲရအောင်ကစားဖို့ပဲ အာရုံစိုက်ခဲ့တယ်။ဘာလို့လဲ ကျွန်တော် မသိဘူး။ ဒါပေမယ့် လီဗာပူးလ်မှာ ပွဲကြီးတွေ ကစားရတဲ့အချိန်မှာ ကျွန်တော်တို့ အနိုင်ရမယ်ဆိုတာကို သိနေခဲ့ပြီးသားဖြစ်နေပါတယ်”

အာဆင်နယ်နဲ့အတူ ရှိနေခဲ့တဲ့အချိန်တွေနဲ့ပတ်သက်ပြီးလည်း ချိန်ဘာလိန်က “ကျွန်တော်တို့ အက်ဖ်အေဖလားတွေ ရရှိခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ရခဲ့သင့်တဲ့အရာတွေကို ဘယ်တုန်းကမှ မရခဲ့တာဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့မှာ မယုံနိုင်စရာ အရည်အသွေးရှိခဲ့ပါတယ်။ ဘောလုံးအပိုင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ လုပ်ဖို့လိုအပ်တာတွေ အားလုံးရှိခဲ့တယ်။ ကျွန်တော်တို့မှာ ပျောက်ဆုံးနေတာက ယုံကြည်မှုလား။ ခက်ထန်မှုလား။ အညှာအတာကင်းမဲ့မှုလား။ ကျွန်တော် မသိဘူး။ အဲဒီထဲက နည်းနည်းစီ လိုနေတာလည်း ဖြစ်နိုင်ပါတယ်”

အသက် ၃၀ အရွယ် ကစားသမားက လက်စတာစီးတီးရဲ့ ပရီးမီးယားလိဂ်အောင်ပွဲက ၎င်းရဲ့ အာဆင်နယ်ကစားသမားဘဝအတွင်း စိတ်ပျက်စရာအကောင်းဆုံး အခိုက်အတန့်ဖြစ်ခဲ့တယ်လို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ ဇန်နဝါရီမှာ ဇယားထိပ်ဆုံးမှာရှိနေခဲ့ပြီး တခြား အသင်းကြီးလို့ ခေါ်တဲ့ အသင်းတွေက အဲဒီနှစ်မှာ ကောင်းကောင်း မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရခဲ့သင့်တဲ့ပွဲစဉ်တွေမှာ ရှုံးနိမ့်ခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲလက္စ္ ေအာက္စ္လိတ္ဒ္-ခ်ိန္ဘာလိန္က အသင္းေဟာင္း ႏွစ္သင္းျဖစ္တဲ့ အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ၾကားက ႀကီးမားတဲ့ ကြာျခားခ်က္ကို ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္မွာ ခ်ိန္ဘာလိန္ဟာ အာဆင္နယ္ကေန လီဗာပူးလ္ကို ေပါင္သန္း ၄၀ နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီး အန္းဖီးမွာ ၆ ႏွစ္ၾကာ ကစားခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ အက္ဖ္ေအဖလား၊ လိဂ္ဖလားတို႔ကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အဂၤလန္ေတာင္ပံကစားသမားဟာ တူရကီကလပ္ ဘက္ရွစ္တက္ရွ္ကို ေျပာင္းေ႐ႊ႕ဖို႔ လီဗာပူးလ္ကို စြန႔္ခြာခဲ့သူျဖစ္ၿပီး လက္ရွိမွာေတာ့ The Athletic နဲ႔ ျပဳလုပ္ခဲ့တဲ့ မၾကာေသးမီက အင္တာဗ်ဴးထဲမွာ လီဗာပူးလ္နဲ႔ အာဆင္နယ္တို႔ၾကား စိတ္ဓာတ္ပိုင္းမွာ ႀကီးမားတဲ့ ကြာျခားခ်က္ရွိတဲ့အေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“အာဆင္နယ္မွာ ကြၽန္ေတာ္တို႔ ပြဲႀကီးပြဲေကာင္းေတြကို ကစားေတာ့မယ္ဆိုရင္ ဒီပြဲက တကယ္ကို ခက္ခဲေတာ့မွာပဲဆိုတဲ့ အေတြးနဲ႔ အၿမဲတမ္း ကစားခဲ့ရတယ္။ ဒါက လီဗာပူးလ္မွာ ႀကီးမားတဲ့ ကြာျခားခ်က္ျဖစ္ခဲ့တယ္။ ပထမဆုံးရာသီ(၂၀၁၇-၂၀၁၈)မွာ ကြၽန္ေတာ္တို႔ လူမသိသူမသိျဖစ္ေနတဲ့အခ်ိန္မွာေတာင္ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ ၿပီးျပည့္စုံၿပီး တျခားဘာမွ ျဖစ္လာစရာမရွိဘဲ ႏိုင္ပြဲရေအာင္ကစားဖို႔ပဲ အာ႐ုံစိုက္ခဲ့တယ္။ဘာလို႔လဲ ကြၽန္ေတာ္ မသိဘူး။ ဒါေပမယ့္ လီဗာပူးလ္မွာ ပြဲႀကီးေတြ ကစားရတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ အႏိုင္ရမယ္ဆိုတာကို သိေနခဲ့ၿပီးသားျဖစ္ေနပါတယ္”

အာဆင္နယ္နဲ႔အတူ ရွိေနခဲ့တဲ့အခ်ိန္ေတြနဲ႔ပတ္သက္ၿပီးလည္း ခ်ိန္ဘာလိန္က “ကြၽန္ေတာ္တို႔ အက္ဖ္ေအဖလားေတြ ရရွိခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ရခဲ့သင့္တဲ့အရာေတြကို ဘယ္တုန္းကမွ မရခဲ့တာျဖစ္ပါလိမ့္မယ္။ ကြၽန္ေတာ္တို႔မွာ မယုံႏိုင္စရာ အရည္အေသြးရွိခဲ့ပါတယ္။ ေဘာလုံးအပိုင္းနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔မွာ လုပ္ဖို႔လိုအပ္တာေတြ အားလုံးရွိခဲ့တယ္။ ကြၽန္ေတာ္တို႔မွာ ေပ်ာက္ဆုံးေနတာက ယုံၾကည္မႈလား။ ခက္ထန္မႈလား။ အညႇာအတာကင္းမဲ့မႈလား။ ကြၽန္ေတာ္ မသိဘူး။ အဲဒီထဲက နည္းနည္းစီ လိုေနတာလည္း ျဖစ္ႏိုင္ပါတယ္”

အသက္ ၃၀ အ႐ြယ္ ကစားသမားက လက္စတာစီးတီးရဲ႕ ပရီးမီးယားလိဂ္ေအာင္ပြဲက ၎ရဲ႕ အာဆင္နယ္ကစားသမားဘဝအတြင္း စိတ္ပ်က္စရာအေကာင္းဆုံး အခိုက္အတန႔္ျဖစ္ခဲ့တယ္လို႔လည္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ဇန္နဝါရီမွာ ဇယားထိပ္ဆုံးမွာရွိေနခဲ့ၿပီး တျခား အသင္းႀကီးလို႔ ေခၚတဲ့ အသင္းေတြက အဲဒီႏွစ္မွာ ေကာင္းေကာင္း မလုပ္ႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့သင့္တဲ့ပြဲစဥ္ေတြမွာ ရႈံးနိမ့္ခဲ့ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.