MLS Messi

မက်ဆီရဲ့မေဂျာလိဂ်အပေါ် အကျိုးသက်ရောက်မှုကို ထုံးစံအတိုင်း ပြောချလိုက်တဲ့ ဇလာတန်

ဇလာတန် အီဘရာဟီမိုဗစ်ဟာ ယူအက်စ်အေမှာ ဘောလုံးကို လူကြိုက်များကျော်ကြားလာအောင် အကျိုးသက်ရောက်မှု ပြသနေတာကို ချီးကျူးခဲ့ပြီး မေဂျာလိဂ်ကို စွန့်ခွာပြီးနောက် ပြောဆိုခဲ့တဲ့ ၎င်းရဲ့ ကျော်ကြားတဲ့ ဘေ့စ်ဘောစကားကို ကိုးကားပြီး မှတ်ချက်ပေးခဲ့ပါတယ်။

ကစားသမားဘဝကနေ အနားယူခဲ့ပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ဟာ မေဂျာလိဂ်ကလပ် အယ်လ်အေ ဂလက်ဆီအတွက် ၂ နှစ်ကြာ ကစားပေးခဲ့ရာမှာ ၅၆ ပွဲမှာ ၅၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ယူအက်စ်ကို စွန့်ခွာပြီး အေစီမီလန်ကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အင်တာ မိုင်ယာမီကို လီယွန်နယ် မက်ဆီ ရောက်ရှိလာမှုအပေါ် ၎င်းရဲ့ ထင်မြင်ချက်ကို ပေးလိုက်ပြီဖြစ်ပြီး အမေရိကန်နိုင်ငံက ပရိသတ်တွေအတွက် ဝမ်းမြောက်ပျော်ရွှင်မှုကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့် မေဂျာလိဂ်ကို ရောက်ရှိလာပြီးကတည်းက ဘောလုံးအပေါ် စိတ်အားထက်သန်တဲ့ နိုင်ငံတလွှားက ပရိသတ်တွေဟာ ဘောလုံးကွင်းတကာကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး မက်ဆီလှိုင်းလုံးကြီးက တစ်နိုင်ငံလုံးကို ရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် သူတို့အတွက် ပျော်ရွှင်မိပါတယ်။ သူတို့တွေ နောက်ထပ်တစ်ကြိမ် ဘောလုံးကစားတာကို ကြည့်နိုင်ကြပြီပေါ့။ ကျွန်တော် မေဂျာလိဂ်ကို စွန့်ခွာခဲ့တဲ့အချိန်မှာ သူတို့တွေ ဘေ့စ်ဘောပွဲတွေ စကြည့်ခဲ့ရတာလေ”လို့ ရယ်မောဖွယ် ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဇလာတန္ အီဘရာဟီမိုဗစ္ဟာ ယူအက္စ္ေအမွာ ေဘာလုံးကို လူႀကိဳက္မ်ားေက်ာ္ၾကားလာေအာင္ အက်ိဳးသက္ေရာက္မႈ ျပသေနတာကို ခ်ီးက်ဴးခဲ့ၿပီး ေမဂ်ာလိဂ္ကို စြန႔္ခြာၿပီးေနာက္ ေျပာဆိုခဲ့တဲ့ ၎ရဲ႕ ေက်ာ္ၾကားတဲ့ ေဘ့စ္ေဘာစကားကို ကိုးကားၿပီး မွတ္ခ်က္ေပးခဲ့ပါတယ္။

ကစားသမားဘဝကေန အနားယူခဲ့ၿပီျဖစ္တဲ့ အီဘရာဟီမိုဗစ္ဟာ ေမဂ်ာလိဂ္ကလပ္ အယ္လ္ေအ ဂလက္ဆီအတြက္ ၂ ႏွစ္ၾကာ ကစားေပးခဲ့ရာမွာ ၅၆ ပြဲမွာ ၅၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မွာ ယူအက္စ္ကို စြန႔္ခြာၿပီး ေအစီမီလန္ကို ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အင္တာ မိုင္ယာမီကို လီယြန္နယ္ မက္ဆီ ေရာက္ရွိလာမႈအေပၚ ၎ရဲ႕ ထင္ျမင္ခ်က္ကို ေပးလိုက္ၿပီျဖစ္ၿပီး အေမရိကန္ႏိုင္ငံက ပရိသတ္ေတြအတြက္ ဝမ္းေျမာက္ေပ်ာ္႐ႊင္မႈကို ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားၾကယ္ပြင့္ ေမဂ်ာလိဂ္ကို ေရာက္ရွိလာၿပီးကတည္းက ေဘာလုံးအေပၚ စိတ္အားထက္သန္တဲ့ ႏိုင္ငံတလႊားက ပရိသတ္ေတြဟာ ေဘာလုံးကြင္းတကာကို လိုက္လံၾကည့္ရႈအားေပးခဲ့ၾကၿပီး မက္ဆီလႈိင္းလုံးႀကီးက တစ္ႏိုင္ငံလုံးကို ႐ိုက္ခတ္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ သူတို႔အတြက္ ေပ်ာ္႐ႊင္မိပါတယ္။ သူတို႔ေတြ ေနာက္ထပ္တစ္ႀကိမ္ ေဘာလုံးကစားတာကို ၾကည့္ႏိုင္ၾကၿပီေပါ့။ ကြၽန္ေတာ္ ေမဂ်ာလိဂ္ကို စြန႔္ခြာခဲ့တဲ့အခ်ိန္မွာ သူတို႔ေတြ ေဘ့စ္ေဘာပြဲေတြ စၾကည့္ခဲ့ရတာေလ”လို႔ ရယ္ေမာဖြယ္ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.